Hip Pop ခေတ်ဦးအဆိုတော် ရန်ရန်ချမ်း ပြောတဲ့ သူ့အကြောင်း

Hip Pop ခေတ်ဦးအဆိုတော် ရန်ရန်ချမ်း ပြောတဲ့ သူ့အကြောင်း

၁၉၉၆ ခုနှစ်ကနေ ရက်ပ်သီချင်းတွေ သီဆိုလာပြီး ခုချိန်ထိ ပရိသတ် အားပေးမှုရရှိနေတဲ့သူ သူ့ဘဝ တစ်လျှောက်လုံး HIP HOP ဂီတမှာပဲ မြုပ်နှံထားတဲ့ ရန်ရန်ချမ်းသူ့ရဲ့ လက်ရှိစိန်ခေါ်မှုတွေက ဘာတွေများ ဖြစ်မလဲ။

YOPE- ၂၀၀၀ ခုနှစ်ကတည်းက Hip Pop သီချင်းတွေ ရေးလာခဲ့တာဆိုတော့ ၂၀၀၀ ခုနှစ်က ရေးခဲ့တဲ့ သီချင်းတွေနဲ့ ၂၀၁၆ ခုနှစ်မှာ ရေးခဲ့တဲ့ သီချင်းတွေပေါ့နော်။ အဲ့ဒီ Hip Pop သီချင်းတွေက ဘာတွေများ ကွာခြားတယ်လို့ ထင်မိပါလဲရှင့်။

YYC-  ၁၆ နှစ်လောက်ရှိပြီဆိုတော့ လူတစ်ယောက် တော်တော်ဖြတ်သန်းခဲ့ ပြီးပြီပေါ့နော် အဲ့ဒီထဲမှာ ဖြတ်သန်းခဲ့ရတဲ့ အတွေးတစ်ချို့ အတွေ့အကြုံတစ်ချို့ အဲ့ဒီလိုဟာတွေ ပြောင်းလဲသွားမယ်လို့ ထင်ပါတယ်။

 

YOPE-  ဒုတိယမေးခွန်းကတော့ မိသားစု မေးခွန်းပေါ့နော်။ အစ်ကို့ရဲ့ သားနာမည်ကို ဒါးတရန်လို့ သိရတယ်ပေါ့နော်။ ဘယ်လိုရည်ရွယ်ချက်ကြောင့် အဲ့ဒီနာမည်လေး ပေးဖြစ်တာလဲရှင့်။

YYC-  အဲ့ဒါကထူးဆန်းတယ်။ အစ်ကို့ အမျိုးသမီးပေးတာ၊ သားလေးမွေးရင် သူပေးမယ်ပေါ့နော်။ သူအဲ့ဒီနာမည်ပေးမယ်။ အစ်ကိုကကျတော့ သမီးလေးမွေးရင် အစ်ကိုပေးမယ်။ အဲ့ဒီလိုတွေးထားတော့ သူပေးခွင့် ရသွားတာပေါ့။ အဓိက အဲ့ဒီနာမည်လေးက ဘယ်လိုကနေ ဖြစ်လာတာလဲဆိုတော့ ပြင်သစ်မှာ ဘယ်လိုအသံထွက်လည်းဆိုတော့ ဒါးတငြမ် အဲ့လိုထွက်လားမသိဘူး။ အဲ့ဒါကို ချီလီက ဟိုတုန်းကတည်းက အရမ်းကြိုက်တယ်။ အဲ့ဒီနာမည်လေးကို သူကြိုက်တယ်ပေ့ါနော်။ မြန်မာလို မြန်မာမှုပြုပြီးတော့ ကျွန်တော့်နာမည် ရန် ပါတဲ့ဟာ ဒါးတရန် ဆိုပြီးတော့ အဲ့ဒီလိုမျိုး တရန် ဆိုတာလည်း တစ်မဟုတ်ဘူး။ တစ် မဟုတ်ဘူး တ ပဲ။ အဓိကအသံထွက်တွေကို ယူထားတာ၊ အဲ့ဒီနာမည်ကို ကြိုက်လို့၊ ဘာမှလည်း အဓိပ္ပာယ်လည်း မရှိဘူး။ အဓိပ္ပာယ်အရလည်း မရှိဘူးဟိုဘယ်လိုမျိုးမှ မဟုတ်ဘူး။ နေ့နံလည်းမကိုက်ဘူး။ အဲ့ဒီလိုမျိုး ပေးထားတာပါ။

 

YOPE-  နံပါတ်သုံး မေးခွန်းကနည်းနည်း Fancy လေး ဖြစ်မယ်ပေါ့နော်။ အစ်ကို့ဘဝမှာ မြတ်မြတ်နိုးနိုးနဲ့ လက်ဆောင်ပေးခဲ့ဖူးတဲ့ အချိန်တွေရှိခဲ့မှာပေါ့။ အဲ့ဒီလို မြတ်မြတ်နိုးနိုးနဲ့ ဒီအချိန်ထိပေါ့နော် အခုဒီအချိန်မှာ နောက်ဆုံးပေးခဲ့ဖူးတဲ့ မြတ်မြတ်နိုးနိုး လက်ဆောင်က ဘာများဖြစ်မလဲ။ ဘယ်သူ့ကို ပေးခဲ့တာမျိုး ရှိမလဲရှင့်။

 

YYC-  မြတ်မြတ်နိုးနိုးနဲ့ ပေးခဲ့တာဆို လောလောဆယ်တော့ မမှတ်မိဘူး။ သားလေးကိုပဲ ဖြစ်မယ်နဲ့ တူတယ်။ သူ့ကို သူလိုချင်တဲ့ဟာလေးပေါ့နော် အဲ့ဒီလိုမျိုးနောက်ဆုံးကတော့ အစ်ကိုထင်တယ် သားလေးဖြစ်မယ်။

 

YOPE- နံပါတ်လေးမေးခွန်းပါရှင်။ အစ်ကိုတို့ Acid အဖွဲ့က စတင်ခြင်းဆိုတဲ့ တေးစီးရီးထွက်ပြီး ကတည်းက နောက်အခွေထွက်ဖို့အတွက် ပရိတ်သတ်တွေက မျှော်လင့်နေကြတယ် ဒါပေမယ့် အခွေ ထွက်မလာခဲ့ဘူးရှင့်။ အဲ့ဒါဘာကြောင့်ပါလဲ။

 

YYC-  ဘာကြောင့်လဲဆိုတော့ အစ်ကိုတို့ အရင်တုန်းက တော်တော်လည်း ငယ်ဦးမှာပါ။ အစ်ကိုတို့တကယ် အခွေထွက်တေ့ာအ သက်နှစ်ဆယ်တောင် မပြည့်ကြသေးဘူး။ တစ်ချို့က နှစ်ဆယ်ပေါ့နော်။ အဲ့ဒီၤတော့အဲ့လို အချိန်မှာ ဗရုတ်သုတ်ခတွေ ဖြစ်တယ်ပေါ့နော်။ တစ်ယောက်နဲ့ တစ်ယောက် အဲ့ဒီလိုမျိုး ပဋိပက္ခလေးတွေ ရှိသွားတယ်။ အခွေမလုပ်ဖြစ်တာတော့ အဓိကမ အားကြတော့တာ။ ဇေယျာသော်ဆိုလည်း သူရောက်နေတဲ့နေရာနဲ့ သူဒီအလုပ်နဲ့ကျတော့ သူနဲ့ဆန့်ကျင်ဘက်ကြီး ဖြစ်နေတယ်။ ကိုတွိ(အနဂ္ဂ) ကျတော့လည်း သူ့အိမ်ထောင်နဲ့သူ အစ်ကိုကလည်း အိမ်ထောင်နဲ့ဆိုတော့ သီချင်းတော့လုပ်ဖြစ်တယ်။ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း တစ်ချို့ဟာတွေတော့ လုပ်ဖြစ်တယ်။ ဘာမှ တိုင်ပင်စရာ မလိုဘူးကွာ။ အဖွဲ့ဆိုတာကျတော့ အရမ်းအရေးကြီးသွားပြီ။ ဒီတစ်ပုဒ်ထဲကို ကိုယ်ကြိုက်နေပေမယ့် သူတို့ကြိုက်ဦးမှဆိုတော့၊ အဲ့ဒါကြောင့် မလုပ်ဖြစ်နေတာ။ ဒီအတိုင်းကတော့ အစ်ကိုတို့ဟာ အရင်တုန်းကထက် ပိုပြီးတော့ ခင်မင်ဖို့ကောင်းတဲ့ အဲ့ဒီလိုညီအစ်ကိုလို သူငယ်ချင်းလိုမျိုး ဖြစ်နေကြပြီ အခုအချိန်မှာ။

 

YOPE-  နံပါတ်ငါး မေးခွန်းနောက်ဆုံးပါပဲရှင့်။ မြန်မာနိုင်ငံရဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အလုပ်တွေ လုပ်ခွင့်ရမယ်ဆိုရင် အစ်ကိုဘယ်လိုမျိုးများ ကလေးသူငယ်တွေအတွက် လုပ်ပေးချင် ပါလဲရှင့်။

 

YYC-  ဘာတွေများ လုပ်ပေးချင်လဲဆိုတော့ ဒါ ဗြုန်းစားကြီး အမေးခံလိုက်ရတဲ့ဟာဆိုတော့ ကိုယ်နိုင်တဲ့ ဟာလေးပေ့ါနော်။ မနိုင်တာတွေကိုတော့လည်း ဘာဖြစ်ဖြစ် လုပ်မယ်ဆိုပြီးတော့လည်း မဟုတ်ဘူးပေါ့။ ကိုယ့်ကိုတကယ်သာ အဲ့ဒီလိုမျိုး လုပ်ခိုင်းတယ်ဆိုရင်ပေါ့နော် ဘယ်နေရာကို လုပ်ခိုင်းမလဲ။ အိုကေ အဲ့ဒီဟာအတွက် အစ်ကို့ကို လေ့လာဖို့အချိန်ပေါ့နော်။ အစ်ကို တစ်ယောက်တည်းတော့ လုပ်လို့မရဘူး။ အဲ့ဒီလူတွေနဲ့ အစ်ကိုတွေ့မယ်။ ဘာလုပ်ကြမလဲ ဆွေးနွေးမယ်ပေါ့နော်။ ပြီးရင် အဲ့ဒီအတွက် အသားကုန်လုပ်မယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly