ဟိုတယ်တစ်ခုမှာ အမူးလွန်ခဲ့တဲ့ဖြစ်ရပ်အတွက် ရွန်နီ ပြန်လည်တောင်းပန်

ဟိုတယ်တစ်ခုမှာ အမူးလွန်ခဲ့တဲ့ဖြစ်ရပ်အတွက် ရွန်နီ ပြန်လည်တောင်းပန်
(ဓာတ်ပုံ - အီးပီအေ)

ဟိုတယ်တစ်ခုအတွင်း မင်္ဂလာဆောင် ညစာစားပွဲတစ်ခုမှာ အင်္ဂလန်အသင်းခေါင်းဆောင် ဝိန်းရွန်နေရဲ့ အရက်မူးနေခဲ့တဲ့ ဓာတ်ပုံတွေ ထုတ်ပေါ်လာပြီးနောက် ဟိုတယ်မှဖြစ်ရပ်များအတွက် ရွန်နီက အင်္ဂလန်ယာယီနည်းပြ ဆောက်ဂိတ်နှင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်နည်းစနစ်ဒါရိုက်တာ ဒန်းအက်ရှ်ဝေါ့တို့ကို ပြန်လည်တောင်းပန်ခဲ့ပါတယ်။

အသက် ၃၁ အရွယ် ရွန်နီက "မသင့်လျော်"တဲ့ ဓာတ်ပုံတွေလို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ရွန်နီက နည်းပြ ဆောက်ဂိန်နှင့် နည်းစနစ်ဒါရိုက်တာ ဒန်းအက်ရှ်ဝေါ့တို့နှစ်ဦးစလုံးကို တောင်းပန်ဖို့ သီးသန့် စကားပြောခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အင်္ဂလန်အသင်းက စကော့တလန်အသင်းကို အနိုင်ရပြီး နောက်တနေ့ စနေနေ့နှောင်းပိုင်းညက ပါတီပွဲတစ်ပွဲမှာ အရက်မူးနေခဲ့တဲ့ ရွန်နီရဲ့ ဓာတ်ပုံတွေကို The Sun က ဖော်ပြခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ပွဲတစ်ပွဲပြီးချိန်တွင် ကစားသမားများရဲ့ အနားပေးတဲ့ မူဝါဒများကို ပြန်လည်သုံးသပ်ဖွယ်ရှိပါတယ်။

ရွန်နေးဟာ လက်ရှိအချိန်မှာ ဒူးဒဏ်ရာ အသေးစား ရရှိနေခဲ့တာကြောင့် နိုဝင်ဘာ ၁၅ ရက် အင်္ဂါနေ့က စပိန်နဲ့ အင်္ဂလန် ၂-၂ သရေကျခဲ့တဲ့ပွဲစဉ်ကို လွဲချော်ခဲ့သူ ဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags