IELTS စာမေးပွဲအတွက်ပြင်ဆင်ခြင်းဆိုင်ရာ အခမဲ့ သင်တန်း British Council တွင် ဖွင့်မည်

IELTS စာမေးပွဲအတွက်ပြင်ဆင်ခြင်းဆိုင်ရာ အခမဲ့ သင်တန်း British Council တွင် ဖွင့်မည်

ရန်ကုန်၊နိုဝင်ဘာ၂ ။            ။ ဗြိတိသျှကောင်စီတွင်  နိုဝင်ဘာလ နှင့် ဒီဇင်ဘာလ အတွင်း IELTS ဖြေဆိုရန် စာရင်းသွင်းသူများသည် စာမေးပွဲအတွက်ပြင်ဆင်ခြင်းဆိုင်ရာ အခမဲ့ သင်တန်းတိုကို တက်ရောက်နိုင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ယခုမှစ၍ ၂၀၁၆ ဒီဇင်ဘာလ ၃၁ ရက်အထိ IELTS သို့မဟုတ် IELTS UKVI စာမေးပွဲအား ဖြေဆိုရန် စာရင်းသွင်းပါက အတွေ့အကြုံရှိ ကျွမ်းကျင်ဆရာမှ သင်ကြားပေးမည့် (၃) နာရီကြာ IELTS အချိန်တို ပြင်ဆင်မွမ်းမံသင်တန်းအား အခမဲ့ တက်ရောက်နိုင်သည်။   

သင်ယူနိုင်မည့်ကဏ္ဍများမှာ  IELTS မေးခွန်းပုံစံနှင့်အကဲဖြတ်ပေးသည့်အပိုင်းများ၊ သိထားသင့်သော အကြံ ပြုချက်များနှင့်စာမေးပွဲဗျူဟာများ ၊ ပြင်ဆင်ရန်လိုအပ်သောအထောက်အကူများဖြစ်သည်။      

သင်တန်းရက်များမှာ ၂ ရက် နိုဝင်ဘာလ - နေ့လည်၂ နာရီမှ ညနေ ၅ နာရီ ၊၂၈ရက် နိုဝင်ဘာလ  နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီ ၊ ၇ရက်  ဒီဇင်ဘာလ  - နေ့လည်၂ နာရီမှ ညနေ ၅ နာရီ ၊၉ရက် ဇန်နဝါရီလ ၂ဝ၁၇ - နေ့လည်၂ နာရီမှ ညနေ ၅ နာရီ၊ ၆ရက် ဖေဖော်ဝါရီလ ၂ဝ၁၇ - နေ့လည်၂ နာရီမှ ညနေ ၅ နာရီ ၊ ၁၃ရက် မတ်လ ၂ဝ၁၇ - နေ့လည်၂ နာရီမှ ညနေ ၅ နာရီ တို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags