ရန်ကုန်၊နိုဝင်ဘာ ၂ ။ ။ မြန်မာဘာသာဖြင့် သင်ခန်းစာများ အခမဲ့သင်ယူနိုင်မည့် Burmesehearts.com ဝက်ဘ်ဆိုဒ်ကို မိတ်ဆက်သည့် Burmese Hearts Edtech Conference 2016 ကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ တော်ဝင်ဂါးဒင်း မနက်(၉)နာရီမှ ညနေ (၄)နာရီအထိ ပြုလုပ် ကျင်းပမည် ဖြစ်သည်။
အဆိုပါ မိတ်ဆက်ပွဲ အခမ်းအနားတွင် ဆရာ လင်းသိုက်ညွန့် (Myanmar’s Land) အပါအဝင် ဦးဆောင် ဆရာ နှင့် ဆရာမများက ဟောပြောပို့ချမည်ဖြစ်ပြီး အမျိုးသမီးများ သီးသန့် မိတ်ကပ်ပညာရပ် ၊ စက်ချုပ်ပညာရပ် နှင့် လက်သည်းအလှဆင်ပညာရပ် (Workshop) ကိုလည်း သီးသန့်ခန်းတွင် ပို့ချပေးသွားမည် ဖြစ်သည်။
Burmesehearts.com ဝက်ဘ်ဆိုဒ်သည် နိုင်ငံခြားဘာသာ စကားဆိုင်ရာဘာသာရပ်များ ၊ ကွန်ပျူတာ အခြေခံ အသုံးပြုနည်းများ ၊ Graphic Design ၊ Video Editting ၊ Java နှင့် IT Software များ ၊ Entrepreneurship နှင့် ဆိုင်ရာဘာသာရပ်များ ၊ Makeup Tutorial များနှင့် လူမှုဆက်ဆံရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ကဏ္ဍအသီး သီးကို ပို့ချသင်ပြပေးထားပြီး ၉၉ ရာခိုင်နှုန်းမှာ အခမဲ့ သင်ခန်းစာများ ဖြစ်သည်။
သင်ခန်းစာအများစုသည် ဘာသာရပ်တစ်ခုအပေါ် အခြေခံမှ ကျွမ်းကျင်သူအဆင့်ထိ တတ်မြောက်လိုပါလျှင် အ ခမဲ့ပို့ချသည့် သင်ခန်းစာများအပြင် အခကြေးငွေဖြင့် အသေးစိတ်ပို့ချပေးနေသောသင်ခန်းစာများပါဝင်ကြောင်း ပူးတွဲတည်ထောင်သူ မသီရိမြတ်စန္ဒာက ဆိုသည်။
အွန်လိုင်းသင်ခန်းစာများကို အစမှ အဆုံးအထိ ပြီးမြောက်အောင် လေ့လာသင်ယူခဲ့သူများကို ဝက်ဘ်ဆိုဒ်မှ အ သိအမှတ်ပြု Certificate ကို အွန်လိုင်းမှ ချီးမြှင့်ပေးမည်ဟုလည်း ၎င်းကဆိုသည်။
လက်ရှိတွင် သင်ယူလေ့လာသူပေါင်း (၃၀၀၀၀ )ကျော်ရှိပြီး ၈၅ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှ ဖြစ်ပြီး လေ့လာ သူ အများဆုံးနိုင်ငံများထဲတွင် စင်္ကာပူနိုင်ငံက ဒုတိယဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက တတိယနေရာတွင် ရှိကြောင်း သိရသည်။