မိသားစုကို လုပ်ကျွေးနေတဲ့ သားတစ်ယောက်ဖြစ်တယ်ဆိုတဲ့ သန်းပိုင်

မိသားစုကို လုပ်ကျွေးနေတဲ့ သားတစ်ယောက်ဖြစ်တယ်ဆိုတဲ့ သန်းပိုင်

သူ့ရဲ့သွင်းဂိုးနဲ့ Myanmar U 20 အသင်းကို ကမ္ဘာ့ဖလားရောက်အောင် ပို့ဆောင်ပေးခဲ့သူ မြန်မာ့လက်ရွေးစင် ကစားသမားဖြစ်လာဖို့အတွက် အခက်အခဲတွေကို ရင်ဆိုင်လာရတဲ့သူ သူကတော့ သန်းပိုင်ပါ။ မြန်မာ့အချစ်တော် ကစားသမားတစ်ယောက် ဖြစ်လာဖို့ ဘယ်လိ ုအခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါ သလဲ။

YOPE။ ။ ဟုတ်ပါပြီမောင်လေးရေ ဒီနေ့ yopeအစီအစဉ်မှာ တွေ့ရတဲ့အတွက် ၀မ်းသာပါတယ်။ ဘောလုံးပွဲလည်းနီးနေပြီဆိုတော့ စိတ်တွေလည်း လှုပ်ရှားနေမှာပေါ့။ ဟုတ်ကဲ့ပါ မေးခွန်းလေးတွေ စမေးလိုက်ကြရအောင်ပါ။ ပထမဆုံးမေးခွန်းက မောင်လေးဘောလုံးကစားခွင့် ရဖို့အတွက်ပေါ့နော် ပန်းရံတွေတောင် လုပ်ခဲ့ဖူးတယ်လို့ အစ်မတို့ သိရတယ်ပေါ့နော်။ အဲဒီ အတွေ့အကြံုလေးကိုများ ပြန်ပြောပေးလို့ ရမလားမသိဘူး။

သန်းပိုင်။         ။ ဒီမှာဘောလုံးကစားဖို့ ပထမဆုံးလာခဲ့ပါတယ်ဗျ။ ပထမဆုံး သူငယ်ချင်း အဆက်အသွယ်နဲ့ လာခဲ့တဲ့အချိန်မှာ ကျွန်တော်နည်းနည်းခွင့်ပေးတဲ့အချိန်မှာ ကျွန်တော် အိမ်ပြန်ခဲ့ပါတယ်ခင်ဗျ။ အိမ်ပြန်ပြီး ပြန်လာဖို့ ဆရာတို့ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် မိသားစုအခက်အခဲရှိနေလို့ နေ့စားပန်းရံ ၀င်လုပ်ခဲ့ရပါတယ် ခင်ဗျ။ တစ်ရက်ကို သုံးထောင်ရပါတယ ်ခင်ဗျ။  ဆယ့်ငါးရက် ရက်နှစ်ဆယ်လောက် ကျွန်တော်ဝင်လုပ်ပြီး ဆရာတို့ခေါ်တဲ့အချိန် ကျွန်တော် ပြန်လာခဲ့ပါတယ်ခင်ဗျ။ ဘောလုံးကို ပြန်ပြီးတော့ ရွေးချယ်ခဲ့တာပါ ခင်ဗျ။

YOPE။ ။ နံပါတ်၂ မေးခွန်းပေါ့နော် သန်းပိုင်က မိသားစုအတွက် သားလိမ္မာဖြစ်မလား သားမိုက်ဖြစ်မလား။ ကိုယ့်ကိုကိုယ် ဘယ်လိုထင်လဲ။

သန်းပိုင်။         ။ ကျွန်တော့် ကိုယ်ကျွန်တော်တော့ သားလိမ္မာလို့ ထင်ပါတယ်ဗျ။

YOPE။ ။ ဘာကြောင့်ထင်တာလဲ ဘယ်လို အကြောင်းအရာတွေကြောင့်လဲ။

သန်းပိုင်။         ။ အမေ့စကား နားမထောင်တာဆိုလို့ ဒီဘောလုံးကန်တဲ့ အလုပ်ပဲရှိတာပေါ့နော် ကျန်တာအားလုံး နားထောင်ပါတယ်ဗျ။ ပြီးတော့ ကျွန်တော်မိသားစုကို လုပ်ကျွေးနေတဲ့ သားတစ်ယောက်လို့ မြင်ပါတယ် ခင်ဗျ။

YOPE။ ။ သန်းပိုင်သာ Myanmar Idol မှာ သီချင်တစ်ပုဒ် ဆိုခွင့်ရမယ်ဆို ဘာသီချင်းကို ဆိုမှာလဲ။ ဘာကြောင့် ဆိုဖြစ်ရတာလဲ။

သန်းပိုင်။         ။အဲ့ဒီအစီအစဉ်ကတော့ နည်းနည်းနာမည်ကြီးတယ် ပေါ့နော်။ ကျွန်တော်လည်း ကြည့်ဖြစ်ပါတယ်။ သီချင်းဆိုတာ အရမ်းကြီးဝါသနာမပါပေမယ့် တစ်ခါတစ်ခါ ဆိုဖြစ်ပါတယ်။ ကျွန်တော်ဆိုခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ U 19 မှာ ဆိုနေကြ သီချင်းလေး လက်တီးဆိုတဲ့ သီချင်းလေးကို ဆိုဖြစ်မှာပါ။

YOPE။ ။ ဘာလို့ ဆိုချင်တာလဲ။

သန်းပိုင်။         ။ အဲဒီသီချင်းလေးကို ကြိုက်လို့ပါ။

YOPE။ ။ သန်းပိုင်တို့က ဂိုးသွင်းပြီးရင် အမြဲတမ်းကပြီး အောင်ပွဲခံလေ့ ရှိတယ်ပေါ့နော်။ အဲဒီလို ကဖို့အတွက် အကတွေ ဘာတွေကိုရော ကြိုတင် လေ့ကျင့်ထားတာမျိုးတွေ ရှိလား။

သန်းပိုင်။         ။ ဟုတ်ကဲ့ သူငယ်ချင်းတွေ တစ်ခါတစ်လေဆုံရင်တော့ စသလိုနောက်သလိုနဲ့ ကတာမျိုးတွေ ရှိပါတယ်ဗျ။ အဲဒါတွေက နည်းနည်းလေးကွင်းထဲမှာတော့ လုပ်ဖြစ်သွားတယ်ဗျ။ ဂိုးသွင်းပြီး အောင်ပွဲခံတဲ့ အခါမှာတော့ နည်းနည်းလေးလုပ် ဖြစ်သွားတယ်ဗျ။

YOPE။ ။ ဟုတ်ပါပြီမောင်လေး။ ဒါက နံပါတ်၅မေးခွန်း နောက်ဆုံးမေးခွန်း။ မောင်လေးသာ မန်ချက်စတာယူနိုက်တက် အသင်းပိုင်ရှင်ဖြစ်ခဲ့မယ်ဆိုရင် မြန်မာကစားသမားတွေထဲက ဘယ်သူ့ကို အသင်းအတွက် ခေါ်ယူချင်ပါသလဲ။ 

သန်းပိုင်။         ။ အင်းအဲဒီလိုမျိုးတော့ မှန်းတော့ မမှန်းဘူးပေါ့နော်။ တကယ်လို့ ဖြစ်ခဲ့မယ်ဆိုရင်ပေါ့နော် ကျွန်တော်ဂိမ်းတွေ ဘာတွေလည်း ဆော့တယ်ပေါ့နော်။ ကျွန်တော်ခေါ်ပါတယ် ကိုကျော်ကိုကို တို့ကိုကြည်လင်းတို့ အောင်သူတို့ ကိုယ့်ကိုကိုယ်လည်း ပြန်ခေါ်မိတယ်ဗျ။ ဂိမ်းတွေထဲမှာပေါ့။

ဟုတ်ပါပြီ မောင်လေး။ အခုလို yopeရဲ့ မေးခွန်း၅ခုကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags