အဆုံးထိ တိုက်ပွဲဝင်သွားရန် မိုဆူးလ်မြို့က ဂျီဟတ်ဝါဒီများကို အိုင်အက်စ်ခေါင်းဆောင် ဘဂ္ဂဒါဒီ တိုက်တွန်း

အဆုံးထိ တိုက်ပွဲဝင်သွားရန် မိုဆူးလ်မြို့က ဂျီဟတ်ဝါဒီများကို အိုင်အက်စ်ခေါင်းဆောင် ဘဂ္ဂဒါဒီ တိုက်တွန်း

မိုဆူးလ်၊ နိုဝင်ဘာ ၃ ။                     ။ လွန်ခဲ့သည့် နှစ်နှစ်က ကာလီဖိရ် အစ္စလာမ်မစ်နိုင်ငံတော် စတင်ကြေညာခဲ့သည့် မိုဆူးလ်မြို့တွင်းသို့ အီရတ်တပ်ဖွဲ့ဝင်များ ထိုးစစ်ဝင်ရောက်လာခဲ့ချိန်တွင် ဂျီဟတ်ဝါဒီအကြီးအကဲ အိုင်အက်စ်အဖွဲ့၏ ခေါင်းဆောင် အဘူဘတ်ဘဂ္ဂဒါဒီက ၎င်း၏ တိုက်ခိုက်ရေးသမားများအား ဆက်လက်ခုခံနေရန် တိုက်တွန်းခဲ့သည်။

အိုင်အက်စ်တို့၏ ခေါင်းဆောင် ဘဂ္ဂဒါဒီ၏ ပြောဆိုမှုဟုဆိုသော အင်တာနက်ပေါ်တွင် ထုတ်လွှင့်ခဲ့သည့် အသံဖိုင်၌ ယင်းကဲ့သို့ ပြောဆိုထားခြင်းဖြစ်သည်။ ထိုအသံဖိုင်သည် ယခုနှစ်အတွက် ဘဂ္ဂဒါဒီ၏ ပထမဆုံးသတင်းပေးပို့ချက်တစ်ရပ်လည်းဖြစ်သည်။

“တပ်မဆုတ်ခွာကြနဲ့။ သင်တို့ရဲ့ မြေကို ဂုဏ်ရှိစွာ ဆက်လက်ဆုပ်ကိုင်ထားခြင်းက ရှက်ရွံစရာ ဆုတ်ခွာခြင်းလာခြင်းထက် အဆပေါင်း တစ်ထောင်လောက် သာလွန်တယ်။ မိုဆူးလ်မြို့က လူတွေ အထူးသဖြင့် တိုက်ခိုက်ရေးသမားတွေအနေနဲ့ ရင်ဆိုင်နေရတဲ့ ရန်သူရဲ့ ပျော့ကွက်အားနည်းချက်ကို သတိချပ်ကြ။”ဟု ဘဂ္ဂဒါဒီက ပြောဆိုတိုက်တွန်းသည်။

၂၀၁၄ ဇွန်လအတွင်းက အီရတ်နှင့် ဆီးရီးယားနယ်မြေအများအပြားကို သိမ်းပိုက်ထားနိုင်ပြီးချိန်၌ သိမ်းပိုက်နယ်မြေများအား အစ္စလာမ်မစ်နိုင်ငံတော်အဖြစ် မိုဆူးလ်မြို့၌ ကြေညာချိန်က ဘဂ္ဂဒါဒီသည် ရှားရှားပါးပါး လူမြင်ကွင်းသို့ ထွက်ခဲ့သည်။

ပြီးခဲ့သည့် နှစ်မှစကာ အိုင်အက်စ်သိမ်းပိုက်နယ်မြေများ တစ်ဖြည်းဖြည်း လျော့ပါးလာခဲ့ခြင်းဖြစ်ပြီး အီရတ်တပ်ဖွဲ့များအနေဖြင့် အိုင်အက်စ်တု့ိ၏ အဓိကအမာခံမြေဖြစ်သော မိုဆူးလ်မြို့အထိ ထိုးစစ်ဆင်လာနိုင်ခဲ့သည်။

အမေရိကန်ညွန့်ပေါင်းတပ်ဖွဲ့များနှင့် စစ်လေယာဉ်များ ကျောထောက်နောက်ခံပြုသည့် အီရတ်တပ်ဖွဲ့ ထောင်ပေါင်းများစွာက အောက်တိုဘာ ၁၇ ရက်မှ စကာ မိုဆူးလ်မြို့သိမ်း ထိုးစစ်ကို စတင်ဆင်နွှဲခဲ့ခြင်း   ဖြစ်သည်။

လက်ရှိတွင် မြို့အရှေ့ပိုင်း ဆင်ခြေဖုံးရပ်များသို့ပင် အီရတ်တပ်များက ထိုးစစ်ဝင်ရောက်ထားနိုင်ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly