Huawei ၏ ပထမဆုံး ရွေ့လျားဝန်ဆောင်မှု “ပြုပြင်ရွေ့လျား Huawei ကား” အစီအစဉ်စတင်

Huawei ၏ ပထမဆုံး ရွေ့လျားဝန်ဆောင်မှု “ပြုပြင်ရွေ့လျား Huawei ကား” အစီအစဉ်စတင်

ရန်ကုန်၊နိုဝင်ဘာ ၇ ။             ။ Huawei Service Center ဖွင့်လှစ်ထားခြင်းမရှိသေးသော မြို့ကြီးများမှ သုံးစွဲသူများအတွက်  သွားရောက်ဝန်ဆောင် မှုပေးမည့်  “ ပြုပြင်ရွေ့လျား Huawei ကား ” အစီအစဉ်ကို စတင်တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပထမဆုံး ရွေ့လျားဝန်ဆောင်မှု အစီအစဉ် သည် နိုဝင်ဘာလ ၇ ရက်နေ့မှ ၁၇ ရက်နေ့အထိ ပဲခူး၊ တောင်ငူ၊ မိတ္ထီလာ၊ ကလော၊ ညောင်ရွှေ၊ တောင်ကြီး၊ ရွှေညောင်၊ အောင်ပန်း၊ ပင်လောင်း၊ ရမည်းသင်း၊ ဖြူး၊ လှည်းကူးစသည့် မြို့ကြီး (၁၄)မြို့ကို သွားရောက်ကာ ဝန်ဆောင်မှုပေးမည် ဖြစ်သည်။

Huawei ၏  “ ပြုပြင်ရွေ့လျား Huawei ကား ” ဝန်ဆောင်မှုသည် တစ်နေရာတည်းတွင်  Huawei စမတ်ဖုန်းများအ တွက် အခမဲ့ software နှင့် firmware update ပြုလုပ်ခြင်းများ၊ အခမဲ့ အထွေထွေစမတ်ဖုန်း သန့်စင်ခြင်းများ၊ အခမဲ့ ဖုန်းအားသွင်းပေးခြင်းများ၊ဖုန်းများအား One-Stop Service ဖြင့် ပြုပြင်ပေးခြင်း အစရှိသော ဝန်ဆောင်မှုများကို ရရှိနိုင် မည်ဖြစ်သည်။                                                                                        

" Huawei ရဲ့ ပြုပြင်ရွေ့လျား Huawei ကား ဝန်ဆောင်မှုဟာ ကျွန်မတို့ တန်ဖိုးထားရတဲ့ သုံးစွဲသူတွေကို တစ်နေရာ တည်းမှာ ထူးခြားစစ်မှန်တဲ့ ဝန်ဆောင်မှုတွေ ထောက်ပံ့ပေးသွားမှာ ဖြစ်တဲ့အတွက် သုံးစွဲသူတွေအနေနဲ့ ကျေနပ်လိမ့် မယ်လို့ ယုံကြည်ပါတယ် ” ဟု Huawei Device Myanmar ၏ Service Director မချစ်ယုလှိုင်က ဆိုသည်။

လက်ရှိတွင် Huawei ဝန်ဆောင်မှုစင်တာ (၁၄)ခုကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မြစ်ကြီးနား၊ တောင်ကြီး၊ မူဆယ်၊ မော်လမြိုင်၊ မုံရွာ၊ ပုသိမ်၊ ကလေး၊ မြိတ်နဲ့ မကွေးတို့တွင် ဖွင့်လှစ်ထားသည်။             

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly