အစိုုးရသစ်လက်ထက် မီဒီယာလွတ်လပ်ခွင့် အခြေအနေ တိုးတက်လာပြီလား (နိဂုံးပိုင်း)

အစိုုးရသစ်လက်ထက် မီဒီယာလွတ်လပ်ခွင့် အခြေအနေ တိုးတက်လာပြီလား (နိဂုံးပိုင်း)

ဟုတ်ကဲ့ပါ။ အဲတော့ အချိန်ကလည်း နဲနဲ နည်းနေတဲ့အတွက်ကြောင့်မို့ မအေးသူစံကို ကျွန်တော် မေးချင်တာက ခုနက ပြောခဲ့သလိုပဲ ကျွန်တော်တို့က ဥပဒေအရ သွားဖို့အတွက်ကလည်း ကျွန်တော်တို့က အချို့ဟာတွေက ကျင့်သုံးမှု အားနည်းနေတယ်။ အဲဒီလိုမျိုး ကျွန်တော်တို့ ဒီ သတင်းသမားတွေအတွက်က Valance ပေါ့ Right to Respond ပေးရတယ်။ အဲလိုမျိုး သတင်းအချက်အလက်က တစ်ဖက်ဖက်က များတဲ့အခါကျတော့ ဒီသတင်းရဲ့ Quality ပေါ့နော် ဘာတွေများ သက်ရောက်မှု ရှိတယ်ဆိုတာလေးကို နည်းနည်းလေး ဆွေးနွေးပေးပါလား။

ဒေါ်အေးသူစံ

7 Day နေ့စဉ်သတင်းစာ

ဟုတ်ကဲ့။ များသောအားဖြင့်တော့ ကျွန်မတို့ မျှော်လင့်ခဲ့တာကတော့ ဒီအစိုးရသစ်လက်ထက်မှာ ကျွန်မတို့ သတင်းတွေက ပိုပြီးတော့ Presentation အပိုင်းအရရော အများကြီး ပိုပြီး လုပ်နိုင်မယ်လို့လည်း မျှော်လင့်ခဲ့တယ်။ အထူးသဖြင့် ပြည်သူက ရွေးကောက်တင်မြောက်တဲ့ အစိုးရဖြစ်တဲ့အတွက် မပြောနိုင်စရာ မဖြေနိုင်စရာ ဘာအကြောင်းမှ မရှိဘူးလို့တော့ ကျွန်မတို့ ရိုးရိုးပဲ မျှော်လင့်ခဲ့တယ်ပေါ့။ ဒါပေမယ့် တကယ့်လက်တွေ့ ရင်ဆိုင်နေခဲ့ရတာကျတော့ မဖြစ်တဲ့အခါမှာ ကျွန်မတို့ သတင်းတင်ဆက်မှုအပိုင်းက သတင်းရဲ့ အရည်အသွေးပိုင်းက ပြီးခဲ့တဲ့ အစိုးရလက်ထက်နဲ့က ဘာမှ ကွာခြားမှု သိပ်မရှိဘူး။ တော်တော်လေးကို ရုန်းကန်ရတယ်။ အထူးသဖြင့် ကျွန်မတို့မှာ ဘာပြဿနာ ထပ်ကြံုရလဲဆိုတော့ Public censorship  ပေါ့နော်။ အရင်အစိုးရလက်ထက်တုန်းကတော့ censorship ရှိတယ်။ ဒီအစိုးရလက်ထက်မှာကျတော့ ပြည်သူက ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရဖြစ်တဲ့အတွက်ကြောင့် အစိုးရနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့ တစ်ခုခုကို ဝေဖန်တယ် ထောက်ပြတယ်ဆိုတဲ့ ဆောင်းပါးတွေ Feature တွေ Index တွေ Story တွေ ရေးတဲ့အခါမှာ အဲဒီပြဿနာက တော်တော်ကြီး ကြီးကြီးမားမား ကြံုတွေ့ရတယ်။ သတင်းတစ်ခုမှာ ဒီလို ဘက်နှစ်ဘက် မျှတဲ့အခါမှာ ကျွန်မတို့ကလည်း အစိုးရကို ဝေဖန်ထောက်ပြတဲ့ ဆောင်းပါး ဖြစ်နေတဲ့အခါမှာ အဲဒီပြဿနာက အများကြီး ကြံုရတယ်ရှင့်။ ကြံုရတော့ ကျွန်မတို့ အတတ်နိုင်ဆုံးတော့ သတင်းကို ဘက်မျှအောင်တော့ ကြိုးစားပြီး တင်ဆက်တယ်။ တချို့သတင်းတွေဆိုရင်တော့ ဘယ်လိုမှ မတတ်နိုင်ဘဲ လက်လျှော့ပြီးတော့ လွှတ်ခဲ့ရတာတွေလည်း ရှိတယ်။ တချို့ အခု ကျွန်မတို့ဆီမှာဆိုရင် ရေးဖို့ Story တွေ အများကြီးရှိတယ်။ ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါကို စောင့်ပြီးတော့မှ ထုတ်ရမယ့် Story တွေ ဆိုပြီးတော့မှ ကျွန်မတို့ မြိုသိပ်ထားရတာတွေလည်း ရှိတယ်ပေါ့နော်။ ဒါတွေကတော့ အစိုးရတစ်ခုတည်းနဲ့ပဲ ပတ်သက်တာမဟုတ်ဘူး။ တခြား ပုဂ္ဂလိက အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်မတို့ ရေးသားတင်ပြရမယ့် Story တွေဆိုလို့ရှိရင်လည်း အခြေအနေနဲ့ အချိန်အခါကို စောင့်ပြီးတော့မှ ထုတ်ရမယ့် Story ဆိုတာမျိုး ကျွန်မတို့ ပြန်ပြီးတော့ ကိုုယ့်ကိုကို်ယ် ပြန်ပြီးတော့ စဉ်းစား လုပ်မိနေတဲ့ အနေအထားမျိုးတွေလည်း ကြံုနေရတာပေါ့နော်။ အဲဒါကတော့ ကျွန်မတို့ သတင်းထောက်တွေအတွက်ကို တော်တော်လေး ကြိီးမားတဲ့ အခက်အခဲပေါ့။

နောက် သတင်းကို Balance မျှဖို့ ကျွန်မတို့ အတက်နိုင်ဆုံးတော့ ကြိုးစားတယ်။ နောက်ဆုံး ဘယ်လိုမှ မရနိုင်ဘူးဆိုလို့ရှိရင်တော့ အရင်နညး်လမ်းဟောင်းကိုပဲ သုံးရတာပေါ့နော်။ ကျွန်မတို့ ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူတို့ ပြန်ပြီးတော့ ဖြေကြားခြင်း မရှိပါဘူးပေါ့နော်။ ဒါမျိုး တစ်ကြောင်းကိုတော့ စာဖတ်သူကို ပြန်ပြီးတော့ ကျွန်မတို့ inform ဖောင်းလုပ်တဲ့အနေနဲ့ မဖြစ်မနေ ထည့်ရတာပေါ့။ အရင်  censorship တုန်းကတော့ ကျွန်မတို့ ကြံုခဲ့ရတာက တစ်မျိုးပေါ့။ အခု Public censorship ပေါ့။ လူထုက ကျွန်မတို့အပေါ်မှာ မီဒီယာရဲ့ Reliable ဖြစ်မှုအပေါ်မှာ သံသယ ဝင်သွားမလားပေါ့။ အဲဒီအတွေးတွေနဲ့ ကျွန်မတို့ ထုတ်သင့်ရက်နဲ့ ရေးသင့်ရက်နဲ့ မျိုသိပ်ထားရတဲ့ Story တွေ အခုအစိုးရလက်ထက်မှာ ရှိနေပါတယ်။

မဇ္ဈိမ

ဟုတ်ကဲ့ပါခင်ဗျာ။ ခုနကပြောသလို အစိုးရဌာနကလူတွေက နာမည်မသုံးပါနဲ့ဆိုတော့ ကျွန်တော်တို့က ဒီ သူ့ရဲ့ယုံကြည်မှုက အတိုင်းအတာတစ်ခုအထိတော့ လျော့တာပေါ့။ ဆိုတော့ ကိုဆလိုင်းကို ထပ်မေးချင်တာက ကျွန်တော်တို့ ခုနက ဆရာဦးသီဟစော ပြောတဲ့အထဲမှာ ပါတယ်။ နောက်ထပ် ဒီမြင်ကွင်းထဲမှာ ထပ်ပြီးလာမယ့် Player အသစ်တွေလည်း မြင်ရတာပေါ့နော်။ နောက်တစ်ခုရှိတာက တကယ့် အကြီးကြီးတွေ စစီးပွားရေးလုပ်နေတဲ့ Company တွေ ဝင်လာတယ်ဆိုတော့ ကိုဆလိုင်းမန်တို့ မီဒီယာကျတော့ တချို့ ဒီ ချင်းမှာ တိုင်းရင်းသားမီဒီယာ ဘာသာစကားနဲ့ထုတ်တဲ့ မီဒီယာတွေ ရှိတာကို။ ဆိုတော့ အဲလို မီဒီယာသေးသေးလေးတွေကရော ဒါတွေရှိခြင်းအားဖြင့်တော့ ဒီ ဒေသခံ တိုင်းရင်းသားတွေက Access လုပ်ဖို့ ခက်ခဲတာပေါ့နော်။ Main Stream မီဒီယာအများစုကတော့ ဒီ မြန်မာစကားနဲ့ ထားပါတော့ အင်္ဂလိပ်စကားပေါ့လေ ဒါနဲ့ပဲ သွားတာများတဲ့အခါကျတော့ အဲဒီ ရိုက်ခတ်မှုအပေါ်မှာရော ဒီ ကိုယ့် တိုင်းရင်းသားတွေကနေ မီဒီယာ access လုပ်နိုင်မယ့်ဟာကို ဘယ်လိုများ လာပြီးတော့ သက်ရောက်မှု ရှိမလဲပေါ့။

ဆလိုင်းမာန်

Chin World Media

ကျွန်တော်အနေနဲ့တော့ ဒီ အခု ကျွန်တော်တို့ Chin World ဆိုရင် DVB မှာ ချင်းအစီအစဉ်ကို ကျွန်တော်တို့ လုပ်ပါတယ်။ RFA ချင်း TV Program လုပ်ပါတယ်။ အခု Sky Net လည်း MOU ထိုးပြီးရင် Channel ထိုးပြီးရင် မိနစ် ၃၀ လောက် ပါလာမယ်။ ဒါတွေကို ကိုယ့်မိခင်ဘာသာစကားနဲ့ လုပ်ဖို့ ကျွန်တော်တို့ ပြင်ဆင်နေတယ်ပေါ့နော်။ ဒီလိုပဲ ကျွန်တော်တို့ ဒီချင်းမှာရှိတဲ့ စာစောင်လေးတွေကျတော့ သူတို့က ဗီဒီယိုလိုင်းကို ကူးပြီးလည်း သူတို့လည်း စိတ်ကူးနေကြပြီ။ အဲဒါမျိုးမှာ ကျွန်တော်ယူဆတာတစ်ခုကတော့ ဒီလိုပေ့ါ Company ကြီးတွေလာလာ ဘယ်လိုင်းလာလာ အဲဒီမှာ မြန်မာလို အင်္ဂလိပ်လိုပြောသလို တစ်ဖက်ကကြည့်ရင်လည်း တစ်ပတ်မှာ တိုင်းရင်းသားအစီအစဉ် ဘယ်လိုမျိုးလဲဆိုတာကို ထည့်ပေးသင့်တယ်လို့ ကျွန်တော် ယူဆတယ်။ အဲဒါဆိုရင် ကျွန်တော်တို့က Partner ဖြစ်သွားပြီ။ ပြိုင်ဘက်တော့ မဟုတ်ပါဘူး။ ပြောချင်တာက အခု DVB နဲ့ လုပ်သလိုမျိုး ပြောမယ်ဆိုရင် DVB လည်း သူ့ဘာသာသူ အလုပ်လုပ်နေတယ်။ ပြီးတော့ သူ့ရဲ့ တစ်ပတ်ထဲမှာ ဒီ ၁ နာရီလောက် ပေးလိုက်လို့လည်း ဘာမှမဖြစ်ဘူး။ နောက်ပြီးတော့ ကျွန်တော်တို့ Print နဲ့ ဖတ်လို့မရတော့ဘူး ဆိုရင်တောင်မှ ရေဒီယိုနဲ့လာ၊ တီဗွီနဲ့လာ မိခင်ဘာသာစကားနဲ့ နားထောင်နိုင်ခွင့် ခေတ်သစ်မှာ အဲလိုမျိုးအခွင့်အရေး ဆက်ရှိနေမယ်လို့ ကျွန်တော် ယုံကြည်တယ်။

မဇ္ဈိမ

ဟုတ်ကဲ့ပါ။ တိုင်းရင်းသားပြည်သူတွေ သတင်းအချက်အလက်ကို ရယူဖို့ပေါ့နော်။ အဲတော့ ဆရာ ဦးသီဟစောကို မေးချင်တာက အချိန်ကလည်း နည်းတဲ့အခါကျတော့ နောက်ဆုံးမေးခွန်းပဲ ဖြစ်ပါလိမ့်မယ်ဆရာ။ ဆိုတော့ ဆရာခုနက ပြောတဲ့အထဲမှာလည်း ပါသွားတယ် သတင်းပေးဖို့ Public Officer တွေပေါ့။ အဲတော့ တစ်ခုရှိတာက ကျွန်တော်တို့က ခုနက မေးရင် မဖြေဘူးပေါ့ ကျွန်တော်တို့ နားလည်တာက Spokesperson တွေနဲ့ဆိုရင် သူ့မှာက သူ့သက်ဆိုင်ရာ ဌာန သူ့သက်ဆိုင်ရာ အရာရှိကိုတော့ သူ့မှာ ကာကွယ်ခွင့်တော့ ရှိသေးတယ်။ အဲတော့ Information Officer နဲ့ Spokesperson က သူ့ Role ကလည်း ဘယ်လိုရှိတယ်ဆိုတာကို နည်းနည်းလောက် ရှင်းပြပေးပါလား ဆရာ။

ဦးသီဟစော

မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ။

ဟုတ်ကဲ့ပါ။ Spokesperson  ဆိုတာကတော့ ဌာနတစ်ခုရဲ့ ပြောရေးဆိုခွင့် ရှိသူပေါ့နော်။ ဒါပေမယ့် သူ့အလုပ်ကလည်း သူ့ဌာနရဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် ကောင်းကြောင်းတွေပြောဖို့ ပိုပြီးတော့ အားသန်မှာပေါ့။ ဒါပေမယ့် Negative Question မေးတဲ့အခါမှာ အများအားဖြင့် ပုတ်ထုတ်မယ် ဝေ့ဝိုက်မယ် ဒါကတော့ နိုင်ငံတိုင်းမှာ ကြံုရလေ့ ရှိပါတယ်။ အမေရိကန်နိုင်ငံမှာရှိတဲ့ သူလည်း အဲအလုပ်ကို လုပ်မှာပဲ။ အဲအတွက်က ကျွန်တော်တို့ ဘာမှမပြောဘူး။ ကျွန်တော်တို့ နားလည်တယ်။ ကျွန်တော်တို့ မေးတာကို Yes ဖြေဖြေ No ဖြေဖြေ ဘယ်လိုပဲဖြေဖြေ ဖြေလို့ရှိရင် ကျေနပ်တယ်။ အခုက အခုလက်ရှိ ကြံုရတာက သူတို့ အဲလိုမျိုးလုပ်တာထက် ဖြေတဲ့သူလည်း ဖြေပါတယ်။ မဖြေတဲ့သူလည်း ရှိပါတယ်။ အဲဒါသည် သူတို့ဘက်ကို ပြန်ငဲ့တာ သူတို့သည် အလုပ်တာဝန်တွေ ပိနေမလား၊ ဥပမာ ညွှန်ချုပ်တစ်ယောက်က အတွင်းဝန်တစ်ယောက်က အတွင်းဝန်ဆိုတာ ဟိုတုန်းက ဝန်ကြီးလိုပဲ ဌာနတစ်ခုလုံးရဲ့ ဗျူရိုကရေစီယန္တရားတစ်ခုလုံးရဲ့ အကြီးအကဲဖြစ်နေတော့ သူကလည်း အလုပ်များမှာပဲ။ အဲတော့ အလုပ်များတာသည် ကျွန်တော်တို့က ထပ်ဆောင်းပြီးတော့ သူ့ကို ဖိသလို ဖြစ်နေမလား။ နောက်တစ်ခုက အလုပ်များတာက သူ့အတွက် အကြောင်းပြချက်တစ်ခု ဖြစ်သွားပြီးတော့ ဖြေဖို့ ခက်နေမလားပေါ့။ ကာကွယ်တာ မကာကွယ်တာကတော့ သူ့မှာ တာဝန်ရှိလို့ပေါ့။ ကျွန်တော်တို့က မီဒီယာယူနစ်လေးတွေ Public Relatiion ရှိနေတယ်ဆိုတာက အဲဒီဌာနက ဥပမာ ကိုဇေယျာလှိုင်က ပြန်ကြားရေး အတွင်းဝန်ဆိုတာမျိုးဆိုရင် ငါမေးတဲ့အခါမှာ ဒီဘက်မှာ အစည်းအဝေးက အခု ၂၀ ရှိတော့ ဒီဘက်မှာ မအားတာတွေလည်း ကြံုရမယ်။ ဒါပေမယ့် ဌာနတစ်ခုကို တာဝန်ပေးလိုက်ပြီးတော့ ကျန်းမာရေး၊ ပြန်ကြားရေး၊ ဆောက်လုပ်ရေး စသည်ဖြင့်ပေါ့ အဲဒီဌာနမှာရှိတဲ့ လူ အယောက် ၁၀ ယောက် (သို့မဟုတ်) အယောက် ၂၀ (သို့မဟုတ်) အယောက် ၃၀ ထားချင်သလို ထားလို့ရပါတယ်။ အဲဒီလူတွေက ကိုယ့်ဌာနအကြောင်းကိုအမြဲ ဝက်ဆိုဒ်တင်သမျှ အမြဲ သတင်းကို စုဆောင်းနေမယ်ဆိုရင် သူက ဖြေစရာအဖြေကိုက ရှိနေမှာ။ ဥပမာ အတွင်းဝန်တစ်ယောက်က သူ့ကို လာမေးတဲ့အခါမှာ သူက ဌာနအနေနဲ့ဆိုရင်တော့ ညွှန်ကြားရေးမှူး ညွှန်ကြားရေးမှူးချုပ်ကို တဆင့် ဟိတ်ကောင် မင်းဌာနမှာ အဲလိုဖြစ်နေတယ်ပြောတယ် ငါ့ကို ဖြေပါဦးပေါ့နော်။ သူတို့ထဲမှာတင် Communication က တော်တော်ကြီးကို ရွာလည်နေမယ့်သဘော ရှိတယ်။ အဲလို ပြန်ကြားတဲ့ယူနစ်တစ်ခု ရှိတယ်ဆိုရင် အဲလူတွေက သဘောက ကျွန်တော်တို့ သတင်းသမားတွေ မေးမယ့်မေးခွန်းကို သူက ကြိုပြီး ခန့်မှန်းလို့ရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါက သူ့ ပင်မတာဝန်ကို။ ပင်မတာဝန်ယူထားတဲ့ အစုအဖွဲ့လေးတွေ ဌာနတိုင်းမှာ ရှိစေချင်တယ်။ အဲဒီအခါကျတော့ ကျွန်တေ်ာတို့အတွက်က နည်းနည်း ပိုလွယ်မယ်လို့ ထင်ပါတယ်။ Spokesperson  သူ သူ အရေးကြီးတာ ပြောရင် ပြောလိမ့်မယ်။ အဲဒီဌာနကို တာဝန်ခံရင် ခံလိမ့်မယ်။ ဥပမာဆိုပါဆို့ ကိုဇေယျာလှိုင်ကနေပြီးတော့ ကျန်းမာရေးဌာနကို ရန်ကုန်တိုင်းမှာ ဆိပ်ကမ်း ဘယ်နှစ်ခုရှိလဲ မေးမယ်။ အဲဒါက ကျန်းမာရေးအတွင်းဝန် သိစရာကို မလိုဘူး။ သူလည်း သိချင်မှသိမယ်။ ဘယ်ဌာနက သိတယ်ဆိုတာကို ပြန်ညွှန်းရဦးမယ်ဆိုရင် ကြောင်သွားမယ်။ တကယ်လို့ သူတို့ ကျန်းမာရေးမှာ သတင်းယူနစ် ဌာနတစ်ခုရှိတယ်။ ပြည်သူ့ဆက်ဆံရေးဌာန ပြည်သူ့ပြန်ကြားရေးဌာန ရှိတယ်ဆိုရင် သူတို့က တန်းဖြေလို့ရတယ်။ ဘယ်နယ်မှာ ဘယ်သတင်းရှိတယ် ဘယ်အချက်အလက်က ဘယ်လောက်ဆိုတာ စုဆောင်းပြီးသား ဖြစ်နေမယ်။ သဘောက ကျွန်တော်တို့သတင်းသမား လာတောင်းရင် ရော့ ရေခဲချောင်းတစ်ချောင်းစီ ဝေယူဆိုပြီး ရေခဲချောင်းတွေ ပုံပေးထားတယ်။ ဟိုက ရေခဲချောင်းမရှိတဲ့သူတစ်ယောက်ကို သွားမေးရင် နေဦး သွားဝယ်လိုက်ဦးမယ် သူကလည်း မအားသေးလို့ဆိုတော့ ရွာလည်နေမယ့်သဘော ရှိတယ်။ ကျွန်တော်က အဲလိုမျိုး ဟိုဘက်ဒီဘက် လွယ်မယ့်နည်းလမ်းကို ရှာစေချင်တယ်။ အဲလိုမျိုးလုပ်ရင်တော့ ပိုလွယ်လာမယ့်လို့ ထင်ပါတယ်။

မဇ္ဈိမ

ဟုတ်ကဲ့ပါခင်ဗျာ။ ဆိုတော့ ဒီမှာက ခုနက Spokesperson တွေရှိတာလည်း တစ်ပိုင်းပေါ့နော်။ ဒီ မီဒီယာယူနစ်လေးတွေနဲ့ Public Relation လုပ်ဖို့က ပိုပြီးတော့ သတင်းအချက်အလက်ကို အဆက်လုပ်ဖို့ ပိုပြီးတော့ မြန်ဆန်လာတယ်လို့ ကျွန်တော်တို့ ထင်ရတာပေါ့နော်။ ဟုတ်ကဲ့ ဆိုတော့ အခု ဆွေးနွေးတာလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အရင်ခေတ်က အစိုးရနဲ့ လက်ရှိ အစိုးရနဲ့ ကြားမှာ ဘာတွေများ အခက်အခဲ အတားအဆီးတွေရှိမလဲ။ နောက်ပြီးတော့ တိုင်းရင်းသားဒေသက သတင်းစာဆရာတွေ သတင်းအချက်အလက် ရယူဖို့ ဘယ်လိုခက်ခဲသလို တို်င်းရင်းသား ဒေသတွေကရော ဒီသတင်းကို လက်လှမ်းမှီဖို့ ဘာတွေ ပြဿနာရှိလဲ။ နောက်ပြီးတော့ ဆရာ ဦးသီဟာစောကတော့ ဥပဒေပိုင်းဆိုင်ရာ နောက်ပြီးတော့မှ လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ ဘာတွေက စိန်ခေါ်မှုတွေ ဘာတွေက ပြုပြင်ပြောင်းလဲမှု ရှိမလဲဆိုတာ စိတ်ဝင်စားမှု ကောင်းပါတယ်။ ဆိုတော့ ဆရာ ဦးသီဟစောက ကျွန်တော်ကို ပြန်ကြားရေးအတွင်းဝန်ဆိုပြီးတော့ ဥပမာပေးတော့ ဟိုဘက်က ဆရာ ဦးမျိုးမြင့်မောင်ကတော့ နဲနဲ မျက်ခုံးလှုပ်လောက်ပြီနဲ့ တူပါတယ်။ အခုလည်း ကျွန်တော်တို့ အချိန်အကန့်အသတ် ရှိတဲ့အခါကျတော့ အကန့်အသတ်တွင်းမှာ အားလုံးကို ခြံုငုံမိအောင်လို့ ဖြေကြားပေးတဲ့ ဆရာ ဆရာမတွေကို ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်တော်တို့ကို အားပေးကြည့်ရှုတဲ့ ပရိသက်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်လည်း ဆက်လက်စောင့်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။  

အပိုင်း(၁)အားအောက်ပါတွင် သွားရောက်ကြည့်နိုင်သည်-http://www.mizzimaburmese.com/article/20244
အပိုင်း(၁)အားအောက်ပါတွင် သွားရောက်ကြည့်နိုင်သည်-http://www.mizzimaburmese.com/article/20287

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly