မကွေးအသင်း တိုက်စစ်မှူး စိုးမင်းနိုင်ကို ရန်ကုန်ယူနိုက်တက်အသင်း ၂ နှစ် စာချုပ်ဖြင့် ခေါ်ယူ

မကွေးအသင်း တိုက်စစ်မှူး စိုးမင်းနိုင်ကို ရန်ကုန်ယူနိုက်တက်အသင်း ၂ နှစ် စာချုပ်ဖြင့် ခေါ်ယူ

မြန်မာနေရှင်နယ်လိဂ် ၂၀၁၇ ဘောလုံးရာသီအတွက် ပြင်ဆင်နေတဲ့ ရန်ကုန် ယူနိုက်တက်အသင်းက မကွေးအသင်း တိုက်စစ်မှူး စိုးမင်းနိုင်ကို ၂ နှစ် စာချုပ်ဖြင့် ရန်ကုန် ယူနိုက်တက်အသင်းက ခေါ်ယူခဲ့တယ်လို့ ကလပ်အသင်း ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

မကွေးအသင်းရဲ့ အသင်းခေါင်းဆောင်နှင့် တိုက်စစ်မှူး စိုးမင်းနိုင်ဟာ မကွေးအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးပြီး ရန်ကုန် ယူနိုက်တက်အသင်းနှင့် လက်တွဲခဲ့တာဖြစ်ပါတယ်။

“ရန်ကုန် ယူနိုက်တက်အသင်းဟာ အောင်မြင်မှုတွေ အမြဲ လိုချင်နေတဲ့ အသင်းပါ။ ဒီကို ပြောင်းလာတာကလည်း ကျွန်တော်ကိုယ်တိုင် အောင်မြင်မှု ရချင်လို့ပါ။ ရန်ကုန် အသင်းကလည်း အစဉ်အလာရှိတဲ့ အသင်းကြီး တစ်သင်းပါ။ ဒီလို အသင်းကြီးကို ပြောင်းလာ ရတဲ့အတွက် တကယ် ပျော်ရွှင်မိပါတယ်”လို့ စိုးမင်းနိုင်က ပြောပါတယ်။

အဆိုပါ တိုက်စစ်မှူး စိုးမင်းနိုင်ဟာ ၂၀၀၈ ခုနှစ်တွင် မြန်မာ့ လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရပြီး မြန်မာနေရှင်နယ်လိဂ် စတင် တဲ့ ၂၀၀၉ ခုနှစ်အချိန်မှ စကာ မကွေးအသင်း ခေါင်းဆောင်အဖြစ် ၈ နှစ် ကစားခဲ့ပါတယ်။

စိုးမင်းနိုင်က “ရန်ကုန်ယူနိုက်တက် ပရိသတ်တွေက ကျွန်တော်ကို အခုလို နွေးနွေးထွေးထွေး ကြိုဆိုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကိုလည်း အားပေးကြပါ။ မြန်မာ နေရှင်နယ်လိဂ်ရဲ့ဆုဖလားကြီးကို ဒီနှစ်ရအောင် အစွမ်းကုန် ကြိုးစားသွားပါ့မယ်”လို့ ရန်ကုန်ယူနိုက်တက် ပရိသတ်များကို ပြောပါတယ်။

Source: ရန်ကုန် ယူနိုက်တက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly