အမေရိကန် ရေတပ်ဝင်းအတွင်း သေနတ်သမားတစ်ဦး ဝင်ရောက် ပစ်ခတ်သဖြင့် မရိန်း တပ်သားလေး ဦးသေဆုံး

အမေရိကန် ရေတပ်ဝင်းအတွင်း သေနတ်သမားတစ်ဦး ဝင်ရောက် ပစ်ခတ်သဖြင့် မရိန်း တပ်သားလေး ဦးသေဆုံး

အမေရိကန်နိုင်ငံ တန်နက်စီပြည်နယ် ချက်တန်နိုဂါမြို့ တွင်ရေတပ် အဆောက်အအုံနှစ်ခု အတွင်းသေနတ် သမားတစ်ဦး ဝင်ရောက်ပစ်ခတ်ရာ မရိန်းတပ်သား လေးဦးသေဆုံးပြီး ဒဏ်ရာရသူ များရှိခဲ့သည်။

ယခုတိုက်ခိုက်မှုကို ပြည်တွင်းအကြမ်းဖက်မှုအဖြစ် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ဒေသခရိုင်ရှေ့နေတစ်ဦးက ပြောသည်။

တိုက်ခိုက်မှုတွင် ပစ်သတ်လိုက်ရသည့် သေနတ်သမားမှာ အသက် ၂၄ နှစ်အရွယ်ရှိ မိုဟာမတ်ယူဆက်ဖ် အဘဒူလာဇီဖြစ်သည် ဟု အက်ဖ်ဘီအိုင်ကပြောပြီး ၎င်းသည် အရှေ့အလယ်ပိုင်း ဇာတိဖွားဖြစ်ကြောင်းဒေသတွင်း သတင်းများ တွင်ဖော်ပြသည်။

သမ္မတအိုဘားမားက ယခုတိုက်ခိုက်မှုက စိတ်နှလုံးကြေကွဲဖွယ်ဖြစ်ကြောင်း ပြောပြီး သေနတ်သမားသည် တစ်ကိုယ်တော်ဖြစ် ဖွယ်ရှိကြောင်းပြော ကြားခဲ့သည်။

အဘဒူလာဇီသည် ကူဝိတ်တွင် မွေးဖွားခြင်းဖြစ်သည်ဟု ယူဆပြီး အမေရိကန်တွင်နေထိုင်လာ သည်မှာနှစ်အတန် ကြာပြီဖြစ် သည်။

၎င်းသည် ယခုနှစ်အစောပိုင်းက အရက်သောက်စား ကားမောင်းနှင်မှု ဖမ်းဆီးခဲ့ရဖူးသည်။

တန်နက်စီတက္ကသိုလ်မှ ပြောရေးဆိုခွင့်ရှိသူက အဘဒူလာဇီဆိုသည့် နာမည်နှင့် ကျောင်းသားမှာ ၂၀၁၂ ခုနှစ်က အင်ဂျင်နီယာ ဘွဲ့ရခဲ့ကြောင်း ပြောသည်။ ၎င်းက ကျောင်းမှတ်တမ်းစာအုပ်တွင် ”ကျွန်တော်နာမည်က အမျိုးသားလုံခြုံရေးကို တပ်လှန့်တဲ့ နာမည်ဖြစ်နေတယ်။ ဒီအတွက် ဘာလုပ်ချင်ကြသလဲ။”ဆိုသည့် စာသားကို ရေးသားခဲ့သည်ဟု ဆိုသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly