ဗီဒယ်ကိုပေါင် ၂၈ သန်းဖြင့် ဘိုင်ယန်မြူးနစ် အသင်းခေါ်ယူနိုင်တော့မည်ဟု အီတလီတွင်သတင်းထွက်

ဗီဒယ်ကိုပေါင် ၂၈ သန်းဖြင့် ဘိုင်ယန်မြူးနစ် အသင်းခေါ်ယူနိုင်တော့မည်ဟု အီတလီတွင်သတင်းထွက်

ဇူလိုင် ၁၇၊ မြူးနစ်။       ။ ဘိုင်ယန်မြူးနစ်သည် အသင်းမှထွက်ခွာသွားသော ရှဝိန်းစတိုင်ဂါ၏နေရာတွင် လျှင်မြန်စွာအစားထိုးမှု အဖြစ် ဗီဒယ်ကိုခေါ်ယူနိုင်တော့မည်ဟု အီတလီတွင် သတင်းများထွက်ပေါ်နေသည်။

ဂျူဗင်တပ်ကြယ်ပွင့် ဗီဒယ်သည် ပြောင်းရွှေ့ကြေးပေါင် ၂၈ သန်းဖြင့် ဘိုင်ယန်မြူးနစ်အသင်းသို့ရောက်ရန် နီးစပ်နေခြင်းဖြစ်သည်။ ယင်းမှာ ၎င်းကို ကာလရှည်စိတ်ဝင်စားနေသည့် ပရီးမီးယားလိဂ်အသင်းကြီးများအတွက် ထိုးနှက်ချက်လည်းဖြစ်စေခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ချီလီလက်ရွေးစင်ကွင်းလယ်ကစားသမား၏ ပြောင်းရွှေ့ကြေးကို သဘောတူခဲ့ပြီးအပြန်အလှန် အားဖြင့် ကွင်းလယ်ဖန်တီးရှင်ဂေါ့တ်ဇီမှာ ဂျူဗင်တပ်သို့ပြောင်းရဖွယ်ရှိသည်ဟု အီတလီသတင်းစာ ကော်ရီယာဒယ်လိုစပို့ က ဖော်ပြခဲ့သည်။

ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် အနိုင်ဂိုးသွင်းခဲ့သည့် ဂျာမနီလက်ရွေးစင်ကစားသမား ဂေါ့တ်ဇီသည် ဘိုင်ယန်မြူးနစ်အသင်းတွင်မူ နည်းပြဂွာဒီယိုလာ၏လက်အောက်၌ ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည်။

ဗီဒယ်သည် မန်ယူအသင်းသို့ပြောင်းရွှေ့သွားသည့် ရှဝိန်းစတိုင်ဂါ၏နေရာတွင် တိုက်ရိုက်အစားထိုး ကစားရဖွယ်ရှိနေသည်။ ၂၀၀၇ တွင် ဗီဒယ်ကို လေဗာကူဆင်အသင်းအတွက်ခေါ်ယူပြီးဥရောပသို့ပထမဆုံးခြေချစေခဲ့သည့် ဘိုင်ယန်မြူးနစ် ဒါရိုက်တာ မိုက်ကယ်သည် ယခုတစ်ကြိမ်တွင်လည်း ဗီဒယ်ကိုခေါ်ယူရာ၌ အဓိကကျသော နေရာမှပါဝင်ခဲ့ဖွယ်ရှိသည်။

အီတလီသတင်းစာတစ်စောင်ဖြစ်သည့် လာဂတ်ဇတ်တာဒယ်လိုစပို့ကလည်း ကွင်းလယ်ကစားသမားဗီဒယ်သည် ဘိုင်ယန်မြူးနစ် သို့ပြောင်းရန် သဘောတူညီမှုရခဲ့ပြီဟုဖော်ပြ ခဲ့သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags