အာဆင်နယ်နှင့်ပွဲတွင် ပွဲထွက်လူစာရင်းမှ ရွန်နီ ချန်လှပ်ခံရဖွယ်ရှိ

အာဆင်နယ်နှင့်ပွဲတွင် ပွဲထွက်လူစာရင်းမှ ရွန်နီ ချန်လှပ်ခံရဖွယ်ရှိ

နိုဝင်ဘာ ၁၇၊ မန်ချက်စတာ။            ။ စနေနေ့တွင် အာဆင်နယ်နှင့် ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်ယူနည်းပြမော်ရင်ဟိုသည် ရွန်နီကို ပွဲထွက်လူစာရင်းမှ ချန်လှပ်ဖွယ်ရှိဟု မယ်ရာသတင်းတွင်   ဖော်ပြထားသည်။

အိုးထရက်ဖို့ဒ်တွင်ကစားမည့်ယင်းပွဲစဉ်၌ အီဘရာဟီမိုဗစ်လည်းပွဲပယ်ခံထားရရာ မော်ရင်ဟိုအနေဖြင့် တိုက်စစ်အားမည်သူ ဦးဆောင်သင့်သည်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။

ရက်ရှ်ဖို့ဒ်မှာ မော်ရင်ဟို၏ ဦးစားပေးရွေးချယ်မှုဖြစ်လာနိုင်သဖြင့် အသင်းခေါင်းဆောင်ရွန်နီအနေဖြင့် နောက်ထပ်အရန်ခုံထိုင်ရ သည့်ပွဲတစ်ပွဲ ဖြစ်လာနိုင်သည်။

အသက် ၃၁ နှစ်အရွယ်ကစားသမားမှာ ယူနိုက်တက်၏ နောက်ဆုံး ပရီးမီးယားလိဂ် ခြောက်ပွဲတွင် တစ်ပွဲသာ ပွဲထွက်လူစာရင်း၌ ပါဝင်ခဲ့ပြီး နည်းပြမော်ရင်ဟိုမှာ လူငယ်များကို ပိုမိုနေရာပေးလာနိုင်သဖြင့် ရွန်နီအတွက် စိတ်ပျက်စရာနှင့် ပိုမိုရင်ဆိုင်ရဖွယ် ရှိနေသည်။

ရွန်နီမှာ စပိန်နှင့်ကစားသည့် အင်္ဂလန်အသင်း၏ ခြေစမ်းပွဲတွင် အသေးစားဒူးဒဏ်ရာ အကြောင်းပြချက်ဖြင့် ချန်လှပ်ခံရသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly