ဦးဝင်းထိန် နှုတ်ထွက်စာ အတုပြု လုပ်သည်ဟုဆိုကာ တရားစွဲခံရသူကို ပထမအကြိမ်ရုံးထုတ်

ဦးဝင်းထိန် နှုတ်ထွက်စာ အတုပြု လုပ်သည်ဟုဆိုကာ တရားစွဲခံရသူကို ပထမအကြိမ်ရုံးထုတ်

နေပြည်တော်၊ နိုဝင်ဘာ ၄ ။                   ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းထိန် ပါတီမှနှုတ်ထွက်သည့် စာတစ်စောင်ကို လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာတွင် အတုလုပ်ကာဖော်ပြခဲ့သည်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့်တရားစွဲဆိုခံထားရသည့် ဦးဖိုးထောင်ကို နေပြည်တော်ကောင်စီနယ်မြေ ဇမ္မူသီရီမြို့နယ်တရားရုံး၌ နိုဝင်ဘာလ ၄ရက်က ပထမအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

NLD ပါတီဝင်တစ်ဦးဖြစ်သည့် ဦးဖိုးထောင်အား နေပြည်တော်ကောင်စီနယ်မြေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရိုင်ကော်မတီအဖွဲ့ဝင် ဦးသန်းဌေး (ခ) ဦးသန့်ဇင်က တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဆယ်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် ကဗျာဆရာမောင်ဆောင်းခ နှင့် အဖွဲ့က တူညီဝတ်စုံများဖြင့် ဦးဖိုးထောင်၏ ရုံးချိန်းသို့ လာရောက်ကာ စွပ်စွဲခံရသူကို အားပေးစကားလာပြောကြားခဲ့ရာ တူညီဝတ်စုံများ မဝတ်ကြရန် ဇမ္မူသီရီမြို့နယ်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ခေါ်ဆောင်ကာ တားမြစ်ခဲ့သည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly