ဘဲဥပုံရုံးခန်းသို့ ခြေမချမီ ဒေါ်နယ်ထရန့်က တရားရုံးရောက် အမှုရင်ဆိုင်ရဦး ဖွယ်ရှိ

ဘဲဥပုံရုံးခန်းသို့ ခြေမချမီ ဒေါ်နယ်ထရန့်က တရားရုံးရောက် အမှုရင်ဆိုင်ရဦး ဖွယ်ရှိ

နယူးယောက်၊ နိုဝင်ဘာ ၁၀ ။           ။ အိမ်ဖြူတော်သမ္မတ နေရာအတွက် အနိုင်ရသွားသည့် ဒေါ်နယ်ထရန့်အနေဖြင့် ဘဲဥပုံရုံးခန်းသို့ ခြေချခြင်း မပြုမီ တရားရုံးရောက်ကာ အမှုတစ်မှုနှင့် ရင်ဆိုင်ရဦးဖွယ် ရှိနေသည်။

ယခုတွင် မရှိတော့ပြီဖြစ်သော် Trump University မှ ကျောင်းသားဟောင်းများက ယင်းတက္ကသိုလ်က အိမ်ခြံမြေစာတမ်းဖတ်ပွဲများ ပြုလုပ်ကာ လိမ်လည်ခဲ့ခြင်းများရှိကြောင်း တရားစွဲဆိုလာခြင်းကြောင့် ကယ်လီဖိုးနီးယားရှိ တရားရုံးက ထရန့်အား ဆင့်ခေါ်စစ်ဆေးဖို့ရန် ရှိနေသည်။

ဆန်ဒီယာဂိုတရားရုံးတွင် အမှုကို နိုဝင်ဘာ ၁၀ ရက်၌ စတင်စွဲဆိုကြားနားမည်ဖြစ်ကာ ထရန့်ဖက်က ကျေဖို့ ကမ်းလှမ်းခြင်း သို့မဟုတ် တစ်စုံတစ်ရာ နှောင့်နှေးခြင်း မရှိခဲ့လျှင် နိုဝင်ဘာ ၂၈ ရက်၌ စတင်စစ်ဆေးမည်ဖြစ်သည်။

၁၉၉၇ ခုနှစ်ကလည်း ပေါလာဂျုံးက သမ္မတဘီလ်ကလင်တန်အား လိင်မဖွယ်မရာမှုဖြင့် စွဲဆိုသော်လည်း တရားစစ်ဆေးခြင်း မပြုမီ ကျေအေးခဲ့သည်။

သို့သော်လည်း လက်ရှိ ထရန့်၏ အမှုက ယခင်ဘီလ်ကလင်တန်အမှုနှင့် မတူညီဘူးဟု ထင်မြင်ကြောင်း ရှေ့နေများက ပြောသည်။

“ဒီအမှုနှစ်ခုကို နှိုင်းယှဉ်ပြောလို့ မရပါဘူး။”ဟု ဟားဗတ်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခဖြစ်သူ အလန်ဒါရှိုးဝတ်စ်က ပြောသည်။

ထရန့်နှင့် တရားလိုကျောင်းသားများ နှစ်ဖက်စလုံးမှ ရှေ့နေများက ထင်မြင်ချက်ပေးခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly