အိမ်ခြံမြေ ဝန်ဆောင်မှုဥပဒေ ဘာကြောင့် လိုအပ်တာလဲ"

အိမ်ခြံမြေ ဝန်ဆောင်မှုဥပဒေ ဘာကြောင့် လိုအပ်တာလဲ"
ရန်ကုန်မြို့ ရွှေဂုံတိုက်ရက်ကွက်ရှိ အိမ်ခြံမြေ တိုက်ခန်းများအားအပေါ်စီးမှ မြင်တွေ့ရစဉ်။ ဓာတ်ပုံ - ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းရှင်တွေကနေ အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေကို ထွက်ရှိလာအောင် လုပ်ဆောင်သွားမယ်ဆိုတဲ့ သတင်းကိုပြောပြချင်ပါတယ်။ လက်ရှိ အခြေအနေမှာတော့ ဒီဥပဒေမူကြမ်းထွက်ရှိလာဖို့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်စတဲ့ မြို့ကြီးတွေမှာ ဆွေးနွေးညှိုနှိုင်းမှုတွေ လုပ်ဆောင်နေပြီး ဥပဒေပညာရှင်တွေနဲ့လည်း ဆွေးနွေးတိုင်ပင်သွားဖို့လည်း ရှိနေပါတယ်။ 

 မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေအရောင်းအဝယ်နဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေက ကြိုက် ရောင်းကြိုက်ဝယ် ပါးစပ်စျေးနဲ့ အလုပ်ဖြစ်နေတာမျိုးပါ။ 

ဒါကြောင့် ပုံမှန်မဟုတ်တဲ့  ကမောက်ကမစျေးကွက်တွေ ဖြစ်ပေါ်လျက်ရှိပြီးခိုင်မာတဲ့ ဥပဒေမရှိတာကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဆီကနေ ယုံကြည်မှုရရှိဖို့ ခက်ခဲနေတယ်လို့ မြန်မာနိုုင်ငံ အိ်မ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) ရဲ့ ဥက္ကဌဖြစ်သူက ပြောပါတယ်။

"အာဆီယံနိုင်ငံနဲ့ နိုင်ငံတကာမှာတော့ ဘယ်အလုပ်ပဲဖြစ်ဖြစ် ဥပဒေတွေ ရှိတယ်၊ လိုင်စင်တွေရှိတယ်။ ဘယ်အလုပ်ပဲလုပ်လုပ် စကေးလိုင်စင်တွေရှိတယ်၊ ဒီလိုမျိုးခွဲခြားထားတယ် ကျွန်တော်တို့နိုင်ငံမှာကျတော့ အိမ်ခြံမြေဝန်ဆောင်မှု လုပ်ရင် ဥပဒေမရှိဘူး။ နိုင်ငံခြားသားတွေက မြန်မာပြည်ကိုလာတယ် အိမ်ခြံမြေဝန်ဆောင်မှု လုပ်တဲ့သူတွေ တွေ့ရင်ဘယ်မှာလ ဲအိမ်ခြံမြေဝန်ဆောင်မှု လုပ်တဲ့ လိုင်စင် ဘယ်မှာလဲမင်းအိုင်တီကဒ်" လို့ မြန်မာနိုုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) ရဲ့ ဥက္ကဌ ဦးခင်မောင်သန်းက သူ့အမြင်ကို ပြောပါတယ်။

အိမ်ခြံမြေဥပဒေ၊ အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေတွေ ထွက်ပေါ်လာမယ်ဆိုရင်တော့ ပြည်တွင်းက ရင်းနှီးမြှပ်နှံသူတွေသာမက နိုင်ငံတကာရင်းနှီးမြှပ်နှံသူတွေပါ အများအပြား ဝင်ရောက်ရင်းနှီးမြှပ်နှံကြမယ်လို့ ၀န်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတွေက ယုံကြည်နေကြတာပါ။ 

ရင်းနှီးမြှပ်နှံမှုတစ်ခုပြုမယ်ဆိုတာနဲ့ စတင်အကောင်အထည်ဖော်ရတဲ့ လုပ်ငန်းကအိမ်ခြံမြေလုပ်ငန်း ဖြစ်တာကြောင့် အိမ်ခြံမြေနဲ့ ပတ်သတ်တဲ့ ဥပဒေတွေ အမြန်ဆုံးပေါ်ပေါက်လာဖို့လိုတယ်လို့ ပြောဆိုကြပါတယ်။

"ပြည်ပရင်းနှီးမြှပ်နှံမှုအတွက်တွေရော အကျိုးများမယ်ဆိုရင်တော့ ခုဏပြောတဲ့ ပြည်ပရင်နှီးမြှပ်နှံမှုတွေ ပိုများလာမယ်လို့ မျှော်လင့်ပါတယ် အဓိကကတော့ ဥပဒေအနေနဲ့က အားလုံးအတွက်အဆင်ပြေမယ် အာလုံးလက်ခံနိုင် ဖို့တော့အဓိကအရေးကြီးတာပေါ့။" ရွှေလက်ပံအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (နေပြည်တော်)က လုပ်ငန်းရှင် ဦးဝင်းဇော်ဦးက ပြောပါတယ်။ 

မြန်မာနိုုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) ရဲ့ ဥက္ကဌ ဦးခင်မောင်သန်းကလည်း "ဒါတွေဟာသူတို့နိုင်ငံမှာရှိတဲ့ လူကြီးလူကောင်းတွေလုပ်နိုင်တဲဲ့ စီးပွားရေးလုပ်ငန်းတွေမှာလိုချင်တဲ့ ပုံစံတွေဘဲဒီပုံသဏ္ဍန်တွေကိုပုံဖော်ပြီးဦးတို့အနေနဲ့ ဝန်ဆောင်မှုပေးလိုက်ပြီးတော့ မိတ်ဆက်လိုက်မယ်ဆိုလို့ရှင်ရင် မြန်မာနိုင်ငံကိုရင်းနှီးမြှပ်နှံမှုတွေကစီးဝင်လာမယ် လိုတာထက်ကိုပိုပြီးတော့ စီးဝင်လာမယ် လိုတာထက်ကိုလိုတဲ့ ဥပဒေတွေနဲ့ ဥပဒေကို လေးစားလိုက်နာပြီးပုံဖော်မယ့် အဖွဲ့အစည်းတွေနဲ့ အကျိုးဆောင်တွေ ရှိနေတာကို ရင်းနှီးမြှပ်နှံမှု့အတွက် တစ်အပ်တစ်အားဖြစ်စေတယ်လို့ မြင်ပါတယ်။" လို့ ပြောပါတယ်။ 

အခုဝန်ဆောင်မှုပေးနေတဲ့ ပုံစံကအိမ်ခြံမြေအရောင်းအဝယ်အတွက် ဝန်ဆောင်ခ ၂% ပေးရသလို့ ငှားရမ်းနေထိုင်သူတွေအတွက် တစ်နှစ်ငှားရမ်းပါကဝန်ဆောင်ခအနေနဲ့ တစ်လစာပေးရမှာဖြစ်သလို ၆ လ ငှားရမ်းပါကလဲတစ်လငှားရမ်းခရဲ့တစ်ဝက်စာကိုဝန်ဆောင်ခအဖြစ် ဝန်ဆောင်မှုလုပ်ငန်းတွေကရရှိနေတာဖြစ်ပါတယ်။

"မကြာခင်မှာ ဆန်ရှင်လဲလျှော့လိုက်ပြီရင်းနှီးမြှပ်နှံမှုသည် မဖြစ်မနေဝင် လာလိမ့်မယ် ယနေမှာဘဲရန်ကုန်မြို့မှာတော်တော်များများကစျေးကွက်က ပြန်ကစားလာပြီ ကစားလာတော့ ဒီလုပ်ငန်းတွေသည် နိုင်ငံအတွက် နိုင်ငံတကာမှာလဲရှိပါတယ် တိုင်ပြည်တိုးတက်ဖို့ဆ ိုဥပဒေရှိသင့်တယ်၊ ဒါကြောင့် ဒီဥပဒေကမဖြစ်မနေလိုတယ်၊ ဥပဒေဖြစ်လာရင် နိုင်ငံတကာက ရင်းနှီးမြှပ်နှံတဲ့သူတွေကလည်း ယုံကြည်မှုအပြည့်ရှိလိမ့်မယ်၊ အလားတူလုပ်တဲ့သူဘက်ကလည်းယုံကြည်မှုရှိလိမ့်မယ်။ အလားတူ ပြည်တွင်းမှာရှိတဲ့ ရင်းနှီးမြှပ်နှံသူတွေကလည်း ဒါကြီးကို ယုံကြည်မှုရှိလာပြီရှိလာရင် နိုင်ငံတော့အတွက်ရော ဝယ်သူရော ရောင်းသူရောနိုင်ငံခြားသားရော အားလုံးအတွက် အကျိုးရှိမယ့် ဥပဒေဖြစ်ပါတယ်။" လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာစီစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးတင်မောင်ဦးက ပြောပါတယ်။ 

ဒီအိမ်ခြံမြေဝန်ဆောင်မှု ဥပဒေအတွက် တိုက်ခန်း၊ ကွန်ဒို၊ လုံးချင်းအိမ်နဲ့  မြေစတဲ့ အမျိုးအစား ၄ မျိုး ပါ၀င်ပြီးစိုက်ပျိုးမြေအပြင် မြေယာဥပဒေအရသတ်မှတ်ထားတဲ့ မြေအမျိုးအစားအားလုံး ပါဝင်တယ်လို့ သိရပါတယ်။ 

လောလောဆယ်တော့ ဒီဥပဒေထွက်ရှိလာဖို့ အိမ်ခြံမြေလုပ်ငန်းရှင်တွေကဆွေးနွေး လျက်ရှိပြီးဥပဒေမူကြမ်းကို ၂၀၁၇ ခုနှစ်အတွင်းလွှတ်တော် ၂ ရပ်ကုုိတင်သွင်းနိုင် အောင် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly