GI Group Express မှ မိုးရာသီ ကံစမ်းမဲ ဆုချီးမြှင့်ပွဲ နှင့် Online Tickets များ မိတ်ဆက်ပွဲ ပြုလုပ်

GI Group Express မှ မိုးရာသီ ကံစမ်းမဲ ဆုချီးမြှင့်ပွဲ နှင့် Online Tickets များ မိတ်ဆက်ပွဲ ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ။             ။ GI Group Express မိသားစုမှ ( ၅.၈.၁၆) မှ (၃၁.၁၀.၁၆ ) အထိ စီးနင်းလိုက်ပါခဲ့သည့် ခရီးသည်များအား မိုးရာသီ ကံစမ်းမဲဆုချီးမြှင့်ခြင်းနှင့် Online Tickets များ မိတ်ဆက်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၁၀ရက် နေ့တွင် Western Park Royal  ၌ ကျင်းပပြုလုပ်ခဲ့သည်။    

အဆိုပါအခမ်းအနားတွင် Suzuki Carryကား ၊Click ယိုးဒယားဆိုင်ကယ်၊ ရွှေဆွဲကြိုး နှစ်ကျပ်သား၊ IPhone 6၊ ရွေလက် ကောက်တစ်ကျပ်သား၊ Samsung S-7 ၊ Samsung 32" LCD ၊ Toshiba ရေခဲသေတ္တာ၊ Samsung အဝတ်လျှော်စက်နှင့် Samsung EVD စက်များ စသည့် ကျပ်သိန်းပေါင်း ၂၀၀ ကျော်တန်ဖိုးရှိ မေတ္တာ လက်ဆောင်များကို မဲဖောက်ပေးကာ ချီးမြှင့်ခဲ့သည်။

GI Group Express ၏ ဥက္ကဌဖြစ်သူ ဦးဇာနည်အောင်က " ခရီးသည်တွေကို ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ရော ကျွန်တော် တို့ အနေနဲ့လည်း ခရီးသည်တွေ ပိုမိုရအောင် အခုလိုပွဲလုပ်ဖြစ်တာပါ၊ online tickets ကတော့ star tickets နဲ့ ပူးပေါင်း ပြီး တော့ အက်ပလီကေးရှင်းနဲ့ သွားတဲ့စနစ်ပါ၊ tickets အတွက် ငွေပေးချေတာကတော့ CB ဘဏ်နဲ့ ဧရာဝတီဘဏ်က နေငွေလွှဲပြီးပေးချေရမှာပါ " ဟု ဆိုသည်။

CB ဘဏ်မှ တာဝန်ရှိသူတစ်ဦးက အွန်လိုင်းပေးမန့်နှင့် ပက်သတ်၍ " ငွေသားကိုပဲအသုံးပြုပြီး ပေးချေတာက နေရာ တိုင်းအတွက် အဆင်မပြေတော့ ကျွန်တော်တို့ဘက်က payment ၀န်ဆောင်မှု တစ်ခုကို အွန်လိုင်းဒီဂျစ်တယ်နည်းနဲ့ ပေးလို့ရအောင်ဆိုပြီး နည်းပညာပိုင်းဆိုင်ရာ အဆင့်မြင့်တင်ပြီးတော့ ၀န်ဆောင်မှု ပေးနေပါတယ်၊ online payment သုံးလိုက်တာနဲ့ အချိန်ကုန်သက်သာပြီးတော့ ကြိုက်တဲ့အချိန်မှာ payment တွေလုပ်လို့ရတယ်၊ မိုဘိုင်းဖုန်းနဲ့ဘဏ် အကောင့်ရှိတာနဲ့ မိုဘိုင်းဖုန်း ကနေ ငွေပေးချေမှုလုပ်ရတဲ့ စနစ်ဖြစ်ပါတယ်" ဟု ဆိုသည်။

အဆိုပါအခမ်းအနားကို GI Group Express မော်တော်ယာဉ်လိုင်း၏ ဂိတ်ခွဲလက်မှတ်အရောင်းဌာနများ၊ ဌာနဆိုင်ရာ အ ကြီးအကဲများ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

GI Group Express မော်တော်ယာဉ်လိုင်းသည်  ရန်ကုန်၊ မန္တလေး၊ မူဆယ်၊ ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ် စသော ခရီးစဉ်များကို ပြေးဆွဲလျှက် ရှိသည်။    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly