လက်ကျိုးသွားသဖြင့် လက်စတာဂိုးသမား ရှမိုက်ကယ် တစ်လခန့်နားရမည်

လက်ကျိုးသွားသဖြင့် လက်စတာဂိုးသမား ရှမိုက်ကယ် တစ်လခန့်နားရမည်

နိုဝင်ဘာ ၄၊ လက်စတာ။ ။             ။ အားထားရသောဂိုးသမားဖြစ်သူ ရှမိုက်ကယ်လက်ကျိုးသွားသဖြင့် လက်စတာအသင်းအတွက် ထိုးနှက်ချက်တစ်ရပ်ဖြစ်ခဲ့ရပြီး ရှမိုက်ကယ်မှာ တစ်လခန့်အနားယူရဖွယ်ရှိနေသည်။

ဒိန်းမတ်ဂိုးသမား ရှမိုက်ကယ်မှာ ဗုဒ္ဓဟူးနေ့က ကိုပင်ဟေဂင်နှင့် ဂိုးမရှိသရေကျသော ချန်ပီယံလိဂ်ပွဲ ပထမပိုင်းတွင် လက်ကျိုး သွားခဲ့ခြင်းဖြစ်သည်။

လက်ချောင်းကျိုးသွားခဲ့သော်လည်း ရှမိုက်ကယ်သည်ပွဲကိုဆက်ကစားခဲ့ပြီး လက်စတာအသင်းကို ချန်ပီယံလိဂ်သမိုင်း တစ်လျှောက် ပထမဆုံးကစားသည့်လေးပွဲတွင် ဂိုးမပေးရသည့် အသင်းအဖြစ် မှတ်တမ်းဝင်စေခဲ့သည်။

အထူးသဖြင့် ရှမိုက်ကယ်သည် ပွဲချိန်မိနစ် ၉၀ တွင် ကိုပင်ဟေဂင်မှ ကော်နယ်လီယက်စ်၏ ဂိုးရရေးကြိုးပမ်းမှုကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သည်။

ရှမိုက်ကယ်သည် ဘောလုံးကိုပုတ်ထုတ်စဉ် လက်ချောင်းကျိုးသွားခဲ့သည်ဟု ယူဆရပြီး ဒဏ်ရာမှာချက်ချင်းမသိသာခဲ့ဘဲ ပွဲပြီးမှသာ သိခဲ့ရခြင်းဖြစ်သည်။

ရှမိုက်ကယ်သည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ဖလားရခဲ့သော လက်စတာအသင်းတွင် ပွဲတိုင်းကစားခဲ့ရပြီး နည်းပြရေနီယာရီ၏ အားထားရသော ကစားသမားတစ်ဦးဖြစ်ကာ နွေရာသီအတွင်းက ငါးနှစ်စာချုပ်သစ်ချုပ်ထားသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly