အစိုုးရသစ်လက်ထက် မီဒီယာလွတ်လပ်ခွင့် အခြေအနေ တိုးတက်လာပြီလား (အပိုင်း၂)

အစိုုးရသစ်လက်ထက် မီဒီယာလွတ်လပ်ခွင့် အခြေအနေ တိုးတက်လာပြီလား (အပိုင်း၂)
 

ဟုတ်ကဲ့ခင်ဗျ။ ခုနက ကိုဆလိုင်းပြောတဲ့ ချင်းပြည်နယ်က အရာရှိတွေကတော့ မကောင်းကျောင်းပို့ဆိုတဲ့ ပုံစံမျိုးပေါ့ဗျာ။ ဒီနေ့ မြို့ကြီးတွေမှာ ပြစ်ဒဏ်နဲ့ ခပ်ဆိုးဆိုးတွေ သုံးမရတဲ့ဟာတွေကို အဲဒီကို ပို့တဲ့ပုံစံဆိုတော့ အဲလိုနေရာမျိုးမှာရော အဲလိုဥပဒေကို သုံးရင် ဖြစ်နိုင်မလားပေါ့။ မဖြစ်နိုင်ဘူးဆိုရင် ဘယ်နည်းလမ်းများ ရှိမလဲလို့ တိုင်းရင်းသား မီဒီယာတစ်ယောက်အနေနဲ့ ထင်ပါသလဲ။  

ဆလိုင်းမာန်

Chin World Media

အဲဒါတွေ ကျင့်သုံးမယ်ဆိုရင်တော့ ဖြစ်နိုင်ချေ တစ်ဝက်တော့ရှိတယ်။ မဖြစ်နိုင်ချေကတော့ သူတို့ဘက်ကပါ။ သတင်းသမားဘက်ကတော့ ဒါကို လုပ်လို့ရတယ်။ ဒါပေမယ့် တစ်ဘက်ကကြည့်ရင် သူတို့အနေနဲ့ ဒီအပေါ်မှာ Action တစ်ခုခု ယူလိုက်ရင် သတင်းသမားကို ရာဇဝတ်မှုခေါင်းစဉ်လား၊ ဟိုဟာ ဒီဟာ တစ်ခုခုနဲ့ လုပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ဘက်က အန္တရာယ်ရှိတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့တော့ ဒါ အစိုးရနဲ့ တွေ့ဆုံတာတို့ အဲဒါတွေကို မကြာမကြာလုပ်ပြီးတော့ ပြဿနာကို ဖြေရှင်းသွားဖို့တော့ စီစဉ်ထားပါတယ်။

နယ်စပ်ဒေသတွေမှာဆိုရင် ဒီကိစ္စက Acess to Information တွေ့ဆုံပွဲတွေ မကြာမကြာ လုပ်ပေးဖို့တော့ လိုအပ်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒါမှလည်း အဲလိုဖြစ်မှာပေါ့။ ဘာကြောင့်လဲလို့ဆိုရင် ကျွန်တော်တို့ အခု NLD အစိုးရလက်ထက်မှာဆိုရင် အခု ကျွန်တော် မြင်တွေ့တာပေါ့နော် အစိုးရဖြစ်တာ မကြာသေးလို့လားမသိဘူး အရေမထူသေးဘူး။ အရင်အစိုးရက ဘာပဲပြောပြော နားလည်မိတာက သူတို့က အရည်ထူတယ်လို့ သူတို့ကို လူထုက မချစ်မှန်း သူတို့ကိုယ် သူတို့လည်း သိတယ်။ အဲဒါကြောင့် ဘယ်လောက်ဆဲဆဲ အရေးယူမယ်ဘာမယ် သိပ်မရှိဘူး။ အခု ဒီဘက်ခေတ်မှာဆိုရင် ကျွန်တော်တို့ Chin World ဆိုရင်လည်း ချင်းပြည်နယ်အစိုးရက Sunday မှာ ဘုရားကျောင်းမှာ စင်ပေါ်မှာ နေရာယူတဲ့ကိစ္စကို ကျွန်တော်တို့ အယ်ဒီတာ့အာဘော်နဲ့ ဝေဖန်တယ်။ အဲလိုမျိုး နိုင်ငံရေးနဲ့ဘာသာရေး ကင်းသင့်တယ်ဆိုတာမျိုး ဒါပေမယ့် သူတို့ဘက်က အရမ်းတင်းတယ်။ အမှန်က အယ်ဒီတာ့အာဘော်ဆိုတာက ပြောမယ်ဆိုရင် အာဘော်ပဲ။ ဒါကို မကျေနပ်ဘူးဆိုရင် အစိုးရမှာ ပြန်ကြားရေးရှိတယ်။ ကျွန်တော်တို့ကို မကျေနပ်တာတောင်မှ ကျွန်တော်တို့ကို ကြေးမုံနဲ့ ပြန်ချေပပေါ့။ ဒါပေမယ့် အဲလိုမျိုးမဟုတ်ပဲနဲ့ ဒီက ဆရာတို့ သတင်းမီဒီယာကောင်စီမှာလည်း တိုင်ကြားစာပို့တယ်။ နောက် တရားစွဲမယ်လည်း ပြောတယ်။ ဒါပေမယ့် တရားတော့ မစွဲပါဘူ။ သူတို့ တကယ်တရားစွဲလည်း ကျွန်တော်တို့က ဒီဘက်မှာ နည်းနည်း သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ အဆင်သင့်ဆိုတော့လည်း သူတို့ ပြန်လျှော်သွားတယ်။ ဒါပေမယ့် တိုင်စာတော့ပို့တယ်။ အဲလိုမျိုး ပြဿနာလေးတွေပေါ့။ တက်ဖက်ကကြည့်ရင် နယ်ဘက်တွေမှာဆိုရင် မီဒီယာသမားဆိုတာကို သူတို့ကိုယ်တိုင် နည်းနည်းလေး ပိုလေးစားလာအောင် ပိုနားလည်လာအောင် လိုအပ်တယ်ပေါ့။

မဇ္ဈိမ

ဟုတ်ကဲ့ခင်ဗျာ။ ဒီမှာလည်း သတင်းစာဆရာတွေမှာ ဥပဒေကို အသုံးချမှုလည်း နည်းတာပေါ့နော်။ ကျွန်တော်တို့ တစ်ခုရှိတာက သတင်းရယူတဲ့အခါမှာ စိန်ခေါ်မှုတွေ ရှိတယ်ပေါ့။ သတင်းမီဒီယာ ဥပဒေမှာလည်း သတင်းကို တောင်းခံခွင့်ရှိတယ်ဆိုတာပဲ ပါပြီးတော့ မပေးဘူးဆိုရင် ဘယ်လို လုပ်ပြီးတော့ ပြန်ပြီး Action လုပ်လို့ရမယ်ဆိုတာကိုလည်း သေသေချာချာ မပါထားဘူးပေါ့လေ။ အဲတော့ ဒါနဲ့ပတ်သက်ပြီးတော့ ဆရာ ဦးသီဟစောအနေနဲ့ ဒါကို ဘယ်လိုမျိုး ဒီထက်ပိုပြီးတော့ ကောင်းမွန်လာအောင် လုပ်ရင် ရမလဲဆိုတဲ့ဟာလေးကိုလည်း ဆွေးနွေးပေးပါဦး။

ဦးသီဟစော

မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ။

ဟုတ်ကဲ့။ ကျွန်တော်ကလည်း ကိုဇေယျာလှိုင် မေးတဲ့မေးခွန်းကို ဖြေရမယ်ဆိုရင် တစ်ခုကတော့ ဥပဒေပိုင်း တစ်ပိုင်းပေါ့နော်။ အဲဒီဥပဒေပိုင်းက ခဏထားသင့်တယ်။ နောက်ပိုင်းကတော့ အခုက ကျွန်တော်တို့ မီဒီယာလောကမှာကလည်း ရောထွေးနေတယ်။ တကယ် Main Stream Media မှာ လုပ်တဲ့သူတွေကိုလည်း မီဒီယာသမားလို့ခေါ်တယ်။ တော်တော်ကြီး အရေးကြီးတဲ့ အစိုးရအဖွဲ့နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတစ်ခုဟာဆိုရင် မင်းတို့ မီဒီယာသမားတွေဆိုပြီးတော့ ဆိုရှယ်မီဒီယာမှာ ရေးတာအားလုံးကလည်း မီဒီယာသမားပဲဆိုပြီးတော့ ခြံုငုံသုံးသပ်ပြီးတော့ ဝါးလုံးရှည်နဲ့ ရမ်းတာမျိုးတွေလည်း ရှိပါတယ်။ တကယ်တမ်းပြောတော့ ကျွန်တော်တို့ Main Stream Media တွေက ဆိုရှယ်မီဒီယာနဲ့ ကွာတာရှိတယ်။ ဆိုရှယ်မီဒီယာက သတင်းရေးတာပဲ ငါတို့ မြန်မြန်သိရတယ် သတင်းသိရတယ်ဆိုပြီးတော့ ပြောတယ်။ Main Stream Media ကလည်း အသံဖြစ်ဖြစ် ဖုန်းနဲ့ဖြစ်ဖြစ် ကိုယ်က ပရိသတ်ကို ပြောတာရှိတယ်။ အဓိကကတော့ နှစ်ခုကွာတယ်လို့ ကျွန်တော်ထင်တယ်။ တစ်ခုကတော့ အမှားအမှန်ကို စစ်ဆေးခြင်း၊ Main Stream Media အားလုံးမှာ မရှိမဖြစ် ရှိရမယ်။ ဒီအချက်အလက်က မှားသလား မှန်သလား ဒါမှမဟုတ်လည်း အချို့ဟာတွေဆိုရင် အစိုးရကို ပြန်မေးရတာတွေ ရှိတာပေါ့နော်။ နောက်တစ်ခုက editing တည်းဖြတ်တယ်။ အမှားအမှန် ခွဲခြားခြင်းနဲ့ တည်းဖြတ်တာရှိလို့ Main Stream Media ရှိနေတာ။ ပြီးတော့ အဲဒီနှစ်ခုနဲ့ တွဲပြီးတော့ မှားမှန်စစ်တဲ့ တည်းဖြတ်တဲ့အပြင်မှာ တာဝန်ယူတယ်။ ဒါကတော့ 7 day မီဒီယာက ရေးတာ။ ဒါကတော့ Chin World ကရေးတာ။ စသဖြင့် နာမည်တပ်ပြီးတော့ ကိုယ်ရေးတဲ့သတင်းကို ကိုယ်တာဝန်ယူတဲ့သဘော ရှိတယ်။ ဆိုတော့ ဆိုရှယ်မီဒီယာမှာ အဲဒါမျိုးက ရှိလည်းရှိတယ်။ မရှိတာလည်း အများကြီးပါပဲ။ ဆိုတော့ ဆိုရှယ်မီဒီယာနဲ့ ကျွန်တော်တို့ သိမ်းကြံုးပြိးပြောရင်တော့ နည်းနည်းတော့ ခံရခက်တယ်။ ဒါပေမယ့် Main Stream Media ကတော့ Main Stream Media ပီသအောင် မှားမှန်ခွဲခြားခြင်းနဲ့ တည်းဖြတ်ခြင်းရယ်ကို ဒီထက်ပို အားကောင်းအောင် လုပ်မယ်ဆိုရင် တော်တော်ကြီးကို ကွဲသွားမယ့်သဘောရှိတယ်။

နောက်တစ်ခုကကျတော့ ခုနက ဥပဒေအကြောင်းကို ပြောမယ်ဆိုရင် ဥပဒေမှာ အားနည်းချက်တွေရှိတယ်။ သတင်းမီဒီယာ ဥပဒေကိုယ်၌ကိုက အားနည်းချက်ရှိတယ်။ နောက် ကျွန်တော်လည်း ပြောဖူးတယ်။ ကျွန်တော်တို့ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ရှိရင် သတင်းရခွင့်ပဲမဟုတ်ဘူး လွတ်လပ်ခွင့်ပါ အားလုံးခြံုပြောရင် စိန်ခေါ်မှုတွေက ဟိုအရင်ကတည်းက ရှိတယ် အခုလည်းရှိတယ်။ နောက်လည်း ရှိမယ်လို့ထင်တယ်။ တစ်ခုက ဥပဒေပေါ့ ဥပဒေမှာ သတင်းမီဒီယာ ဥပဒေတင်ပဲ မကပဲနဲ့ ဥပမာဆိုရင် ပြစ်မှုဆိုင်ရာ ဥပဒေ နောက်တစ်ခါ အသရေဖျက်မှုနဲ့ တရားစွဲတာတို့ ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲတာတို့ စသဖြင့် အဲဒါမျိုးတွေရှိတယ်။ အဲတော့ အခြားအမှုတွေလည်း ရှိသေးတယ်။ အဲဒါတွေအားလုံးရဲ့ လွှမ်းမိုးမှုက တိုင်းပြည်တစ်ခုတည်းမှာ ရှိတဲ့အတွက်ကြောင့်မို့လို့ အဲဒါကပေးတဲ့ အဲဒီအောက်မှာရှိတဲ့ သတင်းလွတ်လပ်ခွင့်ပေါ့။ ကျွန်တော်တို့က ကမ္ဘာပေါ်မှာ တတိယအဆိုးဆုံး သတင်းလွတ်လပ်ခွင့် ဘဝ ၁၇၀ ကျော်ကနေပြီးတော့ ၁၄၀ လောက်ကို အတင်း တွယ်ကပ်ပြီးတက််လို့ ၁၄၄ လောက်ကို ရောက်လာတယ်။ သွားစရာလမ်းက အများကြီးရှိတယ်။ ဆိုတော့ အများကြီး ကျွန်တော်တို့ လုပ်ရဦးမယ်။ အဲတော့ ဒီဥပဒေတွေက သတင်းပေါ်မှာ ပံ့ပိုးမှုရှိတယ်။

နောက်တစ်ခုက ကျွန်တော်တို့ကိုယ်တိုင် အရည်အချင်းတွေ အရည်အသွေးတွေ သတင်းသမားတွေရော Professional ပီသပြီလား။ ကိုယ်ရော ကျင့်ဝန်တွေနဲ့ ညီပြီလား။ ကိုယ့်ရဲ့စကေးတွေကိုရော မြင့်တင်နိုင်ပြီလား။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့လုပ်နေတဲ့ သတင်းမီဒီယာကောင်စီနဲ့ အခုလုပ်နေတဲ့ MDI တွေနဲ့ အဲဒါတွေအကုန်လုံးကို တတ်နိုင်သလောက် သုံးနေရာစလုံးကနေပြီးတော့ ချဉ်းကပ်ဖို့ ကြိုးစားတယ်။ မြင့်တက််ဖို့ ကြိုးစားတယ်။ ဒါပေမယ့် ရှိနေဦးမယ်လို့တော့ ယူဆတယ်။ ချက်ခြင်း ပျောက်သွားဖို့တော့ မလွယ်ဖူး။ ဥပမာ Media owner ship ကဏ္ဍက ကျွန်တော်မြင်တယ် ဥပဒေတွေဘက်သာ ကျွန်တော်တို့ ပြင်ရင် ပြင်လို့ရမယ် အဲဒါကိုတော့ ပြင်လို့ရမှာမဟုတ်ဘူး။ အဲဒီလွှမ်းမိုးမှုသည် အတော်ကြာ ရှိနေမယ်။ ပိုဆိုးချင်လည်း ပိုဆိုးလာမယ်။ အစတုန်းကတော့ ကျွန်တော်တို့ ငွေ သိန်းဂဏန်း သန်းဂဏန်းလောက် စသည်ဖြင့် အများကြီးဖြစ်လာတဲ့အခါမှာ အဲဒါက အရေးကြီးလာမယ်လို့ ကျွန်တော်ထင်တယ်။

နောက်တစ်ခုက ကျွန်တော်တို့က ဥပဒေလို့ ပြောကြတဲ့အခါမှာ ကျွန်တော်တို့ ဘက်ကရော သူတို့ဘက်ကရော သူတို့ဘက်ကဆိုတာ အစိုးရဘက်ကရော အစိုးရနဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေပေါ့နော်။ အဲဒီစကားလုံးကို အကောင်းဘက်က မစဉ်းစားဘဲနဲ့ မကောင်းတဲ့ဘက်က စဉ်းစားမယ်ဆိုရင် ကျွန်ောတ်တို့ သတင်းသမာဘက်က ဥပဒေအရ သွားတောင်းမယ်ဆိုရင် ဥပဒေအရပြောရင်လည်း မင်းတို့က ဥပဒေအရ ပြောရအောင် ဘာကောင်တွေလဲဆိုတဲ့ အမြင်မျိုးနဲ့ ပြန်ကြည့်တာပေါ့နော်။ ငါတို့ကို ခြိမ်းခြောက်သလားဆိုတဲ့ အမြင်နဲ့ ပြန်ကြည့်တယ်။ ငါတို့ကတော့ ကိုယ့်ရပိုင်ခွင့်လေးအတွက် ပြောကြည့်ကြတာ။ ဥပဒေအရ ခင်ဗျားတို့ ဖြေဖို့ရှိတယ်။ ဥပမာ လွယ်လွယ်ပြောလို့ရှိရင် သတင်းမီဒီယာ ဥပဒေအရ အရေးကြီးသတင်းက ၂၄ နာရီအတွင်း ပြန်ဖြေရမယ်။ နောက် အချက်အလက်တောင်းတဲ့ဟာက ၁၄ ရက်နဲ့ ၁၅ ရက်အတွင်း ပေးရမယ်ဆိုတာ ပါတယ်။ ဒါပေမယ့် အဲဒါကို သတင်းမီဒီယာတွေကိုယ်တိုင်က ရေးတယ်။ ကျွန်တေ်ာတို့လည်း ပါပါတယ်။ ပြန်ကြားရေးတို့ ဘာတို့နဲ့ ကျွန်တော်တို့ ညှိပြီး ရေးကြတဲ့အခါမှာ ကျွန်တော်တို့ လိုချင်တာတွေ အပြည့်မရတာရှိတယ်။ ကျွန်တော်တို့က ပြဿနာတစ်ခုခုဖြစ်ရင် သတင်းမီဒီယာကောင်စီကို တိုင်ကို တိုင်ရမယ်လို့ ရေးချင်တယ်။ သူတို့က တိုင်နိုင်သည်ပဲ ရေးထားတယ်။ တိုင်နိုင်သည်ဆိုတော့ မတိုင်လည်းနေပေါ့။ အဲလိုပဲ သတင်းမီဒီယာဥပဒေမှာ သတင်းတောင်းခံတဲ့သူက ပြောထားတယ်။ ပေးချင်လည်းပေး မပေးချင်လည်း မပေးဘူးပေါ့။ ဒါပေမယ့် ကျွန်တော်က ကျွန်တော်တို့ဘက်ကိုလည်း ပြောတယ်။ အစိုးရနဲ့ ပတ်သက်တဲ့ ဘက်ကိုလည်း ပြောတယ်။ အခုလက်ရှိမှာ ရေးပြီးသား ဥပဒေကြမ်းတစ်ခု ရှိတယ်။မဖြစ်သေးဘူး။ Right to Information ဆိုတာ အိုင်ဒီယာလို့ ခေါ်ကြတယ်။ ဒါက ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့် သတင်းသမားထက်တော့ ပိုပြီးတော့ ကျယ်ပြန့်သွားပြီ။ အဲဒီဟာက အကြမ်းရေးပြီးနေပြီ။ ကျွန်တော်တို့ ဘဝင်မကျသေးလို့ လွှတ်တော်ကို မတင်သေးတာ။ ပြင်စရာလေးတွေလည်း ရှိသေးလို့။ အဲဒီဟာအရဆိုရင်တော့ အရေးယူတာလည်း ပါလာလိမ့်မယ်။ အဲတော့မှ တကယ်ကို အရေးယူမှာ။ မပြောရင် သူတို့ကို အလုပ်ဖြုတ်တို့၊ ထောင်ချတို့၊ ဒဏ်ငွေဆောင်တို့ ပါလာတော့မှာ။ အဲဒါကြီးက ပိုပြီးတော့ ကြီးတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်နိုင်ငံတွေမှာရှိပြီး နိုင်ငံခြားတွေဖြစ်တဲ့ သီရိအင်္လာရှိတယ်၊ နီပေါရှိတယ်၊ ပြဿနာဖြစ်ပြီး လူပြောများတဲ့ ဘန်ကောက်မှာတောင် ရှိတယ်။ ကျွန်တော်တို့မှာ မရှိသေးဘူး။ အဲဒါက လာတော့မှာ။ အဲဒါလာပြီးရင်တော့ အစိုးရအရာရှိလိုမျိုး မပြောလို့ကို မရတော့ဘူး။ အရေးယူတဲ့အဆင့်တွေ ပါလာလိမ့်မယ်။ ဒါပေမယ့် အရေးယူရတယ်ဆိုလည်း ဘယ်ကောင်းပါ့မလဲ။ သွားမေးတာ မဖြေလို့ ထောင်ကျတယ်ဆိုတော့လည်း တစ်မျိုးကြီး ဒါပေမယ့် ကျွန်တော်ဖြစ်စေချင်တာကတော့ ဟိုဘက် ဒီဘက် Relation ပိုကောင်းစေချင်တယ်။

အခုဆိုရင် ဝန်ကြီးဌာန ၃၆ ခုမှာ ၃၆ ခုစလုံး သတင်းသမားတွေအတွက် အခန်းပေးထားတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှာရော ကျန်းမာရေး ဝန်ကြီးဌာနမှာရော အဲဒီမှာ မင်းတို့ လာထိုင်ဆိုပြီးတော့ အဲမှာ တစ်ခါတည်းမေး တစ်ခါတည်းဖြေ အဲလိုမျိုးတွေ ရောက်လာရင် ပိုကောင်းတာပေါ့။ ကျွန်တော်တို့ဘက်က ဥပဒေအရ အတင်းအကြပ်ပြောပြီး မပြောရင် ထောင်ချမယ်ဆိုတာမျိုးထက် သူတို့ဘက်က ပြောတာမျိုး။ ဘာကြောင့်လဲဆိုတော့ သတင်းသမားကလည်း သတင်းယူတယ်ဆိုတာ ပြည်သူသိပိုင်ခွင့်နဲ့ ကိုယ်စားပြုပြီးတော့ ယူပေး ရှာပေးတာ။ ပြောတဲ့သူကလည်း သူက အစိုးရအရာရှိလို့ လွယ်လွယ်ပြောတာပေါ့နော်။ အစိုးရလွှတ်တော် အာဏာပိုင်အဖွဲ့အစည်း သုံးခု ကျွန်တော်တို့က စောင့်ကြည့်ရမယ်လို့ လှမ်းမှာလိုက်တယ်။ သူတို့ကလည်း တကယ်ဆိုရင် ပြည်သူ့ဘဏ္ဍာကို စားနေတဲ့ အဖွဲ့အစည်းတွေ၊ ပြည်သူ့ဘဏ္ဍာ စားနေတဲ့ အဖွဲ့အစည်းတွေက ပြည်သူတွေရဲ့ မျက်နှာကို ကြည့်ပြိးတော့ မေးရင် ဖြေရမယ်ဆိုတဲ့ သဘောရှိတယ်။ ဆိုတော့ သူတို့ဘက်ကလည်း ငါတို့ ဖြေဖို့တာဝန်ရှိတာ အလကား လာရှုတ်တယ်လို့ သဘောမထားပဲနဲ့ ဖြေဖို့ တာဝန်ရှိတယ်လို့ပဲ သဘောထားမယ် ဖြေဖို့လည်း ခုနကလို လူတွေရှာပြီးတော့ ပြင်ဆင်ထားမယ်။ ကျွန်တော်တို့ဘက်ကလည်း ဘယ်သူက တစ်ခါတစ်လေမှာကျတော့လည်း ကျွန်တော်တို့ဘက်က လွဲတာတွေလည်းရှိတယ်။ ဥပမာ ကျန်းမာရေးဘက်ကို မေးတယ် ရန်ကုန်မှာ ဆိပ်ကမ်းဘယ်နှစ်ခုလဲလို့ မေးတဲ့အခါမှာ ကျန်းမာရေးခေါင်းစဉ်အောက်မှာရှိတဲ့ အဖွဲ့အစည်းတစ်ခုကိုပဲ မေးလိုက်မယ်။ အဲဒီအဖွဲ့အစည်းက အဲဒါနဲ့မဆိုင်ဘူးလို့ သူ မဖြေနိုင်ဘူး။ ဥပမာ ဆေးကောင်စီနဲ့ ကျန်းမာရေးဦးစီးဌာနနဲ့ ဘယ်လိုလဲ မေးရမယ်ဆိုတာကို ကျွန်တော်တို့ဘက်ကလည်း လွဲချင်လည်း လွဲသွားနိုင်တယ်။ ဆိုတော့ အဲဒါမျိုး ချက်ခြင်းမေးတာနဲ့ ကျွန်တော်တို့ဘက်ကသာ မကျေနပ်ဘူးပေါ့။ သူတို့ဘက်ကကျလည်း ငါနဲ့မဆိုင်တာ ငါ့လာမမေးနဲ့ဆိုတော့ ဟိုဘက်ဒီဘက် အစိုးရဆိုတဲ့ ကောင်စီနဲ့ မီဒီယာနဲ့ကတော့ အပြန်အလှန် နားလည်ဖို့ရယ် အပြန်အလှန် သတင်းChannal ချန်နယ်တွေ ဖွင့်ထားဖို့ရယ် လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။

အပိုင်း(၁)အားအောက်ပါတွင် သွားရောက်ကြည့်နိုင်သည်-http://www.mizzimaburmese.com/article/20244

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly