သားဖြစ်သူ Noah တွင် ကင်ဆာရှိနေသဖြင့် တုန်လှုပ်မိကြောင်း အဆိုတော် Michael Buble ပြော

သားဖြစ်သူ Noah တွင် ကင်ဆာရှိနေသဖြင့် တုန်လှုပ်မိကြောင်း အဆိုတော် Michael Buble ပြော

အဆိုတော် Michael Buble နှင့် သူ၏ဇနီးဖြစ်သူ မင်းသမီး နှင့် ဖက်ရှင်မော်ဒယ် Luisana Lopilato တို့သည် ၎င်းတို့၏ သုံးနှစ်အရွယ် သားဖြစ်သူ Noah တွင် ကင်ဆာရောဂါရှိနေသဖြင့် အလွန် တုန်လှှုပ်ကာ စိတ်ပျက်မိကြောင်း ဆိုခဲ့ကြသည်။

ထိုသတင်းကို ကနေဒါအဆိုတော် Michael Buble က သူ၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် မည်သည့်ကင်ဆာ ဖြစ်ကြောင်းကိုမူ အဆိုတော်က ပြောမထားပေ။

သူ နှင့် ဇနီး Lopilato တို့သည် သားဖြစ်သူ Noah ပြန်လည် နေကောင်းလာရေးကို အာရုံစိုက် လုပ်ဆောင်နိုင်ရန်အတွက် အလုပ်ကိစ္စများကို ဘေးချိတ်ထားကြောင်း အဆိုတော်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly