"ခရီးသွားရင်းအန်တာ သက်သာစေဖို့ နည်းလမ်းကောင်းများ"

"ခရီးသွားရင်းအန်တာ သက်သာစေဖို့ နည်းလမ်းကောင်းများ"

အန်တတ်လို့ ခရီးသွားရမှာ မသွားရဲဘူးဆိုသူများအတွက် နည်းလမ်းကောင်းအချို့ကို မျှဝေပေးလိုက်ပါတယ်နော်။

ခရီးမထွက်ခင် အိပ်ရေးဝဝအိပ်ပါ။  ခရီးမထွက်ခင်မှာ ဗိုက်အပြည့် မစားပါနဲ့။

ဗိုက်ဟောင်းလောင်းနဲ့လည်း ခရီးမထွက်ပါနဲ့။ပြတင်းပေါက်နားမှာ ထိုင်ပါ။

ကားနောက်ဆုံး ခုံနားမှာ မထိုင်ပါနဲ့။ မကြာခဏ အသက်ဝဝရှူပါ။ ကားစီးနေစဉ်မှာ ပီကေစားနေပါ။

အန်တတ်တယ်ဆိုရင် တစ်ရှူး၊ ကျွတ်ကျွတ်အိတ်နဲ့ ရေ ဆောင်ထားဖို့ မမေ့ပါနဲ့ ။
သံပယိုသီးတစ်လုံး ဆောင်ထားပါ။ ကားရွေ့နေချိန်မှာ ရေမသောက်ပါနဲ့ ။တခြားကားတွေက လာတဲ့ မီးခိုးငွေ့တွေ မရှူမိပါစေနဲ့။
ကားရွေ့နေစဉ်မှာ ဘေးဘီဝဲယာကို မကြည့်ပါနဲ့ ။ရှေ့တည့်တည့်ကိုပဲ ကြည့်ပါ။ ဒါမှမဟုတ် ခရီးစထွက်ကတည်းက မျက်လုံးပိတ်ထားပါ။

ကားပေါ်မှာပါတဲ့ လူတစ်ယောက်က မူးအန်နေပြီဆိုရင် သူ့ကို သွားမကြည့်ပါနဲ့ ။ အန်နေတဲ့အသံကိုလည်း နားမထောင်ပါနဲ့ ။

အရမ်းအန်ချင်နေတဲ့အခါမှာ အန်ချလိုက်ပါ။ နေရတာ ပေါ့သွားပါလိမ့်မယ်။ အဲ့နောက် ရေသောက်ပြီး သကြားလုံးတစ်လုံး ချက်ချင်းစားလိုက်ပါ။

ဒီနည်းလမ်းလေးတွေနဲ့ သက်သောင့်သက်တာ ခရီးထွက်နိုင်ကြပါစေနော်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly