ဂျပန်က စွမ်းရည်မြင့် ရာသီဥတုစောင့်ကြည့်ရေး ဂြိုလ်တုကို အောင်မြင်စွာ လွှတ်တင်

ဂျပန်က စွမ်းရည်မြင့် ရာသီဥတုစောင့်ကြည့်ရေး ဂြိုလ်တုကို အောင်မြင်စွာ လွှတ်တင်
(ဓာတ်ပုံ - အီးပီအေ)

ဗုဒ္ဓဟူးနေ့က ဂျပန်အာကာသယာဉ် လေ့လာရေးအေဂျင်စီက စွမ်းဆောင်ရည်မြင့် ရာသီဥတုစောင့်ကြည့်ရေး ဂြိုလ်တုတစ်လုံးကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဂြိုလ်တုကို ဂျပန် အနောက်တောင်ဘက် Tanegashima ကျွန်းရှိ အာကာစင်တာမှ ဒေသစံတော်ချိန် ညနေ ၃း၂၀ မှာ အဆိုပါဂြိုလ်တုကို ဂျပန်အာကာသယာဉ် လေ့လာရေးအေဂျင်စီက (JAXA) လွှတ်တင်ခဲ့တာဖြစ်ပါတယ်။

မူလက လွှတ်တင်မယ့် အစီအစဉ်ကို အင်္ဂါနေ့မှာ စီစဉ်ထားပေမယ့် ရာသီဥတုအခြေအနေ မကောင်းတာကြောင့် ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။

အသစ်လွှတ်တင်လိုက်တဲ့ Himawari 9 ဟာ ၂၀၁၄ ခုနှစ်က ပစ်လွှတ်ခဲ့တဲ့ Himawari 8 နှင့် ဆင်တူပြီး ရောင်စုံပုံရိပ်တွေကို ဖမ်းယူနိုင်ဖို့ စွမ်းရည်မြင့်မား တိကျတဲ့ ကင်မရာကို တပ်ဆင်ထားပါတယ်။

အဆိုပါ ဂြိုလ်တုနှစ်လုံးဟာ ကမ္ဘာ့မြေ မျက်နှာပြင်ရဲ့ ပုံတွေကို ၁၀ မိနစ်တိုင်း ရိုက်ယူနိုင်စွမ်းရှိပြီး ၎င်းတို့ရှေ့ ယခုနှစ်လယ်လောက်က လုပ်ငန်းစဉ် ရပ်နားခဲ့တဲ့ Himawari 7 ဟာ မိနစ် ၃၀ တိုင်းသာ ရိုက်ကူးနိုင်ကြောင်း သိရပါတယ်။

Himawari 9 ဟာ မိုးတိမ် လျင်မြန်စွာ ဖွဲ့စည်းပုံကို ဖော်ထုတ်ပေးပြီး ၎င်းက မိုးသည်းထန်စွာ ရွာသွန်းစေခြင်းနှင့် ကြိုတင်သတိပေးစနစ်များ တိုးတက်ဖို့ ကူညီနိုင်မှာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က လွှတ်တင်ခဲ့တဲ့ ဂြိုလ်တုဟာ ၂၀၂၂ ခုနှစ်မှာ Himawari 8 ရဲ့ နေရာကို အစားထိုးဖို့ မျှော်လင့်နေပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly