ဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲအောင်ပွဲအပေါ် ကမ္ဘာကျော် အနုပညာရှင်အချို့၏ အမြင်များ

ဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲအောင်ပွဲအပေါ် ကမ္ဘာကျော် အနုပညာရှင်အချို့၏ အမြင်များ

အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အနိုင်ရရှိသွားခြင်းနှင့် ပတ်သက်၍ နာမည်ကျော် အနုပညာရှင်များက ၄င်းတို့၏ အမြင် နှင့် ခံစားမှှုများကို ဖော်ပြခဲ့ကြသည်။

“ကျွန်မတို့ ဘယ်တော့မှ အရှံုးမပေးဘူး” ဟု ကလင်တန်အား ထောက်ခံသူ အဆိုတော် မက်ဒေါနားက တွစ်တာတွင် ရေးသားခဲ့သည်။

ဒေါ်နယ်ထရမ့်အား ထောက်ခံသူ အနုပညာရှင်များထဲမှ တစ်ဦးဖြစ်သည့် မင်းသား Stephen Baldwin က “ဒီလို အံ့သြဝမ်းသာစရာကောင်းတဲ့ သမိုင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ရတာကို ကျွန်တော် ဂုဏ်ယူမိပါတယ်” ဟု တွစ်တာတွင် ရေးသားခဲ့သည်။

Clueless ဇာတ်ကားဖြင့် လူသိများသူ မင်းသမီး Stacey Dash ကလည်း “အမေရိကန်ဟာ ပြန်ပြီး ကြီးကျယ်ခမ်းနား လာပါတော့မယ်” ဟု ဆိုခဲ့သည်။

သို့ရာတွင် ထရမ့်အား ထောက်ခံသူ အနုပညာရှင်များမှာ အနည်းစု ဖြစ်သည်။

Parks and Recreation ဇာတ်ကား၏ မင်းသမီး Rashida Jones က “အမှောင်လွှမ်းသော နေ့တစ်နေ့” ဟု ဆိုခဲ့ပြီး၊ မင်းသမီး Christina Applegate ကလည်း “အသည်းကွဲရသည်” ဟု ဆိုခဲ့ကြသည်။

ဟီလာရီကလင်တန်အား ထောက်ခံသူ တစ်ဦးဖြစ်သည့် ကမ္ဘာကျော် အနုပညာ ကြယ်ပွင့် လေဒီဂါဂါက “ကြင်နာမှှု၊ တန်းတူညီမျှမှှု၊ ချစ်ခြင်းမေတ္တာ စတာတွေအတွက် ရပ်တည်ကြပါ။ ကျွန်မတို့ကို ဘယ်အရာကမှ ရပ်တန့်နိုင်မှာ မဟုတ်ပါဘူး” ဟု ရေးသားခဲ့သည်။

ကလင်တန်အတွက် မဲဆွယ်စည်းရုံးပေးခဲ့သူ အဆိုတော် Katty Perry ကလည်း “ငြိမ်ငြိမ်လေး ထိုင်မနေကြပါနဲ့။ မငိုကြွေးကြပါနဲ့။ ကျွန်မတို့ဟာ၊ အမုန်းတရားက ဦးဆောင်ခွင့်ကို  ခွင့်ပြုမယ့် နိုင်ငံ မဟုတ်ပါဘူး” ဟု တွစ်တာတွင် ရေးသားခဲ့ပြီး “ကျွန်မတို့ ဘယ်တော့မှ နှှုတ်ဆိတ်သွားမှာ မဟုတ်ပါဘူး” ဟုလည်း ဆိုခဲ့သည်။

အခြား နာမည်ကျော် အနုပညာရှင် အများအပြားကလည်း ထရမ့်၏ အောင်ပွဲကို မနှစ်သက်သည့် ခံစားချက်များ ရေးသားဖော်ပြခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly