Dr Strange က US box office ထိပ်ဆုံးနေရာကို ခိုင်ခိုင်မာမာ ဆက်လုပ် ဆုပ်ကိုင်ထားဆဲ

Dr Strange က US box office ထိပ်ဆုံးနေရာကို ခိုင်ခိုင်မာမာ ဆက်လုပ် ဆုပ်ကိုင်ထားဆဲ

Dr Strange က ဒုတိယအပတ်မှာလည်း US box office ထိပ်ဆုံးမှာရှိတဲ့ သူ့နေရာကို ဆက်လက်ထိန်းသိမ်းထားပြီး Disney ကုမ္ပဏီရဲ့ စံချိန်ချိုးတဲ့ နှစ်တစ်နှစ်ကို ဖြစ်စေခဲ့ပါတယ်။

Disney နဲ့ Marvel တို့ရဲ့ ရုပ်ရှင်မှာ Benedict Cumberbatch က ခေါင်းဆောင် ပါ၀င်ထားပြီး ပြီးခဲ့တဲ့သောကြာနဲ့ တနင်္ဂနွေကြားထဲမှာ ဒေါ်လာ၄၃သန်း ထပ်မံရရှိထားပါတယ်။

Disney ကုမ္ပဏီ  ဟာ တစ်ကမ္ဘာလုံး box office မှာ ထိပ်ဆုံးနေရာကို ဒေါ်လာ ၆ ဘီလျံဖြင့် ရောက်ရှိခဲ့ပြီး သူတို့ရဲ့ စံချိန်တင်ဝင်ငွေအကောင်းဆုံး နှစ်တစ်နှစ်အဖြစ် မှတ်တမ်း ၀င်ထားပါတယ်။

ပြည်တွင်း box office မှာလည်း မနှစ်က စံချိန်တင် ၀င်ငွေဒေါ်လာ ၂.၂၇ ဘီလျံမှတ်တမ်းကို ယခုနှစ် ၂.၃ ဘီလျံဖြင့် ကျော်ဖြတ်သွားပြီး စံချိန်မှတ်တမ်းသစ် တစ်ရပ်ကို ပိုင်ဆိုင်ထားပါပြီ။

ယခုအပတ်  US box office ရဲ့ ဒုတိယနေရာမှာတော့ Fox နဲ့ Dreamwork  ကုမ္ပဏီ တို့ရဲ့ ကာတွန်းဇာတ်ကား Trolls က ခန့်မှန်းဝင်ငွေ ဒေါ်လာ၃၅သန်းဖြင့် ရပ်တည်နေပါတယ်။

Amy Adams နဲ့ Jeremy Renner တို့ ပါ၀င်ထားတဲ့ စိတ်ကူးယဉ် သိပ္ပံဇာတ်ကား “Arrival”ကတော့ သူ့ရဲ့ ပွဲဦးထွက်မှာ ဒေါ်လာ၂၄သန်းရရှိထားပြီး တတိယနေရာမှာ ရပ်တည်နေပါတယ်။

နောက်ထပ်ဇာတ်ကားတွေဖြစ်တဲ့ “Almost Christmas” နဲ့ “Hacksaw Ridge” တို့ကတော့ ဒေါ်လာ ၁၅.၆သန်းနဲ့ ဒေါ်လာ ၁၀.၈သန်းတို့ အသီးသီး ရရှိကာ ထိပ်ဆုံး ငါးနေရာအတွင်းမှာ ရပ်တည်နေကြ ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags