ရခိုင်ပြည်နယ်တွင်း ကူညီပံ့ပိုးမှုများ ပိုမိုလုပ်ဆောင်ရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အရာရှိ တိုက်တွန်း

ရခိုင်ပြည်နယ်တွင်း ကူညီပံ့ပိုးမှုများ ပိုမိုလုပ်ဆောင်ရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အရာရှိ တိုက်တွန်း

မြန်မာနိုင်ငံမှ ဒုက္ခသည်များနှင့် နိုင်ငံသားအဖြစ် အသိအမှတ်မပြုနိုင်သေးသူများ၏ အခက်အခဲများကို ဖြေရှင်းပေးရန် အစီအစဉ်များ ပိုမိုလုပ်ဆောင်ပေးရန် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး၏ လူ့အခွင့်အရေး အကာအကွယ်ပေးရေး လက်ထောက်အရာရှိ ဗော်လ်ကာတာ့ခ်က ရန်ကုန်၊နေပြည်တော်၊ စစ်တွေ၊မောင်တောမြို့များ သိုရောက်ရှိခဲ့သည့် ၎င်း၏ ငါးရက်ကြာခရီးစဉ်အတွင်း တိုက်တွန်းပြောကြားလိုက်သည်။

တာ့ခ်အနေဖြင့် အခက်အခဲကြုံတွေ့နေရသူများ ၏ပြောဆိုမှုများနှင့်တွေ့ဆုံခဲ့ပြီးနောက် ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်မှ လူပေါင်း ၁၄၀၀၀၀ ဦးသည် ပြည်တွင်းဆူပူမှုများကြောင့် လွန်ခဲ့သည့် သုံးနှစ်ခန့်ကပင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။

နေပြည်တော်သို့ ရောက်ရှိစဉ်တွင် တာ့ခ်သည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနပြည်ထောင်စုဝန်ကြီး ဦးခင်ရီအပါအဝင် အစိုးရအရာရှိများ၊ လွှတ်တော်အမတ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့မှ လှေစီးရွှေ့ပြောင်းသူများ အရေးဖြေရှင်း ရာတွင်လည်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအနေဖြင့် ကူညီရန် အသင့်ရှိကြောင်း တာ့ခ်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly