အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမအကြိမ် ဗဟိုကော်မတီ ( ၆ )ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမအကြိမ် ဗဟိုကော်မတီ ( ၆ )ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပ

ရန်ကုန်၊ နိုဝင်ဘာလ ၁၂ ။          ။ လက်ရှိ အစိုးရလက်ထက်တွင် ပထမအကြိမ် ကျင်းပသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏  ဗဟိုကော်မတီ ( ၆ )ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဌာနချုပ်တွင် နံနက် ၈ နာရီခွဲမှ စတင်ပြုလုပ်ခဲ့သည်။

အစည်းအဝေးကို အစီအစဉ် ၃ဝ ဖြင့် နိုဝင်ဘာလ ၁၂ရက် နံနက် ၈ နာရီခွဲမှ ညနေ ၅ နာရီထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ပါတီ နာယက ဦးတင်ဦးက " ခက်ခဲကြမ်းတမ်းသော တော်လှန်ရေးကာလကို ဖြတ်ကျော် ခဲ့ပြီးနောက် ပြည်သူတွေ လိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းအမှန်ပေါ်ကို ရောက်ရှိလာခဲ့ပါပြီ။ ပြည်ထောင်စုငြိမ်းချမ်း ၂၁ရာစု ပင်လုံညီလာခံကို ပါတီဥက္ကဌကြီးရဲ့ကိုယ်တိုင်ခေါင်းဆောင်မှုနဲ့ အကောင်အထည်ဖော်နေ ခြင်းဟာ မေတ္တာ၊သစ္စာနဲ့ ခွင့်လွှတ်ခြင်းတို့ရဲ့ ဂုဏ်ရည်များပဲ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ပုံရိပ်ဆိုးများ သံသရာလည်ရာမှ တည်ငြိမ်အေးဆေး ဂုဏ်သိက္ခာရှိစွာ ပေါ်ထွန်းနိုင်ရေး ကြိုးပမ်းမှုပဲ ဖြစ်ပါတယ်"ဟု အဖွင့်အမှာစကား   ပြောကြားခဲ့သည်။

အစည်းအဝေးသို့ နာယက ဦးတင်ဦး၊ ပြည်ထောင်စုလွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်း၊ ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် အပါအဝင် ပြည်နယ်နှင့်တိုင်း အသီးသီးမှ ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ ၁၅၃ ဦးရှိသည့်အနက် ၁၁ဝ ဦး တက်ရောက်ခဲ့ သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly