Green Day အဖွဲ့က Trump ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲများကို အပြည့်အဝ ထောက်ခံ

Green Day အဖွဲ့က Trump ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲများကို အပြည့်အဝ ထောက်ခံ

နာမည်ကျော်အဆိုတော်အဖွဲ့ဖြစ်တဲ့ Green Day ကပြောတာကတော့ သူတို့ဟာ US သမ္မတအဖြစ်အရွေးခံလိုက်ရတဲ့ Donald Trump ကိုဆန့်ကျင်တဲ့ဆန္ဒပြပွဲများကို အပြည့်အထောက်ခံကြောင်း   ပြောပါတယ်။

“ကျနော်တို့ထဲက ဘယ်သူကမှ Donald Trump ကို သမ္မတဖြစ်လာမယ်လို့ မထင်ထားခဲ့ကြောင်း” အဆိုတော် Billie Joe Armstrong က ဘီဘီစီကို ပြောခဲ့ပါတယ်။

“ ဒီဆန္ဒပြပွဲတွေ တစထက်တစ ကြီးမားလာမယ့်အချိန်ဟာ ရောက်လာတော့မယ်လို့ ထင်ပါတယ်၊ ပြီးတော့ ကျနော်ကလည်း အပြည့်အဝ ထောက်ခံသွားမှာပါ” လို့ သူက ပြောပါတယ်။ 

သူ့ရင်ထဲမှာ ရှိတဲ့အတိုင်း Mr Trump ကို ဝေဖန်ခဲ့တဲ့ ဒီအနုပညာကြယ်ပွင့်ကတော့ သူ့ရဲ့နိုင်ငံဟာ မီးတင်ရှို့ခံလိုက်ရသလို ခံစားရကြောင်း ပြောခဲ့ပါတယ်။

Republican ပါတီရဲ့အောင်ပွဲအကြောင်းကို ကြေညာလိုက်တဲ့ အချိန်တုန်းက Green Day အဖွဲ့ဟာ လန်ဒန်မှာ ရှိနေခဲ့ပြီး Rotterdam က Sunday's MTV Europe ဆုပေးပွဲမှာ Global Icon ဆုကို လက်ခံပြီး မကြာခင်မှာပဲ ဒီသတင်းကို ကြားလိုက်ရတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags