Video Cameramen အလိုရှိသည်

17 July 2015
Video Cameramen အလိုရှိသည်

မဇ္ဈိမ ရုပ်သံထုတ်လုပ်ရေးဌာန (Mizzima TV) တွင် တာဝန်ထမ်းဆောင်ရန် ဗွီဒီယို ရိုက်ကူးမှုကို အမှန်တကယ် စိတ်ဝင်စားသော လူငယ်များ အလိုရှိနေပါသည်။ အလုပ်လျှောက်လိုသူများသည် အောက်ပါအချက်များနှင့် ကိုက်ညီသူများဖြစ်ရမည်။

၁။ ဗွီဒီယိုရိုက်ကူးမှု အတွေ့အကြုံ ရှိရမည်။
၂။ Canon DSLR ကင်မရာများ၊ SONY ကင်မရာများနှင့် ရိုက်ကူးနိုင်ရမည်။
၃။ အသက် ၃၀ နှစ်ထက် မပိုရ။
၄။ အချိန်ပေးနိုင်ရမည်။ ခရီးသွားနိုင်ရမည်။
၅။ Adobe Premiere Pro အသုံးပြုနိုင်ရမည်။
၆။ ကွန်ပျူတာ၊ အင်တာနက် အသုံးပြုနိုင်ရမည်။
၇။ ရန်ကုန်တွင် အလုပ်လုပ်နိုင်သူများ ဖြစ်ရမည်။
၈။ ကင်မရာနှင့် ရိုက်ကူးမှု ဆက်စပ်ပစ္စည်းများအကြောင်း အတန်အသင့် နားလည်ရမည်။
၉။ ကင်မရာရိုက်ကူးမှုအတွက် အပင်ပန်းဒဏ် ခံနိုင်ရမည်။
၁၀။ ပူးပေါင်းဆောင်ရွက်နိုင်ရမည်။

အလုပ်လျှောက်ထားလိုသူများသည် အထက်ပါအချက်များနှင့် ပြည့်စုံရမည့်အပြင် မိမိနှစ်သက်ရာရွေးချယ်၍ ၁ မိနစ်စာခန့် Video Footage များရိုက်ကူးခဲ့ရမည်။ လက်ကိုင်ဖုန်း သို့မဟုတ် ဗွီဒီယိုကင်မရာတမျိုးမျိုးနှင့်  ရိုက်ကူးနိုင်သည်။ ပေါင်းစပ်တည်းဖြတ်ရန်မလိုပါ။ ၎င်း Video Footage များကို အင်တာဗျူး ခေါ်ယူသောနေ့တွင် ပြသရန်ဖြစ်ပါသည်။

အလုပ်လျှောက်လိုသူများသည် အီးမေးလ်လိပ်စာ [email protected] သို့ဖြစ်စေ၊ မဇ္ဈိမ ရုံးချုပ်သို့ဖြစ်စေ ဇူလိုင်လ ၂၅ ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာများ ပေးပို့ရပါမည်။

More Mizzima TV: http://mizzimaburmese.com/videos

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly