မြန်မာနိုင်ငံ၏ ကဏ္ဍစုံတွင် ရင်းနှီးမြုပ်နှံဖို့ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များ စိတ်ဝင်စား

မြန်မာနိုင်ငံ၏ ကဏ္ဍစုံတွင် ရင်းနှီးမြုပ်နှံဖို့ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များ စိတ်ဝင်စား
ဓာတ်ပုံ-ဇေယျာမော်

အမေရိကန် နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ကဏ္ဍစုံတွင် ရင်းနှီးမြုပ်နှံရန်စိတ်ဝင်စားကြောင်း US-ASEAN Business Council ၏ ဒါရိုက်တာ Anthony Nelson က နိုဝင်ဘာ ၁၇ရက် Chatrium Hotel တွင်ကျင်းပခဲ့သော 5th Myanmar Mission နှင့်ပက်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့ စွမ်းအင်တွေ များတဲ့အတွက် စွမ်းအင်ကဏ္ဍဆိုရင် အလွယ်တကူ ရင်းမြုပ်နှံနိုင်တယ်၊ ကျွန်တော်တို့အနေနဲ အမေရိကန် ကုမ္မဏီတွေအားလုံး ဒီကိုလာပြီး ရင်းနှီးမြုပ်နှံ စေချင်တယ်၊ သူတို့အနေနဲ့လည်း နည်းပညာကဏ္ဍ၊ အာမခံလုပ်ငန်း၊ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးကဏ္ဍတွေမှာ ရင်းနှီးမြုပ်နှံချင်ကြပါတယ်။ ကဏ္ဍတစ်ခု နှစ်ခု မကပါဘူး။ အားလုံးကို ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားနေတာပါ"ဟုMr. Anthony Nelson ကဆိုသည်။

အမေရိကန်နိုင်ငံများအနေဖြင့် ရင်းနှီးမြုပ်နှံမှုကို အလျင်စလိုမလုပ်ဘဲ ရေရှည်အတွက် ရင်းနှီး မြုပ်နှံလိုကြကြောင်းလည်း Mr. Anthony Nelson ကဆိုသည်။

အာဆီယံဒေသတွင်း နိုင်ငံတစ်ခုဖြစ်သည့် ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံကဲ့သို့ အလားသဏ္ဍာန်တူပြီး ဖွံ့ဖြိုးရန် ငါးနှစ်မှ ဆယ်နှစ်ခန့် ကြာမြင့်ခဲ့သည်ဟုလည်း သူကဆိုသည်။

အမေရိကန် အစိုးရအသစ်တက်လာသည်နှင့် ဖြစ်ပေါ်လာမည့် မူဝါဒနှင့်ပက်သက်၍  Anthony Nelsonက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အမေရိကန်အစိုးရမူဝါဒ သည် လက်ရှိတွင် ပြောရန် ခက်နေသေးသော်လည်း အမေရိကန်နှင့် မြန်မာဆက်ဆံရေးသည် ပြောင်းလဲမှုမရှိဘဲ ဆက်လက် ခိုင်မာနေမည်ဟုလည်း သူက ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly