ဂျပန်၏ စစ်ရေးရှေ့ရှုသည့်ပေါ်လစီ တရုတ်သတိပေး

ဂျပန်၏ စစ်ရေးရှေ့ရှုသည့်ပေါ်လစီ တရုတ်သတိပေး

ပေကျင်း၊ ဇူလိုင်-၁၇ ။     ။ ဒုတိယကမ္ဘာစစ်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံရပ်ခြားတွင် တိုက်ပွဲဝင် တပ်သားများဖြန့် ချထားရန် ခွင့်ပြုသော ဂျပန်အောက်လွှတ်တော်က အတည်ပြုလိုက်သည့် ဥပေဒကြမ်းများ၏ အကျိုးဆက်များနှင့် ပတ်သက်၍ တရုတ်က ဂျပန်ကို သတိပေးခဲ့သည်။  

တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို မထိပါးရန် တိုက်တွန်း လိုက်ပြီးနောက် အရှေ့အာရှ ၏ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ယိမ်းယိုင်ပျက်ပြားစေသည့်လုပ်ရပ်များကို ရှောင်ရှားရန် တိုကျိုကို အလေးအနက် တိုက်တွန်း ပါကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ဟွာချွန်းယင်က ပြောကြားခဲ့သည်။  

 ‘ကာကွယ်ရေးတစ်ခုတည်းကိုပဲ ရှေ့ရှုတဲ့ပေါ်လစီကို စွန့်လွှတ်ဖို့ ဂျပန်ကို တောင်းဆိုရင် မလွန်ပါဘူး’ဟု ဟွာကကြေညာချက် တစ်ခုတွင် ထပ်လောင်းပြောကြားခဲ့သည်။

လူထုနှင့်နိုင်ငံရေးအသိုင်းအဝိုင်းမှ ပြင်းထန်သည့် ဆန့်ကျင်မှုများ ရှိနေသော်လည်း ဂျပန်နိုင်ငံ၏ အောက်လွှတ်တော်က ဥပဒေ ကြမ်းများကို အတည်ပြုလိုက်သောကြောင့် အထက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရန်သာ ကျန်ရှိတော့သည်။ အငြင်းပွားဖွယ် ဥပဒေကြမ်းများကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဂျပန်ပြည်သူ ထောင်ပေါင်းများစွာက ဇူလိုင်လ ၁၅ရက်နေ့က ပါလီမန် အဆောက်အအုံရှေ့တွင် စုရုံးဆန္ဒပြခဲ့ကြသည်။

၁၉၃၇ခုနှစ်တွင် ဂျပန်တပ်ဖွဲ့များက တရုတ်နိုင်ငံကို တင်းပြည့်ကျပ်ပြည့်ကျူးကျော်ခဲ့ဖူးရာ အင်အားကြီးနှစ်နိုင်ငံ၏ သမိုင်းကြောင်း တွင် စစ်နောင်ခံသမိုင်းမှာ ယခုအချိန်အထိ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေဆဲပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly