မြောက်ကယ်ရိုလိုင်းနား မဲရုံများတွင် ကွန်ပြူတာ ပြဿနာကြောင့် မဲပေးမှု နှောင့်နှေး

မြောက်ကယ်ရိုလိုင်းနား မဲရုံများတွင် ကွန်ပြူတာ ပြဿနာကြောင့် မဲပေးမှု နှောင့်နှေး

နယူးယောက်၊ နိုဝင်ဘာ ၉ ။             ။ အမေရိကန် သမ္မတ ရွေးကောက်ပွဲအတွက် ပြည်သူသန်းပေါင်းများစွာက မဲပေးလျက်ရှိစဉ် မြောက်ကယ်ရိုလိုင်းနားပြည်နယ် မဲရုံများ၌ နည်းပညာပြဿနာကြုံ၍ မဲပေးမှု နှောင့်နှေးခြင်း ရှိခဲ့သည်။

ဒါဟမ်စီရင်စုတွင် မဲရုံခြောက်ရုံ ထက်မနည်း၌ မဲပေးပြည်သူများအား မှတ်ပုံတင်အတည်ပြုသည့် လက်တော့ပ်ကွန်ပြူတာများတွင် ချွတ်ယွင်းမှုများဖြစ်ခဲ့သည်။ ယင်းကြောင့် စာရွက်ဖြင့်   ဖြည့်သွင်းမဲပေးမှုများကို ပြောင်းလဲလုပ်ဆောင်ခဲ့ရရာ မဲရုံတစ်ရုံမှာ မဲပေးသူမှတ်ပုံတင်စာရင်းစာရွက် ကုန်သည်အထိ ဖြစ်ခဲ့သည်။

ထိုသို့ စာရင်းစာရွက် ပြတ်လပ်သွားမှုကြောင့် မဲရုံတစ်ရုံက နှစ်နာရီနောက်ကျပြီးမှ မဲပေးနိုင်ခဲ့သည်။

ရွေးကောက်ပွဲဘုတ်အဖွဲ့က နိုင်ငံတွင်းရှိ မဲရုံရှစ်ရုံတွင် မဲပေးနိုင်သည်နာရီကို တစ်နာရီထက်တိုးပေးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly