၂၀၁၆ CMA ဂီတဆုပေးပွဲသို့ တေလာဆွစ်ဖ် တက်ရောက်ခဲ့

၂၀၁၆ CMA ဂီတဆုပေးပွဲသို့ တေလာဆွစ်ဖ် တက်ရောက်ခဲ့

ယခုနှစ် ကန်းထရီးတေးဂီတအသင်း ဂီတထူးချွန်ဆု (CMA ဂီတထူးချွန်ဆု) ပေးပွဲတွင် နာမည်ကျော် အဆိုတော်များစွာ မမျှော်လင့်ဘဲ တက်ရောက်ဖျော်ဖြေခဲ့ကြသည်။

အကြိမ် ၅၀ မြောက် ဂီတထူးချွန်ဆုပေးပွဲသို့ တက်ရောက်ခဲ့ကြသည့် အနုပညာရှင်များထဲတွင် အဆိုတော် Beyonce သာမက Taylor Swift လည်း ပါဝင်ခဲ့သည်။

Taylor Swift မှာ CMA ဆုပေးပွဲတွင် အထူးချွန်ဆုံး ဖျော်ဖြေသူ ဆုကို ယခင်က နှစ်ကြိမ်တိုင် ဆွတ်ခူးခဲ့ဖူးသူ ဖြစ်သည်။ ဆုရရှိခဲ့ဖူးသူ အနုပညာရှင်တစ်ဦးက ယခုနှစ် ဆုပေးပွဲတွင် ဆုပေးအပ်သူအဖြစ် ပါဝင်ဆောင်ရွက်ပေးခြင်းမှာ သင့်မြတ်လှပေသည်။

CMA ဂီတဆုနှင့် ပတ်သတ်လျှင် ၂၀၀၉ ခုနှစ်မှာ Taylor Swift အတွက် ရင်ခုန်စရာ အကောင်းဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့ကာ၊ သူမသည် CMA ဂီတဆုများကို ၂၀၀၉ ခုနှစ်တွင် ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။ Taylor Swift သည် “Fearless” တေးအယ်လ်ဘမ်ဖြင့် တစ်နှစ်တာ အကောင်းဆုံး တေးအယ်လ်ဘမ်ဆု ကို ဆွတ်ခူးခဲ့ဖူးသလို၊ “Love Story” သီချင်း ဗွီဒီယိုဖြင့် တစ်နှစ်တာ အကောင်းဆုံး ဂီတဗွီဒီယို ဆုကို ဆွတ်ခူးခဲ့သူ ဖြစ်သည်။

Taylor Swift ၏ “Love Story” သီချင်းဗွီဒီယိုကို https://www.youtube.com/watch?v=8xg3vE8Ie_E တွင် သွားရောက် ကြည့်ရှှု နားဆင်နိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly