ရုပ်ရှင်မင်းသားကြီး Aubrey Morris ကွယ်လွန်

ရုပ်ရှင်မင်းသားကြီး Aubrey Morris ကွယ်လွန်

ကမ္ဘာကျော် A Clockwork Orange ဇာတ်ကားထဲမှ မင်းသား Aubrey Morris [အပ်ဘရီ မောရစ်(စ်)] မှာ ဇူလိုင် ၁၅ ရက်က ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။ သူကွယ်လွန်ချိန်တွင် အသက် ၈၉ နှစ်ရှိပြီ ဖြစ်သည်။

မင်းသား Morris သည် သရုပ်ဆောင်လောကတွင် ဆယ်စုနှစ် ငါးခုကျော် ကျင်လည်ခဲ့သူ ဖြစ်ပြီး The Wicker Man ဇာတ်ကားနှင့် Lisztomania ဇာတ်ကားများဖြင့်လည်း လူသိများခဲ့သည်။

Morris အား ၁၉၂၆ ခုနှစ်၌ Portsmouth တွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ သူတို့ မိသားစုတွင် ညီအစ်ကို မောင်နှမ စုစုပေါင်း ကိုးယောက်ရှိကာ ၎င်းတို့ အားလုံးမှာ အနုပညာကို မြတ်နိုးကြသူများ ဖြစ်သည်။ သူ၏ ညီဖြစ်သူ Wolfe Morris မှာလည်း

ထင်ရှားသော သရုပ်ဆောင်တစ်ဦး ဖြစ်သည်။ သရုပ်ဆောင် Aubrey Morris မည်သည့် ရောဂါဖြင့် ကွယ်လွန်သွားကြောင်းကိုမူ မသိရှိရသေးပေ။

Ref: The Hollywood Reporter

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly