People မဂ္ဂဇင်းက 'The Rock' ကို ယခုနှစ်အတွက် ဆွဲဆောင်မှုအရှိဆုံးယောင်္ကျားအဖြစ်ရွေးချယ်

People မဂ္ဂဇင်းက 'The Rock' ကို ယခုနှစ်အတွက် ဆွဲဆောင်မှုအရှိဆုံးယောင်္ကျားအဖြစ်ရွေးချယ်

People မဂ္ဂဇင်းက ယခုနှစ်အတွက် ဆွဲဆောင်မှုအရှိဆုံးယောင်္ကျားအဖြစ် နပန်းသမားမှ မင်းသားအဖြစ်သို့ကူးပြောင်း ခဲ့တဲ့ The Rock တဖြစ်လည်း လူသိများတဲ့ Dwayne Johnson ကို သတ်မှတ်ခဲ့ပါတယ်။

သူဟာ ၂၀၁၆ခုနှစ်အတွက် ရုပ်ရည်သွင်ပြင်မှာ ဆွဲဆောင်မှုအရှိဆုံး ယောင်္ကျားအဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး အခြားနာမည်ကြီးများဖြစ်တဲ့ Johnny Depp, George Clooney, Matt Damon, David Beckham, Brad Pitt, Ryan Reynolds တို့ဟာလည်း လွန်ခဲ့တဲ့နှစ်များက ယခုလို အရွေးချယ်ခံခဲ့ရဖူးပါတယ်။

Johnson ဟာ အရပ် ၆ပေ ၅လက်မရှိပြီး ကိုယ်အလေးချိန် ၂၄၅ ပေါင် ရှိကာ ဒဏ္ဍာရီသူရဲကောင်း ဟာကြူလီနှင့် တူသော သူ့ရဲ့ဟန်ပန်ကြောင့် လူသိများထင်ရှားသူဖြစ်ပါတယ်။

Ref: Reuters, New York Times

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly