ပြင်သစ် ယဉ်ကျေးမှုဌာန နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ပူးပေါင်းကျင်းပမည့် မင်္ဂလာပါပွဲတော်

ပြင်သစ် ယဉ်ကျေးမှုဌာန နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ပူးပေါင်းကျင်းပမည့် မင်္ဂလာပါပွဲတော်

ရန်ကုန်၊ နိုဝင်ဘာ ၄ ။       ။ ပြင်သစ် ယဉ်ကျေးမှုဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ပူးပေါင်း၍ ပြင်သစ်-မြန်မာကူးလူးဆက် သွယ်ယဉ် ကျေးမှု ဖလှယ်ခြင်း (၅၅)နှစ်မြောက်အထိမ်းအမှတ်အဖြစ် မင်္ဂလာပါပွဲတော်(Mingalarbar Festival) ကို ဒီဇင်ဘာလ၂ ရက်နေ့ မှ ၄ ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အနုပညာ ပေါင်းစုံပေါင်းစပ်ပါဝင်သော အဆိုပါ မင်္ဂလာပါပွဲတော်အစီအစဉ် နှင့် ပူးပေါင်းပါဝင်သူများကိုမိတ်ဆက်  အသိ ပေးသည့် စာနယ်ဇင်းရှင်းလင်းပွဲကို နိုဝင်ဘာ (၃) ရက်နေ့၊ နေ့လည် ၂ နာရီခွဲတွင် Shangri-la ဟိုတယ်၌ ကျင်း ပပြု လုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက " မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကမ္ဘာ့နိုင်ငံအ သီးသီးက ဧည့်သည်တွေကိုဖိတ်ပြီး   ရန်ကုန်မြို့မှာ ရန်ကုန်ပြည်သူလူထုတွေရဲ့ ပျော်ပျော် ရွှင်ရွှင်ပါဝင်မှုနဲ့ ယဉ်ကျေးမှု ပွဲတော်တစ်ရပ် ကျင်းပနိုင်ဖို့ ဖြစ်ပါတယ် " ဟု ဆိုသည်။

ဒီဇင်ဘာ ၂ ရက်နေ့မှ ဒီဇင်ဘာ ၄ရက် အထိ ကြီးမားသော ရုပ်သေးရုပ်ကြီးနှစ်ရုပ်က ရန်ကုန်မြို့အနှံ့ လှည့်လည်မည်ဖြစ် ပြီး လမ်းပေါ်မှ သရုပ်ပြဖျော်ဖြေမှုများလည်း လိုက်ပါတင်ဆက်ကြမည် ဖြစ်သည်။

ထိုစီတန်းလှည့်လည်ပွဲတစ်လျှောက် ပြင်သစ်-မြန်မာ အနုပညာရှင်များက သရုပ်ဖော်တင်ဆက်မှုများနှင့် တိုက်ရိုက် ဖျော် ဖြေမှုများ (ဆပ်ကပ် ၊ တေးဂီတပွဲများ၊ လမ်းပေါ်မှ အနုပညာတင်ဆက်မှု၊  videomapping ၊အကများ)  စသည်တို့ကို မြို့၏ အချက်အချာကျသောနေရာများနှင့် ဝါးတန်းဆိပ်ကမ်း၊ မဟာဗန္ဓုလပန်းခြံ၊ ပြည်သူ့ရင်ပြင်နှင့် ဒလမြို့နယ် တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များကို ပြင်သစ်-မြန်မာအနုပညာရှင်များဖြစ်ကြသည့်  Bintou Dembele ၊ မြန်မာ Street art Hip Hop အကအဖွဲ့သားများ နှင့်  Anne Paceo ၊ ဟိန်းတင့်အဖွဲ့သားများက ပူးပေါင်းဖျော်ဖြေ တင်ဆက် သွားကြမည်ဖြစ်သည်။                                                        

ထိုပွဲတော်အတွက ်လှုပ်ရှားမှုအစီအစဉ်များကို နိုဝင်ဘာ ၁၃ ရက်မှ ၂၇ ရက်အထိ အမျိုးသားကဇာတ်ရုံတွင်ရုပ်သေးရုပ် ကြီး နှစ်ရုပ်အနက်မှ တစ်ရုပ်ကိုဆောက်လုပ်ခြင်းအစီအစဉ်ဖြင့် စတင်မည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် ၎င်းနေရာသို့ လာ ရောက်လေ့လာကြည့်ရှုလိုပါကလည်း စာရင်းပေးသွင်းပြီး လာရောက်နိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly