Miss Universe Myanmar မိုးစက်ဝိုင် ပါ၀င်ရိုက်ကူးထားသည့် ကီရာကီရာ ဂျပန်အစီအစဉ်

Miss Universe Myanmar မိုးစက်ဝိုင် ပါ၀င်ရိုက်ကူးထားသည့် ကီရာကီရာ ဂျပန်အစီအစဉ်

ရန်ကုန်၊နိုဝင်ဘာ ၅ ။                      ။ Miss Universe Myanmar မိုးစက်ဝိုင်ပါဝင်ရိုက်ကူးထားသည့် ကီရာကီရာဂျပန်အစီအစဉ် (Kira Kira Japan ) ကို MWD Documentary Channel တွင် ဒီဇင်ဘာ ၄ ရက်နေ့ ညနေ ၅ နာရီခွဲတွင် စတင်ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။   

ကီရာကီရာဂျပန် အစီအစဉ်တွင် မိုးစက်ဝိုင်၏ ကိုယ်ပိုင်အတွေ့အကြုံပါဝင်မှုနှင့်အတူ ဂျပန်နိုင်ငံ၏ ညအလှများ၊ ကာမာကူရာရှိ ယဉ်ကျေးမှုနှင့် မဟာဗုဒ္ဓရုပ်ပွားတော်ကြီး၊ ဂျပန်အစားအစာများ၊ ဂျပန်-မြန်မာစိုက်ပျိုးရေး ချိတ်ဆက်မှု၊ ဖူကူအိုကာရှိ စတော်ဘယ်ရီစိုက်ခင်းနှင့် အစားအစာဆိုင်တန်းများ စသည်တို့ ပါဝင်ရိုက်ကူးထား ပြီး အပတ်စဉ် တနင်္ဂနွေနေ့  ညနေ ၅း၃၀ မှ ညနေ ၆း၀၀ အထိ MWD Documentary Channel တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

အခမ်းအနားတွင် မိုးစက်ဝိုင်က " ဂျပန်နိုင်ငံက ယဉ်ကျေးမှုလည်းရှိပြီး တိုးတက်မှုလည်းရှိတဲ့ နိုင်ငံဖြစ်တဲ့အတွက်  မိုးစက်တို့နိုင်ငံက ဒီလိုမျိုးဖြစ်လာဖို့အတွက် အားလုံးက ဒီအစီအစဉ်လေးကနေ   လေ့လာနိုင်ဖို့နဲ့ ဗဟုသုတတွေရရှိဖို့ ဖြစ်ပါတယ် " ဟု ဆိုသည်။

ကီရာကီရာဂျပန် အစီအစဉ်သည် မြန်မာ့ခရီးသွားပြည်သူများကို ဆွဲဆောင်ရန်နှင့် ပြည်တွင်းထုတ်လူသုံးကုန် ပစ္စည်းများနှင့် ထုတ်ကုန်ပစ္စည်းများ ရောင်းအားမြင့်တင်ပေးနိုင်ရန်၊ ဂျပန်နိုင်ငံတွင် စားသုံးမှုချဲ့ထွင်ရန်အတွက် အထောက်အကူပြုရန်နှင့် မြန်မာလူမျိုးများ၏ ပုံမှန်လိုအပ်ချက်များကို အထောက်အကူပြုနိုင်ရန်  ရည်ရွယ်ပြီး TV Asahi Corporation မှ တာဝန်ယူ စီစဉ်ဆောင်ရွက် ထားကြောင်း  သိရသည်။                                                  

အဆိုပါ အစီအစဉ်နှင့် ပက်သက်သည့် သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာလ၅ ရက်နေ့တွင် တပ်မတော်ခန်းမ၌ ပြု လုပ်ကျင်းပခဲ့သည်။     

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly