မကြာခင် မြန်မာ့ပို့ကုန်ကဏ္ဍမှာ သက်ရောက်မှုတွေ ရှိလာတော့မယ် အမေရိကန် GSP

မကြာခင် မြန်မာ့ပို့ကုန်ကဏ္ဍမှာ သက်ရောက်မှုတွေ ရှိလာတော့မယ် အမေရိကန် GSP
ဓာတ်ပုံ-ဟောင်ဆာ(ရာမည) မဇ္ဈိမ

မြန်မာနိုင်ငံကကုန်ပစ္စည်းတွေကို အမေရိကန်ဝယ်လက်တွေ ဝယ်ယူမယ်ဆိုရင် အဲဒီ့အမေရိကန်သွင်းကုန်လုပ်ငန်းရှင်တွေအတွက် ဝယ်ယူခွင့်အခွန်အထူးသက်သာမယ့် GSP ကုန်သွယ်ခွန်ကို အမေရိကန်အစိုးရက အခုနိုဝင်ဘာလ ဒုတိယသီတင်းပတ်ကနေစပြီး ပြန်ပေးတော့မှာဖြစ်ပါတယ်။  

ဒါပေမယ့် စီးပွားရေးုပြုပြင်ပြောင်းလဲမှု နှေးကွေးနေပြီးပြေးလမ်းပေါ်မှာ ရုန်းကန်နေရတဲ့ မြန်မာ့စီးပွားရေးနဲ့ ပို့ကုန်ကဏ္ဍအတွက် အမေရိကန်ဈေးကွက်မှာရှိနှင့်   နေပြီးသားအာဆီယံနဲ့ နိုင်ငံတကာဈေးကွက်တွေကို ဘယ်လိုယှဉ်ပြိုင်နိုင်မလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

အမေရိကန်နိုင်ငံကနေ မြန်မာ့ပို့ကုန်ကဏ္ဍအတွက် အထည်ချုပ်လုပ်ငန်းမှအပကုန် ပစ္စည်း ၅၀၀၀ ကိုသူတို့ဆီက ဝယ်လက်တွေ ကုန်သွယ်ခွန်လုံးဝပေးစရာမလိုတဲ့ GSP စနစ်ကို မြန်မာနိုင်ငံကိုတလောက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝါရှင်တန်ခရီးစဉ်အတွင်း ပြန်ပေးခဲ့ပါတယ်။ အဲဒိလိုအခွင့်အရေးမျိုးကိုအမေရိကန်က ၁၉၈၉ ခုနှစ်ကနေစပြီး မြန်မာနိုင်ငံအပေါ်မှာ ရုတ်သိမ်းခဲ့တာဖြစ်ပါတယ်။

အဲဒီ့ကုန်သွယ်ခွန် အထူးသက်သာခွင့် GSP စနစ်ကတော့ နိုဝင်ဘာလ ၁၃ ရက်နေ့ လောက်မှာစတင် အသက်ဝင်သွားဖို့ ရှိနေတာပါ။ ဒါပေမယ့် နိုင်ငံရဲ့ ဘယ်လိုကုန်ထုတ်လုပ်မှု ကဏ္ဍကနေ အမေရိကန်ဈေးကွက်ထဲမှာ အကျိုးအမြတ်ရှိလာနိုင်မလဲဆိုတာက မရေမရာဖြစ်နေတဲ့ အခြေအနေတွေ ဖြစ်နေပြီး ပြင်ဆင်လုပ်ကိုင်ရမှာတွေလည်းရှိနေတယ်လို့ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ   မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပါတယ်။

"အမေရိကန်နိုင်ငံက ကျွန်တော်တို့လိုဘဲဆန်ကိုတင်ပို့ရောင်းချတဲ့နိုင်ငံဖြစ်တဲံအတွက် သူနိုင်ငံဈေးကွက်မျာတော့ ကျွန်တော်တို့ရဲ့ဆန် လိုအပ်ချက်ကအင်မတန်နည်းပါတယ်"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly