ဗီယက်နမ်ရေကြီးမှု၌ ၁၅ ဦးသေဆုံးပြီး ထောင်ပေါင်းများစွာ ဘေးလွတ်ရာရွှေ့ပြောင်း

ဗီယက်နမ်ရေကြီးမှု၌ ၁၅ ဦးသေဆုံးပြီး ထောင်ပေါင်းများစွာ ဘေးလွတ်ရာရွှေ့ပြောင်း

ဟနွိုင်း၊ နိုဝင်ဘာ ၇  ။           ။ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း၊ ကုန်းမြင့်ဒေသနှင့် တောင်ပိုင်းပြည်နယ်များတွင် ရေကြီးမှုများ ဖြစ်ပွားနေရာ ၁၅ ဦး သေဆုံးပြီး ခြောက်ဦးပျောက်ဆုံးနေကာ   ထောင်ပေါင်းများစွာ ဘေးလွတ်ရာ ရွှေ့ပြောင်းရကြောင်း သဘာဝဘေးကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာနက နိုဝင်ဘာ ၇ ရက်၌ ပြောသည်။

လေအေးများတိုက်ခတ်ခြင်းနှင့် အပူပိုင်းလေဖိအားနည်းရပ်ဝန်းတို့ကြောင့် မိုးများသည်းထန်စွာရွာသွန်း၍ ရေကြီးမှုများကြောင့် လမ်းများ ပိတ်ဆို့ကုန်သကဲ့သို့ အိမ်ခြေပေါင်း ၂၀၀ ကျော်ထက်မနည်း ပျက်စီးကာ ပြည်နယ် ၁၂ ပြည်နယ်တွင် အိမ်ခြေပေါင်း ၄၀၀၀၀ ထက်မနည်း ရေလွှမ်းမိုးမှု ကြုံတွေ့နေရကြောင်း ယင်းဌာနက ထုတ်ပြန်သည်။

ကောက်ပဲသီးနှံစိုက်ခင်းဟတ်တာ ၁၂၀၀၀ ကျော် ရေလွှမ်းပြီး ကျွဲနွှွားအိမ်မွေးတိရစ္ဆာန်ပေါင်း သေဆုံးခြင်း၊ ရေမျောခြင်း အရေအတွက်မှာ ၄၀၀၀၀ ကျော်ထက်မနည်းရှိကြောင်း ယင်းထုတ်ပြန်ချက်တွင်   ဖော်ပြသည်။

ပြီးခဲ့သည့်လအတွင်းက ဗီယက်နမ်အလယ်ပိုင်းတွင် ရေကြီးမှုများဖြစ်ပွား၍ လူဒါဇင်များစွာ သေုဆံးခဲ့ပြီး အိမ်ခြေ တစ်သိန်းကျော်ထက်မနည်း ရေလွှမ်းမိုးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags