မဲဆွယ်ကာလတွင် လုံခြံုရေးတင်းကြပ်ရမည့် မြို့နယ်များ ကိုပြည်ထဲရေး စိစစ်နေ

မဲဆွယ်ကာလတွင် လုံခြံုရေးတင်းကြပ်ရမည့် မြို့နယ်များ ကိုပြည်ထဲရေး စိစစ်နေ

လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် အဆင့် ၄ ဆင့်ဖြင့် လုံခြုံ ရေး ယူသွားမည်ဖြစ် ပြီးနိုင်ငံရေး ပါတီများ မဲဆွယ်စည်းရုံးမည့်ကာလတွင်လည်း လုံခြုံရေး တင်းကြပ်သင့်သည့် မြို့နယ်များကို စိစစ်နေသည် ဟုပြည် ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြော သည်။

ရွေးကောက်ပွဲ လုံခြုံရေးအတွက် မဲဆွယ်စည်းရုံးကာလကို ပထမအဆင့်၊ မဲဆွယ်စည်းရုံးခွင့် နောက်ဆုံး သတ်မှတ်ရက်ကို ဒုတိယ အဆင့်၊ မဲပေးသည့်နေ့တွင် တတိယအဆင့်နှင့် ရွေးကောက်ပွဲရလဒ် ကြေညာသည့် နေ့တွင် စတုတ္ထအဆင့်အဖြစ် အဆင့် (၄) ခုခွဲပြီး လုံခြုံရေးယူရန် ပြည်ထဲရေးက လျာထားသည်။

“မဲဆွယ်စည်းရုံးတဲ့အချိန်မှာ ဖြစ်လာနိုင်တဲ့ အကြောင်းအရာတွေပေါ့။ ဘယ်နေရာတွေတော့ ဘာဖြစ်လာ နိုင်သလဲ၊ ဘယ်နေရာတွေတော့ လုံခြုံရေးအရ တင်းတင်းကြပ်ကြပ် ဆောင်ရွက်ဖို့လိုသလဲ စသည်အားဖြင့် နယ်မြေအခြေအနေ အလိုက် ကို မြေပုံဆွဲပြီးတော့မှ ဆောင်ရွက်နေပါတယ်” ဟု ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက သတင်းထောက်များကို ပြောသည်။

သို့သော် လုံခြုံရေးတင်းကြပ်မည့် နေရာအတိအကျကို ဒုဝန်ကြီးက ပြောဆိုခဲ့ခြင်း မရှိပေ။ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံရေး ပါတီများသည်  ရွေးကောက်ပွဲ မကျင်းပမီ ရက်ပေါင်း ၆၀ အတွင်း မဲဆွယ်စည်းရုံးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားသည်။

ပြည်ထဲရေးဝန်ကြီးဌာနက ရွေးကောက်ပွဲ လုံခြုံရေးအတွက် ယခုနှစ်စကတည်းက စတင်ပြင်ဆင်ထားပြီး ဝန်ထမ်းအချို့ကို လည်းပြည်ပနိုင်ငံများသို့ စေလွှတ်ကာ လေ့လာစေခဲ့သည်ဟု ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောသည်။

“နောက်ဆုံး ဖိလစ်ပိုင် လွှတ်ပြီး သောင်းကျန်းသူ လက်နက်ကိုင်တွေရှိတဲ့ နေရာတွေမှာ မဲရုံလုံခြုံရေးကို ဘယ်လိုလုပ်လဲ၊ ဒါတွေ ကိုသွားရောက်လေ့လာပြီးတော့ စီမံချက်ရေးဆွဲတာတို့ လုပ်ဆောင်နေပါပြီ” ဟု ၎င်းက ဆိုသည်။

မတည်မငြိမ်ဖြစ်ပြီး ရွေးကောက်ပွဲ ပျက်ပြားမည်ဟု စိုးရိမ်သည်ဟု အတိုက်အခံ ခေါင်းဆောင် ဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြီးခဲ့သည့် လကုန်ပိုင်းက ပြောဆို ထားသေးသည်။

“နည်းနည်းစိုးရိမ်တာ ရှိတယ်ပေါ့နော်။ မတည်မငြိမ်ဖြစ်အောင် လုပ်ပြီးတော့ ဒါ့ကြောင့်မို့လို့ ရွေးကောက်ပွဲ ကို ရွှေ့တာတို့ ဘာတို့၊ ဒါကြောင့် ပြည်သူတွေက ဆင်ဆင်ခြင်ခြင်နဲ့ ဒီ ၅ လအတွင်းမှာ တည်တည်ငြိမ်ငြိမ် နဲ့ရွေးကောက်ပွဲဆီ ကိုဖြောင့်ဖြောင့်လျှောက် သွားနိုင်ဖို့လိုတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပုဗ္ဗသီရိမြို့နယ်ရှိ ကျည်တော်ကန်ကျေးရွာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly