ထိုင်းဆန်စပါး လုပ်ငန်းရှင်များအသင်းမှ အမှုဆောင်ကော်မတီများ ရာထူးမှ နုတ်ထွက်

ထိုင်းဆန်စပါး လုပ်ငန်းရှင်များအသင်းမှ အမှုဆောင်ကော်မတီများ ရာထူးမှ နုတ်ထွက်

ဘန်ကောက်၊ နိုဝင်ဘာ ၄ ။                   ။ထိုင်းနိုင်ငံတွင် ဆန်စပါးဈေးနှုန်းများ ကျဆင်းရခြင်းသည် ဆန်စပါးလုပ်ငန်းရှင်များနှင့် နိုင်ငံရေးသမားများက ဈေးကစားခြင်းကြောင့်ဖြစ်သည်ဟု ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက ပြစ်တင်ပြောကြားလိုက်ပြီးနောက် ထိုင်းဆန်စပါးလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌအပါဝင် အမှုဆောင်အရာရှိ ၃၀ ရာထူးမှ နုတ်ထွက်သွားသည်။

နိုဝင်ဘာ ၄ ရက်က သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ကာ မိမိတို့ကော်မတီဝင်များ နုတ်ထွက်ကြောင်းကို အသင်းဥက္ကဌ မနတ်စ်ကစ်ပရာဆတ်က ပြောကြားသည်။

ဆန်စပါးလုပ်ငန်းရှင်များအနေဖြင့် အစိုးရမူဝါဒများကို အမြဲတမ်းလိုက်နာသည့်အပြင် လယ်သမားများ၏ အကျိုးစီးပွားကို ဦးစားပေးလုပ်ဆောင်ရမည်ဟု သတ်မှတ်ထားသော်လည်း မိမိတို့အနေဖြင့် နိုင်ငံရေးသမား များနှင့်ပူးပေါင်းကာ ဆန်ဈေးကျအောင် လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရကြောင် မနတ်စ်က ပြောကြားသည်။

ဆန်စပါးလုပ်ငန်းရှင်များအနေဖြင့် လယ်သမားများက မျှော်လင့်ထားသည့် စပါးဈေးဖြင့် မဝယ်ယူနိုင်ကြောင်း လည်း ၎င်းက ပြောကြားသည်။

“ကျွန်တော်တို့ လုပ်ငန်းနယ်ပယ်က လူအားလုံး ကောင်းတယ်လို့ မဆိုလိုပါဘူး။ ဘယ်လုပ်ငန်းမှာမဆို ကောင်းတဲ့သူတွေရှိသလို မကောင်းတဲ့သူတွေလည်းရှိပါတယ်” ဟု ၎င်းက ပြောသည်။

အဖွဲ့ဝင် ၁၀၀၀ က ဆန်များကို ဈေးကွက်ပေါက်ဈေးအတိုင်း ဆက်လက်ဝယ်ယူနေမည်ဖြစ်သော်လည်း ဈေးနှုန်းအပေါ် ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း မနတ်စ်က ပြောသည်။

ကမ္ဘာ့ဈေးကွက်ကြောင်း ထိုင်းဆန်ဈေးများ ကျဆင်းရခြင်းဖြစ်ပြီး ဆန်များတွင် စိုထိုင်းဆပါဝင်မှုနှင့်လည်း သက်ဆိုင်ကြောင်း၊ ဈေးနှုန်းဆက်လက် ကျဆင်းမည့် အခြေအနေလည်းရှိနေသည်။

နိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင် ဆုံးရှုံးမှုများ ကြုံတွေ့နေရသည့် လယ်သမားများအတွက် ဆန်မွှေးတစ်တန်လျှင် ဘတ် ၁၃၀၀၀ ဖြင့် အစိုးရက နိုဝင်ဘာ ၂ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ ငွေထုတ်ချေးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags