Game of Thrones ဇာတ်ကား ၂၀၁၅ အမ်မီဆုဆန်ခါတင် စာရင်း၌ ထိပ်ဆုံးမှ ဦးဆောင်နေ

Game of Thrones ဇာတ်ကား ၂၀၁၅ အမ်မီဆုဆန်ခါတင် စာရင်း၌ ထိပ်ဆုံးမှ ဦးဆောင်နေ

Game of Thrones ဇာတ်ကားသည် ၂၀၁၅ ခုနှစ် Emmy ဆု ဆန်ခါတင် စာရင်းတွင် ဆု ၂၄ ဆုဖြင့် ဆုရရှိမှု စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။ American Horror Story: Freak Show နှင့် Olive Kitteridge ဇာတ်ကားတို့သည် ဆု ၁၉ ဆုနှင့် ၁၃ ဆုချီးမြှင့်ရန် ရွေးချယ်ခြင်းခံ ထားရသည်။

House of Cards နှင့် Mad Men ဇာတ်ကားတို့သည် ဆု ၁၁ ဆု ချီးမြှင့်ရန် ရွေးချယ်ခြင်း ခံထားရပြီး Downton Abbey နှင့် Wolf Hall ဇာတ်ကားတို့သည် ဆု ရှစ်ဆု ချီးမြှင့်ရန် ရွေးချယ်ခြင်း ခံထားရသည်။

သရုပ်ဆောင်မင်းသား ရစ်ကီဂါဗစ်သည်  Derek Special ဇာတ်ကားဖြင့် အကောင်းဆုံး သရုပ်ဆောင် မင်းသားဆု ဆန်ခါတင် စာရင်းတွင် ပါဝင်နေပြီး ဒေးဗစ်အိုရဲလိုဝါးသည်လည်း  Nightingale ဇာတ်ကားတွင် ပီတာ စနှိုဒန်အဖြစ် သရုပ်ဆောင်မှုဖြင့် အကောင်းဆုံး သရုပ်ဆောင် မင်းသားဆု ဆန်ခါတင်စာရင်းတွင် ပါဝင်နေသည်။

Wolf Hall ဇာတ်ကားဖြင့် မင်းသား မက်ခ် ရာလန်စ်သည်လည်း အကောင်းဆုံး သရုပ်ဆောင် မင်းသားဆု ဆန်ခါတင် စာရင်းတွင် ပါဝင်နေကာ မက်ခ်၊ ဂါဗစ်နှင့် ဒေးဗစ်တို့သည် အကောင်းဆုံး သရုပ်ဆောင် မင်းသားဆု အတွက် ယှဉ်ပြိုင်လျက်ရှိသည်။

ဒါမင်လူးဝစ်သည် Henry VIII in Wolf Hall ဇာတ်ကားဖြင့် ဇာတ်ပို့မင်းသားဆု ဆန်ခါတင် စာရင်းတွင် ပါဝင်နေသည်။

အမ်မာသွမ်ဆင်သည် Sweeney Todd: The Demon Barber Of Fleet Street Live From Lincoln Center ဇာတ်ကားဖြင့် အကောင်းဆုံး သရုပ်ဆောင်မင်းသမီးဆု ဆန်ခါတင်စာရင်းတွင် ပါဝင်နေပြီး မင်းသမီး မက်ဂီဂျက်နဟိုသည် ဘီဘီစီ ဒရမ်မာ ဇာတ်ကား  The Honourable Woman ဖြင့် အကောင်းဆုံးသရုပ်ဆောင် မင်းသမီးဆု ဆန်ခါတင်စာရင်းတွင် ပါဝင်နေသည်။

ကွင်းလက်တီဖက် ၊ ဂျက်ဆီကာလိန်း၊ ဖီလစ်စီးတီဟက်ဖ်မန်နှင့် ဖရက်စ်မက်စ်ဒေါ်မန်ဒ်တို့သည်လည်း အကောင်းဆုံး သရုပ်ဆောင် မင်းသမီးဆု ဆန်ခါတင်စာရင်းတွင် ပါဝင်နေသည်။

Emmy Award ဆုပေးပွဲကို စက်တင်ဘာ ၂၀ ရက်တွင် လော့စ်အိန်ဂျလိစ်မြို့၌ ပြုလုပ်သွား မည် ဖြစ်ပြီး Brooklyn Nine-Nine ဇာတ်ကားမှ မင်းသားအန်ဒီဆမ်ဘက်က အစီအစဉ်မှူးအဖြစ် ဆောင်ရွက်သွား မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly