The Rock က အနာဂတ်မှာ နိုင်ငံရေးလောကထဲ ဝင်ရောက်လာဖို့ရှိကြောင်းပြောကြား

The Rock က အနာဂတ်မှာ နိုင်ငံရေးလောကထဲ ဝင်ရောက်လာဖို့ရှိကြောင်းပြောကြား

ပရော်ဖက်ရှင်နယ် နပန်းသမား "The Rock"  ဟာ ဟောလိဝုဒ်ရုပ်ရှင်လောကထဲကို Dwayne Johnson ဆိုတဲ့အမည်နဲ့ ခေါင်းဆောင်မင်းသားနေရာကနေ ဝင်ရောက်လာပြီးနောက် သူ့ရဲ့ နောက်ထပ်စိတ်ကူးကတော့ နိုင်ငံရေးကြိုးဝိုင်းထဲကို ဝင်ရောက်လာဖို့ဖြစ်ပြီး ဖြစ်နိုင်ရင်တစ်နေ့နေ့မှာ အိမ်ဖြူတော်ကို အုပ်ချုပ်တဲ့သူ အထိဖြစ် လိုကြောင်းပြောပါတယ်။

ဒါဟာ နိုင်ငံရေးစက်ဝန်းထဲမှာ ပထမဦးဆုံးအကြိမ်အဖြစ် Johnson ရဲ့နာမည်ကို ဖော်ပြခံရတာ တော့မဟုတ်ပါဘူး။

အသစ်ထွက်ရှိလာမယ့် ဒစ်စနေး ကာတွန်းကားသစ် "Moana" မှာ နတ်တစ်ပိုင်းလူတစ်ပိုင်း Maui အဖြစ်အသံသရုပ်ဆောင်ထားပြီး အသက်၄၄နှစ်ရှိပြီဖြစ်တဲ့ Johnson  ပြောတာကတော့ ပြီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲဟာ စိတ်လှုပ်ရှားမှုအတိဖြစ်ပြီး သူ့ကို ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ဖို့ စိတ်ဝင်စားစေတယ်လို့ Reuters ကိုပြောပါတယ်။

"The Fast and the Furious" ဇာတ်ကားတွေရဲ့ စတားမင်းသား Johnson ကတော့ “ကျနော့်ရဲ့နိုင်ငံကို ကျနော်အရမ်းချစ်ပါတယ်၊ ကျနော်ဟာအလွန်မျိုးချစ်သူတစ်ယောက်ပါ၊ ပြီးတော့ အခုလောလောဆယ် ကျနေ်ာခံစားနေရတာကတော့ ခေါင်းဆောင်မှုဟာ အလွန်အရေးပါပါတယ်၊ ကြီးမြတ်တဲ့ခေါင်းဆောင်မှု နဲ့ လေးစားသမှုပြုခံရတဲ့ ခေါင်းဆောင်မှုဟာအလွန်အရေးပါပါတယ်” လို့ ပြောခဲ့ပါတယ်။

သမ္မတအဖြစ် အရွေးကောက်ခံမှာလားလို့ မေးမြန်းခဲ့မှုအပေါ်မှာလည်း “ ကျနော်ဟာ ဒီနိုင်ငံသားတွေ အတွက် ကောင်းမွန်တဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ်ခံစားမိတဲ့ တစ်နေ့၊ ကျနော့်ဘေးနားမှာ အရည်အသွေးမြင့် ခေါင်းဆောင်ကောင်းတွေပြည့်နေတဲ့ တစ်နေ့ကျရင်တော့ ကျနော် သေချာပေါက်ဝင်အရွေးခံမှာပါ” လို့ဖြေခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly