Nevada ပြည်နယ်ရှိ လူထုစုဝေးပွဲ၌ မိန့်ခွန်းပြောနေသော ဒေါ်နယ်ထရန့် လုံံခြံုရေးအခြေအနေတစ်ခုကြောင့် စင်ပေါ်မှ ကသုတ်ကရိုက် ဆင်းသွားခဲ့ရ

Nevada ပြည်နယ်ရှိ လူထုစုဝေးပွဲ၌ မိန့်ခွန်းပြောနေသော ဒေါ်နယ်ထရန့် လုံံခြံုရေးအခြေအနေတစ်ခုကြောင့် စင်ပေါ်မှ ကသုတ်ကရိုက် ဆင်းသွားခဲ့ရ

နိုဝင်ဘာ ၆ ။          ။ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရန့် Nevada ပြည်နယ်ရှိ လူထုစုဝေးပွဲတစ်ခု၌ တက်ရောက်မိန့့်ခွန်းပြောကြားနေစဉ် အန္တရာယ်အခြေအနေတစ်ခုကြောင့် လုံခြုံရေးများ ရုတ်တရက်စင်ပေါ်ရောက်လာကာ ၎င်းအား စောင့်ကြပ်ခေါ်ဆောင်သွားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဒေါ်နယ်ထရန့်မှာ စကားပြောနေရင်း တန်းလန်းဖြင့် လုံခြုံရေးဝန်ထမ်းများ၏ ကသုတ်ကရိုက် လာရောက်ခေါ်ဆောင်မှုနောက် လိုက်ပါခဲ့ရခြင်းဖြစ်သည်။

သတင်းများအရ လူအုပ်ထဲတွင် သေနတ်ကိုင်လူတစ်ဦး ရှိနေသည်ဟု သတင်းရပြီးနောက်ပိုင်း ယခုကဲ့သို့ ထရန့်အား လာရောက်စောင့်ကြပ်ခေါ်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။

သို့သော် ယင်းအဖြစ်အပျက်ဖြစ်ပြီး မိနစ်အနည်းငယ် အကြာတွင် ထရန့်မှာ စင်ပေါ်သို့ ပြန်ရောက်လာခဲ့ပြီး ၎င်း၏ မပြီးပြတ်သေးသော မိန့်ခွန်းကို ဆက်လက်ပြောကြားသွားခဲ့သည်ဟုလည်း သိရသည်။ “ ကျွန်တော်တို့အတွက် အခြေအနေတွေက လွယ်တော့မလွယ်ဘူးပေါ့လေ၊ ဒါပေမယ့်လည်း ကျွန်တော်တို့ ဒီလိုအခြေအနေတွေအောက်မှာ ဘယ်တော့မှ  ဒီနေရာမှာ လုံခြုံရေးတာဝန်ရှိသူတွေကိုတော့   ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်၊

သူတို့ဟာ သူတို့လုပ်သလောက် အသိအမှတ်ပြုခံနေကြရတာတော့ မဟုတ်ပါဘူး၊ တကယ့်ကို မယုံနိုင်စရာကောင်းအောင် ကောင်းတဲ့သူတွေပါ” ဟု ထရန့်က ပရိသတ်ကို ပြောကြားသွားခဲ့ပြီး ယင်းနောက် မူလပြောလက်စ မိန့်ခွန်းကို ဆက်လက်ပြောကြားသွားခဲ့သည်ဟု သိရသည်။

CNN ဂျာနယ်လစ်တစ်ဦး၏ ပြောကြားချက်အရ လူအုပ်ထဲတွင် သေနတ်ကိုင်လူတစ်ဦး ရောက်နေသည်ဆိုသည့်သတင်းများကို လုံခြုံရေးတပ်ဖွဲ့များ ရရှိခဲ့ကြောင်းနှင့် ယခုအခါ ၎င်း သံသယရှိသူတစ်ဦးကို ထိန်းသိမ်းထားလိုက်ပြီဖြစ်ကြောင်းလည်း သိရသည်။

အလားတူ မျက်မြင်တွေ့ရှိသူများ၏ အဆိုအရလည်း လူတစ်ဦးကို လုံခြုံရေးအေးဂျင့်များက လာရောက် ထိန်းသိမ်းခေါ်ထုတ်သွားသည်ကို တွေ့မြင်လိုက်ရသည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly