နှစ်ဖက်မိဘများ သဘောမတူသဖြင့် ဟိန္ဒူနှင့် မွတ်စလင် ချစ်သူစုံတွဲ တာ့ချ်မဟာဂူဗိမာန်တွင် လာရောက်သေကြောင်းကြံစည်

နှစ်ဖက်မိဘများ သဘောမတူသဖြင့် ဟိန္ဒူနှင့် မွတ်စလင် ချစ်သူစုံတွဲ တာ့ချ်မဟာဂူဗိမာန်တွင် လာရောက်သေကြောင်းကြံစည်

အိန္ဒိယနိုင်ငံတွင် ချစ်မေတ္တာသင်္ကေတသဖွယ်ရှိသည့် တာ့ချ်မဟာဂူဗိမာန်တွင် ဟိန္ဒူနှင့် မွတ်စလင်ချစ်သူစုံတွဲနှစ်ဦးတို့ ကိုယ်ကိုကို သတ်သေရန် ကြံစည်မှုဖြစ်ပွားခဲ့သည်။

လူငယ်သမီးရည်းစားစုံတွဲက လက်ထပ်ပေါင်းသင်းရေးတွင် ဘာသာမတူဟုဆိုကာ နှစ်ဖက်မိဘများ သဘောမတူသဖြင့် ကိုယ်လည်ပင်း ကိုလှီးကြကာ သတ်သေကြခြင်းဖြစ်သည်။

၎င်းတို့ကို သွေးအိုင်အတွင်း လဲကျနေသည်ကို တွေ့ရှိကယ်တင်ခဲ့ပြီးနောက် လက်ရှိတွင် နှစ်ဦးလုံး၏ အခြေအနေမှာ သက်သာကြောင်းသိရသည်။

အိန္ဒိယနေရာအတော်များများတွင် ဘာသာမတူဇာတ်ခြားသူများကြား လက်ထပ်ပေါင်းသင်းခြင်းများကို ပြစ်တင်ဆန့်ကျင်မှုများရှိပြီး သတ်ဖြတ်ခြင်းများအထိ ကျုးလွန်တတ်ကြသည်။

”မိန်းကလေးက ပထမဆုံး သူ့လည်ပင်းကို သူ စပြီးလှီးဖြတ်ခဲ့တာပါ။ နောက်တော့ ချစ်သူကောင်လေးကပါ လိုက်ပြီး လည်ပင်းလှီး သေကြောင်းကြံ ခဲ့တာဖြစ်ပါတယ်။”ဟု တာဝန်ရှိ သူတစ်ဦး ကပြောသည်။

ရည်းစားနှစ်ဦးလုံးက ၎င်းတို့၏ မိဘများကို နားချတောင်းပန်သော်လည်း ဘာသာရေးမတူခြင်းက အဓိကအဟန့်အတားကြီးအဖြစ် ၎င်းတို့နှစ်ဦးကြား ကာဆီးထားခြင်းဖြစ်၍ လက်ထပ်ပေါင်းသင်းရန် သဘောတူညီမှု မရခဲ့ခြင်းဖြစ်ကြောင်း ယင်းလူငယ်ဖြစ်သူ ကအေအက်ဖ်ပီ သတင်းဌာနသို့ ဖွင့်ဟပြောသည်။

”ကျွန်တော်တို့ တတ်နိုင်သမျှ ကြိုးစားခဲ့တယ်။ ဒါပေမယ့် မအောင်မြင်ဘူး။ ဒါကြောင့် နှစ်ယောက်အတူ မခွဲရဖို့ နည်းလမ်းရှာ လိုက်တာပဖြစ်တယ်။”ဟု ၎င်းကပြောခဲ့သည်။

တာ့ချ်မဟာဂူဗိမာန်ကို ၁၇ ရာစုအတွင်းက ဘရင်ရှက်ဂျာဟန်က မိဖုရားဖြစ်သူ မူတက်ဇ်မဟာ၏ ဂူသချိုင်းအဖြစ် တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့လှည့်ခရီးသွားများကို ဆွဲဆောင်သည့် နေရာတစ်နေရာဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly