မက်ဆီထက် ပိုမိုကောင်းမွန်တဲ့ ကစားသမားတွေကို မွေးထုတ်ပေးဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် ကတိပေး

မက်ဆီထက် ပိုမိုကောင်းမွန်တဲ့ ကစားသမားတွေကို မွေးထုတ်ပေးဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် ကတိပေး

မက်ဆီထက် ပိုမိုကောင်းမွန်တဲ့ ကစားသမားများကို ပြုစုပြိုးထောင် မွေးထုတ်ပေးခြင်းဖြင့် ၁၉၆၆ ကမ္ဘာ့ဖလားတုန်းက အောင်မြင်မှုကို ပြန်လည် ရယူဖို့ မြောက်ကိုရီးယားက ရည်ရွယ်နေပါတယ်။

လွန်ခဲ့တဲ့ နှစ် (၅၀) ကျော်က ကမ္ဘာ့ဖလားမှာ ကွားတားဖိုင်နယ်အဆင့်ထိ တက်ရောက်ခဲ့ပြီး အီတလီကို ရှုံးနိမ့်ခဲ့ပေမယ့် အမြင့်ဆုံး အောင်မြင်မှုကို မြောက်ကိုရီးယားက ရယူနိုင်ခဲ့ပါတယ်။

ဒီလိုအောင်မြင်မှုတွေပြန်လည် ရရှိဖို့ မြောက်ကိုရီးယားက ဘာစီလိုနာတိုက်စစ်မှူး မက်ဆီလို ကမ္ဘာ့အဆင့်ကြယ်ပွင့် ကစားသမားတွေကို မွေးထုတ်ဖို့ မျှော်လင့်ရတဲ့ မဟာဗျူဟာတွေ အကောင်အထည်ဖော်လုပ်ဆောင်လျက်ရှိနေပါတယ်။

ခေါင်းဆောင် ကင်ဂျုံအွန် ကိုယ်တိုင်ကြီးကြပ်ပြီး မြောက်ကိုရီးယား ဘောလုံးလောက တိုးတက်တက်လာဖို့အတွက် မဟာဗျူဟာတွေ ဦးစားပေး ချမှတ် ဆောင်ရွက်နေသလို စွမ်းရည်မြင့် ဘောလုံးသမားတွေ ပေါ်ထွက်လာဖို့လဲ ငွေကြေးမြောက်များစွာ သုံးစွဲထားပါတယ်။

"လူငယ်လေးတွေကို မက်ဆီထက်သာတဲ့ ပင်ကိုယ်အရည်အသွေးပြည့်ဝတဲ့ ကစားသမားတွေဖြစ်လာအောင် ကျနော်တို့ လေ့ကျင့်ပေးနေပါတယ်"လို့ ပြံုယမ်း နိုင်ငံတကာ ဘောလုံးကျောင်းရဲ့ နည်းပြ ယူဟီက ပြောပါတယ်။

မြောက်ကိုရီးယားအသင်းဟာ လက်ရှိကမ္ဘာ့ဘောလုံးအဆင့် သတ်မှတ်ချက်မှာ အာမေးနီးယားနှင့် အီသီယိုးပီးအကြား အဆင့် ၁၂၆ မှာ ရပ်တည်နေပါတယ်။
 
Shang Ri Myong အဆိုအရ မြောက်ကိုရီးယားအသင်းရဲ့ ရည်းမှန်းချက်က ပထမဦးဆုံး အာရှတိုက်မှာ စိုးမိုးဖို့ဖြစ်ပြီး နောက်မှာတော့ ကမ္ဘာ့အဆင့်အထိ အောင်မြင်မှုရယူဖို့ ဖြစ်ပါတယ်။

"အခု ကျနော်တို့ဟာ အာရှဒေသကို လွှမ်းမိုးနိုင်ဖို့ ရည်မှန်းထားနေတာဖြစ်ပြီး၊ မဝေးလှတဲ့ အနာဂတ်မှာ ကမ္ဘာ့ဘောလုံးလောကို စိုးမိုးထားနိုင်မယ်လို့ ကျနော် မျှော်လင့်ပါတယ်"လို့ သူက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Source: Marca

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly