ရီးယဲလ်မက်ဒရစ်ပရိသတ် ရ၀ ရာခိုင်နှုန်းက ဒီဂီယာကို လာမည့်နှစ် မှခေါ်စေချင်ကြ

ရီးယဲလ်မက်ဒရစ်ပရိသတ် ရ၀ ရာခိုင်နှုန်းက ဒီဂီယာကို လာမည့်နှစ် မှခေါ်စေချင်ကြ

ဇူလိုင် ၁၇၊ မက်ဒရစ် ။     ။ ရီးယဲလ် မက်ဒရစ်အသင်း အနေဖြင့် မန်ယူဂိုးသမား ဒီဂီယာကို လာမည့်နှစ်တွင် မှခေါ်ယူစေရန် ရီးယဲလ် မက်ဒရစ်ပရိသတ် သုံးပုံနှစ်ပုံကျော်က ဆန္ဒရှိ နေသည်။

အချိန် ၁၂ လစောင့်ပြီး အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရနိုင်သော်လည်း ရီးယဲလ်မက်ဒရစ်တာဝန်ရှိသူများသည် ဒီဂီယာကို ယခုနှစ် မှာပင်ခေါ်ယူ သွားရန် ဆုံးဖြတ်ထားကြသည်။

စပိန်လက်ရွေးစင်ဂိုးသမား ဒီဂီယာသည်မန်ယူအသင်းနှင့် စာချုပ်သက်တမ်းတစ်နှစ်သာကျန်တော့ပြီး ရီးယဲလ်မက်ဒရစ် သို့ပြောင်း ချင်နေရာ မန်ယူအသင်းနှင့် စာချုပ်သက်တမ်းတိုးရန် မရှိသည့် အနေအထားဖြစ်သည်။

ဒီဂီယာကိုခေါ်ယူရေးနှင့်ပတ်သက်ပြီး စပိန်သတင်းစာ မာကာက ရီးယဲလ်မက်ဒရစ်ပရိသတ်များကို "ဒီဂီယာ ကိုဒီနှစ်မှာခေါ်သင့် လား၊ ဒါမှမဟုတ် အလွတ်ပြောင်းရွှေ့ကြေးနဲ့ လာမယ့်နှစ်မှာခေါ်သင့်လား"ဟု စစ်တမ်းကောက်ယူခဲ့သည်။

စစ်တမ်းကိုဝင်ရောက်ဖြေဆိုကြသည့် ပရိသတ် ၇၀ ရာခိုင်နှုန်းက လာမည့်နှစ်အထိစောင့်ဆိုင်းသင့်သည်ဟု ဖြေဆိုကြပြီး ကျန် ၃၀ နှစ်က လက်ရှိအပြောင်းအရွှေ့ဈေးကွက်မပိတ်မီခေါ်သင့်သည်ဟု ဖြေဆိုခဲ့ကြသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ဂိုးသမားကာဆီးလက်စ်ကို ပေါ်တိုအသင်းသို့ရောင်းချထားပြီဖြစ်သော်လည်း ပရိသတ်များက ကျန်ဂိုးသမား နာဗက်စ်သည် လာမည့်ရာသီရီးယဲလ်မက်ဒရစ်ဂိုးပေါက်ကို တာဝန်ယူကာကွယ်သင့်သည်ဟု ယူဆနေသည်။

ယင်းအတွက်လည်း မာကာက စစ်တမ်းကောက်ခဲ့ရာ ၇၀ ရာခိုင်နှုန်းက သဘောတူခဲ့ပြီး ၃၀ ရာခိုင်နှုန်းက သဘောမတူ ဟုဖြေဆို ခဲ့ကြသည်။ ဒီဂီယာသည်လက်ရှိတွင် မန်ယူအသင်းနှင့်အတူ ရာသီကြိုအမေရိက ခြေစမ်းခရီးသွားရောက်လျှက်ရှိသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly