မော်ရိုကိုနိုင်ငံတွင် ကြွက်တစ်ကောင်ကြောင့် ဗလီအတွင်း လူအုပ်ပြိုမှုဖြစ်ကာ လူပေါင်း ၈၀ ကျော်ထက်မနည်း ဒဏ်ရာရ

မော်ရိုကိုနိုင်ငံတွင် ကြွက်တစ်ကောင်ကြောင့် ဗလီအတွင်း လူအုပ်ပြိုမှုဖြစ်ကာ လူပေါင်း ၈၀ ကျော်ထက်မနည်း ဒဏ်ရာရ

မော်ရိုကိုနိုင်ငံ ကာဆာဘရမ်ကာမြို့တွင် ဗလီတစ်ခုအတွင်း ကြွက်တစ်ကောင်ကြောင့် အုတ်အော်သောင်းနင်းဖြစ်ကာ လူအုပ်ပြို မှုဖြစ်၍ လူပေါင်း ၈၀ ကျော်ထက်မနည်း ဒဏ်ရာအနာတရဖြစ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

မြို့ရှိ Hassan II ဗလီတွင် ဇူလိုင် ၁၄ ရက် ညနေပိုင်းက ယင်းသို့လူအုပ်ပြိုမှုဖြစ်ပွားခြင်းဖြစ်သည်။

ယင်းနေ့သည် မွတ်စလင် ရမဇန်ဥပုသ်လ၏ အထွဋ်အမြတ်နေ့ဖြစ်သည်။ ထိခိုက်ဒဏ်ရာရသူအများစုမှာ အမျိုးသမီးများက အများစုဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ဗလီအတွင်း ဝတ်ပြုဆုတောင်းစဉ် အမျိုးသမီးတစ်ဦး ခြေထောက်ပေါ် ကြွက်ဖြတ်ပြေးရာ အထိတ်တလန့်စတင်ဖြစ်ပြီး လူများ ကစဉ့်ကလျားဖြစ်ကာ လူအုပ်စုပြုံတိုးဝှေ့ခြင်းဖြင့် လူအုပ်ပြိုမှုဖြစ်သွားခြင်းဖြစ်သည်။

Hassan II ဗလီသည် အာဖရိကတွင် အကြီးဆုံးဗလီဖြစ်ပြီး ကမ္ဘာတွင် ခုနစ်ခုမြောက် အကြီးဆုံးဗလီတစ်ခုဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly