မြန်မာသီချင်းကြီးတွေကို ဘာကြောင့် မကြိုက်ကြတော့တာလဲ

မြန်မာသီချင်းကြီးတွေကို ဘာကြောင့် မကြိုက်ကြတော့တာလဲ

ကျွန်မတို့လူငယ်တွေက ဂီတကိုကြိုက်ကြတယ် ဂီတကိုမြတ်နိုးကြတယ် ကျွန်မတို့တွေ Pop,Rock,Pank နဲ့ Alternative သီချင်းတွေကို နားထောင်ကြတယ် ကျွန်မတို့လူငယ်တွေကြားမှာ ပျောက်ဆုံးနေတဲ့ ဂီတတစ်ခု ရှိတယ်။ အဲ့ဒါကတော့ မြန်မာတေးသီချင်းကြီးတွေပါ ဘာကြောင့်လူငယ်တွေ   မြန်မာတေး သီချင်းကြီးတွေ နားမထောင်ကြတော့လဲ ဒီအဖြေကိုသိရဖို့အတွက် ကျွန်မသူငယ်ချင်းတွေဆီ အခုပဲလိုက်မေးကြည့်ပါမယ်။

 

 

ညီမ သိပ်မကြိုက်တာလည်း ပါတယ် ဟိုတုန်းကဟာတွေ အဲ့လိုအေးအေးကြီးတွေကို မကြိုက်ဘူး။ ညီမက ပြင်းပြင်းလေးနဲ့ အဲ့လိုမျိုးတွေကို သဘောကျတာ အဲ့လိုမျိုးအိမ်က မိဘတွေကလည်း သိပ်ပြီးတော့ အဲ့လိုမျိုး မဖွင့်ကြဘူးလေ အဲ့လိုမျိုးလဲပါတယ်။ နားထောင်တယ် အဲ့လိုမျိုးကြီးကို မကြိုက်တာ သူတို့က ဆိုလို့ရှိရင် ဖြေးဖြေးအေးအေးလေးနဲ့ အဲ့လိုမျိုးကြီးကို မကြိုက်တာ အဲ့လိုမျိုး အဲ့ဒါကြောင့်မို့ သိပ်နားမထောင်ဖြစ်ဘူး။

 

 

 

အခုခေတ်က ခေတ်ပြောင်းလဲလာတာနဲ့ အမျှပေါ့နော် သီချင်းတွေက လူငယ်တွေအားလုံးက မြူးတဲ့ဘက်ကို ပိုပြီးကြိုက်လာတယ် ဟိုးရှေးသီချင်းတွေက ခံစားချက်ပေါ့ အဲ့လိုမျိုးရေးဖွဲ့ထားတယ်။ ဒီဘက်ကကျတော့ ခံစားချက် မပါဘူးလို့လဲပြောချင်တာပေါ့။ ခံစားချက်နည်းနည်းတော့မဲ့တယ် အပျော်ဘက်ကိုပဲ ဦးစားပေးထားတာ အဲ့ဒါကြောင့်မို့ နားမထောင်ဖြစ်တော့ဘူး။

 

 

 

ညီမတို့က အခုခေတ်မှာမွေးလာတဲ့ ကလေးတွေလဲဖြစ်တယ်။ ပြီးတော့ ဟိုတုန်းက သီချင်းကြီးတွေနဲ့ ကျတော့ ကိုယ်တွေကလဲ ဖွင့်လေ့ဖွင့်ထ မရှိဘူး ပတ်ဝန်းကလဲ ကြားလေ့ကြားထ မရှိဘူး တစ်ခါသလေ ကိုယ့်ရဲ့ မိဘတွေက ဖွင့်ရင်တောင်မှ နားထောင်လေ့ရှိပင်မဲ့ ကိုယ်တွေရဲ့ခံစားချက်နဲ့လုံးဝ မတိုက်ဆိုင်တဲ့အခါတွေလဲ ရှိတယ်။

 

 

 

 

ဟိုအရင်တုန်းက သီချင်းတွေကနည်းနည်း ကွေ့ဝိုက်တာတွေများတယ်လေ အဲ့ဒါကြောင့်မို့ ကျွန်တော်က အခုခေတ်သီချင်းကို ပိုသေဘာကျတယ်   ကောင်းတော့ကောင်းပါတယ် တစ်ချို့ဟာတွေက ကျွန်တော်တို့ သိပ်နားထဲမှာ နားထောင်လို့မရတော့ဘူး။

 

 

 

နားထောင်ရင်းနဲ့ အိပ်ပျော်သွားတယ် ပြီးသွားရင် သူကကျတော့ အရမ်းသံစဉ်တွေက ပျင်းဖို့ကောင်းတယ် ဟိုရိုးရိုးကြီးနဲ့ တစ်ပြေးထဲဆိုနေသလိုပဲ ဟိုအခုခေတ်ပေါ်တဲ့ သီချင်းတွေကြတော့ နည်းနည်းလေး မြူးတယ်စိတ်က စိတ်ညစ်နေရင်တောင်မှ အဲ့ဒါလေးနားထောင်လိုက်ရင် ပျော်ဖို့ကောင်းသွားတယ်။

 

 

 

မြန်မာသီချင်းကတော့ ကျွန်တော်တို့ လူမျိုးအနေနဲ့ကြည့်ရင် ကောင်းပါတယ် စာသားတွေလဲ အရမ်းကောင်းပါတယ် ဒါပေမယ့် ဟိုဟာပေါ့ စော်ကားကြတာလဲ မဟုတ်ပါဘူး ဒါပေမယ့် အခုခေတ် လူငယ်အတိုင်းအတာနဲ့ကြည့်ရင် လူတိုင်းကခံစားချက်တော့ ရှိကြတာပဲ။ သူ့ခံစားချက် ရှိတဲ့အတိုင်း အတာ တစ်ခုကျတော့ ဒီသီချင်းတွေက အရမ်းမြင့်သွားပြီဆိုတော့ ခံစားလို့တော့ သိပ်မရတော့ဘူး။

 

 

 

 

အခုခေတ် လူငယ်တွေ ကျတော့ပေါ့နော် အနောက်တိုင်း ယဉ်ကျေးမှုတွေကို ကူးစက်လာပြီးတော့မှ အခုခေတ် ပေါ်လာတဲ့သီချင်းတွေကို များသောအားဖြင့် နားထောင်ကြတယ် အရင်သီချင်းတွေကို နားမထောင်ကြဘူး အဲ့လိုမျိုးပုံစံတွေ ဖြစ်လာတယ်လို့ထင်ပါတယ်။

 

 

 

 

ညီမကတော့ မကြိုက်ဘူး Hip Hop သီချင်းတွေပဲကြိုက်တယ် မြူးမြူးလေးတွေပဲ ကြိုက်တယ် ဆွေးနေရတာမျိုး မကြိုက်လို့ နားမထောင်တော့ဘူးလို့ ထင်ပါတယ်။

 

 

 

 

အခုအရင်သီချင်းကြီးတွေက ပြင်းဖို့လဲကောင်းတယ် အရမ်းပြင်းစရာကောင်းပြီးတော့ဗျာ သိပ်လဲ နားမထောင်ဖြစ်တော့ဘူး ကြိုက်လဲမကြိုက်ပါဘူး။   ရှေးခေတ်တုန်းက မြန်မာသီချင်းတွေက အရှည်ကြီးတွေ ဖြစ်ပြီးတော့ ပျင်းပြီးတော့ နားထောင်လို့မကောင်းဘူး အခုခေတ်တွေကကြတော့ Rap တွေကကျတော့ လူငယ်တွေ အကြိုက်ဖြစ်တဲ့အတွက် ရှေးခေတ်သီချင်းကို လူငယ်တွေက သိပ်နားမထောင်တော့တာလို့ ထင်ပါတယ်။

 

 

 

ကဲ…. ကျွန်မရဲ့သူငယ်ချင်းတွေကတော့ လူငယ်တွေ မြန်မာတေးသီချင်းကြီးတွေကို နားမထောင် ကြတော့တာလဲ။ ဒီအဖြေကို သူတို့ပြောပြသွားခဲ့ပြီးပါပြီ သူငယ်ချင်းတို့မှာရော မြန်မာ တေးသီချင်းကြီးတွေကို လူငယ်တွေ ဘာကြောင့် နားမထောင်ကြတော့ တာလဲဆိုတဲ့အဖြေရှိမယ်ဆိုရင် ကျွန်မတို့ရဲ့ YOPE FB နဲ့ YOPE WEB တွေမှာ ဝင်ရောက်ပြီးတော့ Comment လေးတွေပေးသွားကြပါဦး။

 

 

(ဤအစီအစဉ်သည် မဇ္ဈိမ မီဒီယာမှ စီစဉ်ထုတ်လုပ်သည့် YOPE လူငယ်အစီအစဉ်တွင် ပါရှိသည့် အင်တာဗျူးဖြစ်သည်။ YOPE အစီအစဉ်များကို https://www.facebook.com/yopemyanmar/ သွားရောက် ကြည့်နိုင်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly