အကယ်ဒမီ စန္ဒရားလှထွတ် ကွယ်လွန်ခြင်း ၁၅နှစ်ပြည့်အဖြစ် 'အလှသစ္စာ တရား'ဖျော်ဖြေပွဲ ကျင်းပမည်

အကယ်ဒမီ စန္ဒရားလှထွတ် ကွယ်လွန်ခြင်း ၁၅နှစ်ပြည့်အဖြစ် 'အလှသစ္စာ တရား'ဖျော်ဖြေပွဲ ကျင်းပမည်
Forever Blossom Co.,Ltd ဖေ့ဘုတ်

ရန်ကုန် ၊ ဇူလိုင် ၁၇ ။     ။ အကယ်ဒမီ စန္ဒရား လှထွတ် (အမျိုးသားစာပေဆုရှင်)  ကွယ်လွန်ခြင်း ၁၅နှစ်ပြည့် အမှတ်တရ ဂုဏ်ပြု အစီအစဉ် အဖြစ်  "အလှသစ္စာ တရား" ဂုဏ်ပြု ဂီတဖျော်ဖြေပွဲကို ဇူလိုင် ၂၅ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသား ကဇာတ်ရုံ၌ ကျင်းပ မည်ဖြစ်သည်။

'အလှသစ္စာတရား' ဂုဏ်ပြုဂီတ ဖျော်ဖြေပွဲကို Forever Blossom မှ စီစဉ် တင် ဆက်ခြင်း ဖြစ်ပြီး အကယ်ဒမီ စန္ဒရားလှထွတ်ကို ဂုဏ်ပြုသော အားဖြင့် စီစဉ်ခြင်းဖြစ်သည်။

ထို ဖျော်ဖြေပွဲတွင် အကယ်ဒမီ စန္ဒရားတင်ဝင်းလှိုင် ၊ စန္ဒရား မောင်လှအေး ၊  ၊ မောင်သိန်းဝင်း ၊ သန်းမြတ်စိုး ၊ ရာဇာဝင်းတင့် ၊ မောင်မောင်အေး (အလင်္ကာဝတ်ရည်) ၊ ခင်မောင်ထူး ၊ စည်သူလွင် ၊ ဂရေဟမ် ၊ တိုနီသစ်လွင် ၊  တင်တင်လှ ၊ အကယ်ဒမီ ချိုပြုံး ၊ ချိုဝေလွင် ၊ နွဲ့ယဉ်ဝင်း ၊ ရီရီသန့် ၊ ဖြူသီ ၊ မေဆွိ ၊   အကယ်ဒမီ ရန်အောင် ၊ အကယ်ဒမီ မေသန်း နု စသည့် အနုပညာရှင်များ ကအကယ်ဒမီ စန္ဒရားလှထွတ် ၏ ကျော်ကြားသည့် တေးသီချင်းများဖြင့် ဖျော်ဖြေ ကြမည် ဖြစ်သည်။

တေးဂီတတီးခတ်မှု အပိုင်းကို ဂီတမှုး ကိုမြတ်မင်း နှင့် ဂီတဉ္ဇလီ တူရိယာ ၊ အင်္လကာ ဝတ်ရည် မြန်မာမှု တေးဂီတ ၊ ဆိုင်း ရွာစား သီရိမောင်မောင် ၊ ဖိုးသြင်္ကန် တို့က တာဝန်ယူ တီးခတ် ပေးကြမည် ဖြစ်သည်။

ဖျော်ဖြေပွဲ လက်မှတ်များကို 4TV Main Showroom (ဟံသာဝတီ) ၊ City Martဆိုင်များ၊  myasiaticket.com ၊ 1876 တို့တွင် ဝယ်ယူ ရရှိနိုင်မည် ဖြစ်ပြီး လက်မှတ် ဈေးနှုန်းများကို တစ်စောင် လျှင် ကျပ် ငါးသောင်း ၊ သုံးသောင်း ၊ တစ်သောင်းခွဲ သတ်မှတ် ထားသည်။

"အလှသစ္စာတရား" ဂီတဖျော်ဖြေပွဲကြီး လက်မှတ်များကို  အမှတ်တရ သိမ်းထားနိုင်ရန် အတွက် စန္ဒရား ပုံစံ ပြုလုပ် ထားပြီးဖျော်ဖြေပွဲကို ဇူလိုင် ၂၅ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံ၌ ညနေ ၆နာရီခွဲမှ စတင် ကာ ကျင်းပ ပြုလုပ် သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly