Myanmar DYC စက်ရုံတွင် အလုပ်ချိန်ပိုခိုင်းမှုကြောင့် အလုပ်သမား ၆ဝဝ ကျော် ဆန္ဒပြ

Myanmar DYC စက်ရုံတွင် အလုပ်ချိန်ပိုခိုင်းမှုကြောင့် အလုပ်သမား ၆ဝဝ ကျော် ဆန္ဒပြ
ဓာတ်ပုံ - ဦးအောင်လှိုင်ဝင်း

ရန်ကုန်၊ နိုဝင်ဘာလ ၁၃ ။              ။ မင်္ဂလာဒုံ စက်မှုဇုန်ရှိ Myanmar DYC စက်ရုံတွင် အလုပ်ချိန်ပိုမိုခိုင်းစေမှုကြောင့် အလုပ်ရှင်နှင့် အလုပ်သမားကြား တင်းမာမှုများဖြစ်ပေါ်နေပြီး နိုဝင်ဘာ ၁၅ရက်တွင် ထပ်မံညှိနှိုင်းသွားမည်ဖြစ်ကြောင်း မင်္ဂလာဒုံ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။

ယင်းသို့ အလုပ်ချိန်ပိုမို ခိုင်းစေမှုကြောင့် အလုပ်သမား ၆ဝဝ ကျော်က နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဆန္ဒပြခဲ့ကြကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

" အလုပ်သမားတွေ ဘက်က ပြောတာတော့ စနေနေ့ဆို နေ့တစ်ဝက်ပဲလုပ်ရမှာကို ပိုခိုင်းနေတာ အမြဲတမ်း လုပ်နေရ တဲ့အတွက် မလုပ်နိုင်တော့ဘူးပေါ့နော်။ သည်းမခံနိုင်တော့ဘူးပေါ့ ။ အဲ့ဒီနေ့က အလုပ်သမား တစ်ယောက်ကိုလည်း အ ကြောင်းပြချက် မယ်မယ်ရရမရှိဘဲ သူတို့ကို ပြန်ပြောတယ်ဆိုပြီး အလုပ်ထုတ်လိုက်တဲ့အတွက် ဒီလိုအချက်တွေကို မကျေနပ်တဲ့အတွက် အလုပ်လည်းမလုပ် တော့ဘူးဆိုပြီးတော့ စက်ရုံအပြင်မှာ စုထိုင်နေကြတယ် "၄င်းက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကိုရီးယားအလုပ်ရှင်နှင့် သွားရောက်ညှိနှိုင်းခဲ့ရာ အလုပ်ရှင်ဘက်မှ လိုက်လျော မပေးနိုင် ဟု ငြင်းဆိုခဲ့ပြီး အလုပ်သမားညှိနှိုင်းရေးအဖွဲ့များ ရောက်ရှိလာ၍ ညှိနှိုင်းရာတွင်လည်း ပွင့်လင်းမြင်သာမှုမရှိသည့် အ တွက် အလုပ်သမားများက သူတို့ရှေ့တွင် ညှိနှိုင်းရန်တောင်းဆိုခဲ့ကြောင်း ဦးအောင်လှိုင်ဝင်းက ပြောသည်။

" ဒါပေမယ့် ဒီဘက်က အလုပ်သမားကြီးကြပ်ရေးဌာနက လူတွေရယ်၊ နောက် မြို့နယ်မှာ ပါဝင်တဲ့ အလုပ်သမားကိုယ် စားလှယ်ဆိုပြီးတော့ သူတို့ လူတွေက အလုပ်ရှင် ကိုယ်စားလှယ်တွေဖြစ်နေတယ်။ ညှိနှိုင်းတဲ့အခါ၊ စကားပြောတဲ့ အခါမှာ သူတို့က လုပ်ငန်းရှင်ဘက်က အင်မတန်ကောင်းတဲ့အကြောင်းပေါ့နော်၊ အလုပ်သမားတွေဘက်က အဲ့ဒါကို နား လည်ပေးဖို့ပြောတဲ့အခါကျတော့ အလုပ်သမားတွေ ဝိုင်းအော်တော့ ထွက်ပြေးသွားကြတယ် "ဟု ၄င်းက ပြောသည်။

အဆိုပါ Myanmar DYC စက်ရုံမှာ ယောကျာင်္းစီး ဖိနပ် စက်ရုံဖြစ်ပြီး ကိုရီးယားလူမျိုးများ ပိုင်ဆိုင်သည့် စက်ရုံဖြစ်ပြီး စက် ရုံတစ်ခုလုံးတွင် အလုပ်သမား ၆ ထောင်ခန့်ရှိကာ အမျိုးသမီးဦးရေများကြောင်း၊ ယခုဆန္ဒပြသည်မှာ စက်ရုံ၏ ဆက်ရှင် တစ်ခုသာဖြစ်ပြီး အလုပ်သမား ၆၂ဝ ရှိကြောင်း Myanmar DYC စက်ရုံ အလုပ်သမားတစ်ဦးဖြစ်သူ မကေသီစိုးက ပြော သည်။

" အလုပ်ရှင်နဲ့ အဆင်မပြေဘူးဆိုတာက ကျွန်မတို့ကို အုပ်ချုပ်တဲ့ ဆရာက အရမ်းဆိုးတယ်။ ဆိုးတယ်ဆိုးတာ ပြေလည် ရာ ပြေလည်ကြောင်းမရှိဘူး။ အလုပ်ခိုင်းလို့ရှိရင် အော်တယ် ငေါက်တယ်၊ ဆဲလည်းဆဲတယ်။ တချို့ဆိုလိုရှိရင် အကန်ခံ ရတယ်။ ဒါပေမယ့် သူအလုပ်မှာဆိုတော့ တစ်ချို့ကျတော့လည်း ပြန်မပြောကြဘူး ပေါ့နော်။ ဆန္ဒပြချင်တဲ့ ဆန္ဒရှိတယ်။ ဒါကို ဘယ်လိုဆန္ဒပြရမလဲမသိဘူး။ မနေ့ကကျတော့ မမျှော်လင့်ဘဲနဲ့ စက်ပြင်ကောင်လေးကို အလုပ်ထုတ်တဲ့ ကိစ္စက နေစပြီးတော့ ဆန္ဒပြတဲ့ကိစ္စက ဖြစ်သွားတာ။ "ဟု သူမက ဆိုသည်။

အလုပ်သမားများ၏ အဓိက တောင်းဆိုချက်မှာ ကိုရီးယားအလုပ်သမားခေါင်းဆောင်ကို အလုပ်ထုတ်ရန် တောင်းဆိုခဲ့ သော်လည်း အလုပ်ရှင်ဘက်မှ အခြားအချက်များကို လိုက်လျောပေးခဲ့ပြီး ကိုရီးယား အလုပ်သမားခေါင်းကို အလုပ် ထုတ်ပေး ရန် လိုက်လျောပေးခြင်းမရှိကြောင်း Myanmar DYC စက်ရုံ အလုပ်သမား တစ်ဦးဖြစ်သူ မကေသီစိုးပြောပြချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly