ပေါ်တာပရိသတ်များက 'Fantastic Beasts' ရုပ်ရှင်အပေါ် အားပေးလက်ခံလိမ့်မည်ဟု J.K. Rowling မျှော်လင့်

ပေါ်တာပရိသတ်များက 'Fantastic Beasts' ရုပ်ရှင်အပေါ် အားပေးလက်ခံလိမ့်မည်ဟု J.K. Rowling မျှော်လင့်

ပရိသတ်ချစ်တဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ ဟယ်ရီပေါ်တာနဲ့ သူ့ရဲ့ Hogwarts ကျောင်းတော်က သူငယ်ချင်းတွေမပါ ၀င်ပေမယ့် သူမရဲ့မှော်ရုပ်ရှင်ဇာတ်ကားသစ် "Fantastic Beasts and Where to Find Them" ဇာတ်ကားကို ပရိတ်သတ်တွေ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်တယ်လို့ စိတ်လှုပ်ရှားနေတဲ့ J.K. Rowling က ပြောပါတယ်။

ငါးကားထွက်ဖို့ စီစဉ်ထားပြီး ပထမဆုံး စတင်ထွက်ရှိမယ့် ဟယ်ရီပေါ်တာကမ္ဘာမှာ ဇာတ်အိမ်တည်ထားတဲ့  "Fantastic Beasts" ရုပ်ရှင်မှာ ပရိသတ်တွေနဲ့ ရင်းနှီးနေတဲ့ နာမည်တွေပါ၀င်နေမယ်လို့တော့ ဗြိတိန်စာရေးဆရာမ က ပြောကြားထားပါတယ်။

သူမက သတင်းစာရှင်းလင်းပွဲမှာ “ကျမတို့လုပ်နိုင်တာကို အကောင်းဆုံးလုပ်ပြီးပါပြီ၊ ကျမအမြဲတမ်း ပြောပြချင်နေခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ကို ပြောခွင့်ရပါပြီ၊ ပရိတ်သတ်တွေကလည်း ကြိုက်နှစ်သက်မယ်လို့   မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

“ဟယ်ရီပေါ်တာဟာ ဒီရုပ်ရှင်ထဲမှာမပါဘူးဆိုတာအမှန်ပါ၊ ဘာကြောင့်လဲဆိုတော့အဲ့ဒီတုန်းက သူဟာမမွေးသေးလို့ပါ၊ ဒါပေမယ့် ဒီရုပ်ရှင်ထဲမှာ အဲ့ဒီမှော်ကမ္ဘာရဲ့အငွေ့အသက်တွေကိုခံစားရမှာ ဖြစ်ပြီး ဇာတ်ကောင်တွေအကြောင်းကိုလည်း ပိုမိုသိရှိရမယ်” လို့သူမကထပ်ပြောခဲ့ပါသေးတယ်။

“Fantastic Beasts and Where to Find Them" ရုပ်ရှင်ဟာ ဟယ်ရီပေါ်တာစာအုပ်ထဲက အဖြစ်အပျက် တွေမဖြစ်ခင် နှစ်ရ၀ ကိုဇာတ်အိမ်တည်ထားတာဖြစ်ပြီး ဇာတ်ကောင်အသစ်တွေနဲ့ သူတို့ရဲ့   မှော်ပညာ စွမ်းရည်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ၁၉၂၆ ခုနှစ်မှာ Newt Scamander ဆိုတဲ့ မှော်တိရစ္ဆာန် ကျွမ်းကျင် ပညာရှင်ဟာ နယူးယောက်မြို့ကို ေရောက်လာခဲ့ပြီး သူ့ရဲ့လက်ဆွဲအိတ်ထဲက ထူးဆန်းတဲ့ သတ္တဝါတွေ လွတ်သွားတဲ့အကြောင်းကို ရိုက်ထားဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly